ရန်ကုန်တိုင်းဝံကျီးခြုပ် ဦးမြင့်ဆွေဂ မီဒီယာတွေကို ရခိုင်အရေးနဲ့ ပတ်သက်ပီး စည်းကမ်းလိုက်နာဂျဖို့ သတိပေးဂျောင်း သတင်းများမှာ ဖတ်ရဒယ်။ အင်တာနက် ဖေ့ဘွတ် မီဒီယာတွေမှာ သွေးထိုးလှုံ့ဆော်လို့ အခြေအနေပိုဆိုးတာလို့ အပြစ်ဖို့ဒယ်။ မင်းသားဂေါင်းဆောင်းထားတဲ့ ဘီလူးစုတ် မူလရုပ်အသွင် မြင်နေရဘီ။ နဂိုထဲဃမှ မီဒီယာ၊ လူမှုအခြေပြုအဖွဲ့အစည်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို ရမယ်ရှာနေဒါ ရခိုင်အရေးနဲ့ အားလုံးကို ရောကြိတ်တော့မယ်ထင်တယ်။ ဒီအတိုင်းဆို ကချင်အရေးလဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဖို့မမြင်ဘူး။ ရခိုင်မှာ ဖြစ်တာလည်းဖြစ် ကိုယ့်အရေးကိုလည်း မျက်ခြေမပြတ်ကြပါနဲ့။ ရေရှည်အမြင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဂျဗာ။ ရခိုင်ကိစ္စမှာ အခုအချိန်အထိ အမြတ်ထွက်နေသူဂ စစ်တပိုင်းအစိုးမရနဲ့ စစ်တပ်ဖြစ်တယ်။ ဒီမိုကရက်တစ် အတိုက်အခံများ နေရာဝင် မယူနိုင်ဒါ အံ့စရာဗဲ။

ကိုယ်စီးနေဒါ အထီး၊ အမ ဆိုဒါထက် ဘာကောင်ဆိုဒါသိဖို့ အရေးကြီးဒယ်


၁၉၆၂ခုနှစ် ဦးနေဝင်း အာဏာသိမ်းတော့လည်း အစပိုင်း ဟုတ်တုတ်တုတ်ဆိုဒေါ့ အမျိုးသားရေးအမြင်နဲ့ လက်ခုပ်ဝိုင်းတီးလိုက်တာ နောက်ဆုံးတိုင်းပြည် မွဲပြာကျသွားဒယ်။ ၁၉၈၈ခုနှစ် စစ်တအာဏာထပ်သိမ်းဒဲ့အခါ ဟုတ်ချင်ဟုတ်အုံးမယ်ဆိုပီး မျက်စိမှိတ် လိုက်သူတွေ မနည်းမနော။ ဒါနဲ့ဗဲ ကြေးမုံဂျီးအမျိုး တရုတ်ကျွန် ဖြစ်ပြန်ရော။ ၂၀၁၁ခုနှစ် ဦးသိန်းစိန်ဂျီး စစ်တပိုင်းအစိုးမရ အခြေခံဥပဒေအတုနဲ့ မျက်လှည့်ပြ တက်လာဗျံဒေါ့ ပြုပြင်ပြောင်းလဲရေး အခုမှစမှာနဲ့ မျှော်လင့်ဂျဗျံသေးသဗျ။ မိမိတို့ ရပိုင်ရဂွင့် အခြေခံအခွင့်အရေး တောင်းဆို လှုပ်ရှားမှုများ လုပ်တာကိုဗဲ တိုင်းပြည်ဆူအောင်လုပ်တယ် စစ်တပ်အာဏာသိမ်းလိမ့်မယ်နဲ့ အပြင်လောကကို စူးစမ်းလေ့လာနေတဲ့ ခလေးကို ဒေဝေါဂျီးလာလိမ့်မယ်ဆိုပီး ခြောက်လှန့်ဂျဒယ်။
ရခိုင်ကိစ္စ ကြီးကျယ်ဒါ လက်ခံဒယ် သို့သော် စစ်တပိုင်းအစိုးမရ တုံ့ပြန်ပုံကို သတိပြုစောင့်ကြည့်ဂျဗာ။ အခုအရေးကို အကြောင်းပြပီး နောက်ပိုင်းအခွင့်အရေး တောင်းဆိုလှုပ်ရှားမှု၊ သတင်းလွတ်လပ်ခွင့်၊ နိုင်ငံရေး အုပ်ချုပ်ရေး တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို ကန့်သတ်ချုပ်ချယ်လာနိုင်ဒယ်။ သတင်းအမှောင်ချတဲ့ ဖက်ဆစ်အာဏာရှင်ခေတ်မှာ အားလုံးကောင်းပါသည် ဆရာဂျီးဆိုပီး အေးချမ်းဂျင်ယောင်ဆောင်နေပေဗဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားဒေါ့မှ မီဒီယာသမား နိုင်ငံရေးသမားတွေဖွလို့ပါ လုပ်လာရင် အချိန်နဲ့တဗျေးညီ တွန်းလှန်ဂျပါ။ နိုင်ငံအတွင်းရှိ လူမျိုး ဘာသာ ဝါဒ ပေါင်းစုံ အသီးသီးဂလည်း မိမိတို့ အဖွဲ့အစည်းအတွင်း လစ်ဘရယ်အတွေးအခေါ်များ ပျံ့နှံ့စေပီး မတူကွဲပြားသူများ အချင်းချင်း ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး အမြန်ဆုံးထူထောင်ဂျဖို့ တိုက်တွန်းပါ၏..။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး