ကျွန်တော် အခုစာရေးနေရင်း ပြန်ဝင်လာတဲ့ အတွေးနဲ့တင် ကြက်သီးထ မိတယ်။ ဘဝမှာ ဒါမျိုး နှစ်ခါကြုံ ခဲ့ ဘူးပြီ။ လွန်ခဲ့တဲ့ ခွန်နှနှစ်လောက်က အဖြစ်အပျက်လေးပါ။ ရှမ်းပြည်စီမံကိန်း ဆိုက်ခေါင်-နမ့်စန် ရထားလမ်းသစ် ရဲ့ ကုမ်မဏီ တခုမှာ အလုပ်ဝင်ခဲ့တယ်။ တနေ့ ကုန်မနီကလိုအပ်တဲ့ ပျစ်စည်း ဝယ်ဖို့တောင်ကြီး တက်တယ်။ ဟော်တယ်တခုမှာကုမ်မနီ စာရိတ်နဲ့တည်းတယ် ( ဟော်တယ်အမည် မရေးတော့ပါ )။ဒီတကြိမ်နဲ့ဆို သုံးကြိမ်မြောက်ပေါ့။ အရင် နှစ်ခေါက် တုန်းက အခန်းနံပတ်( 1 ) မှာပဲတည်းတည်။ ဒီတခေါက် ကံမကောင်း ချင်တော့ အခန်းနံပတ် ( 1) မရ ပဲ အခန်းနံပတ် ( ၁၈ ) ရတယ်။ နှစ်ယောက်ခန်း။ အခန်းမကျန်တော့ဘူး။။။။ဒီတခန်းပဲရှိတော့တယ် လို့ ဝန်ထမ်းဧည့်ကြိုကပြောတယ်။ ကျွန်တော်က ဒါဆိုနှစ်ယောက်စာပေးရမှာလားမေးတော့ သူကမန်နေဂျာကို မေးပေးမယ်ပြောတယ်။ ကျွန်တော်က တယောက်ထဲ တည်းပီး နှစ်ယောက်စာမကုန်နိုင်ဘူးလို့လည်းပြောခဲ့တယ်။ မန်နေဂျာ အင်းသားကြီး ရောက်လာပီး ကျွန်တော့ကို မှတ်မိပီး နှုတ်ဆက်တယ် ။ပီးတာ့ တယောက်စာပဲ ပေးပါလို့ ပြောတာနဲ့ ကျွန်တော်လည်း အခန်း(၁၈) မှာတည်းခဲ့တယ်။ တညနေလုံး ဈေးဝယ် အခန်းပြန်ပို့နဲ့ ည( ၈ ) နာရီ ကျော်မှ တောင်ကြီး ညဈေး မှာ အပန်း ဖြေ နိုင်တော့တယ်။အရက် နဲ့ပေါ့။ သောက်တယ်။။ ပီးတော့ ရှမ်းခေါက်တပွဲ စားပီး ဟော်တယ် ပြန်တယ်။ အပြန်လမ်းမှာ ဂက် ( စ ) မီးခြစ် တလုံးဝယ်တယ်။ အခန်းရောက်တော့ ည (၁၀ ) နရီ ကျော်ပြီ။ ဒီအချိန်အထိ ဘာ ပြသာ့နာ မှ မရှိ သေးဘူး။ ( ၁၀ ) နာရီ ခွဲ လောက်အိပ် ယာ ဝင်တယ်။ ပင်ပန်းတာ နဲ့ အ ရက် ပေါင်းပီး နှစ်နှစ် ချိုက်ချိုက် အိပ်ပျော်သွားတယ်။

ကျွန် တော့ ကိုယ်ပေါ် လူတ ယောက် တက် ဖိတယ်။ ခန်ဒါ ကိုယ် က အလေးကြီး မှို့ အသက် ရှူ ကြတ်လာတယ်။ တွန်း ဖယ် ဖို့ ကြိုးစားရင်း ကျွန်တော် နိုးလာတယ်။ အိပ်မက်ဆိုးလို့ ထင်ခဲ့တယ်။ ဒါနဲ့ ရေသောက်ပီး ပြန် အိပ်တယ်။ အလွယ် တကူ ပဲ အိပ်ပျော်ခဲ့ပြန် တယ်။ ဟော။။။။ဖိ ပြန်ပြီ။။။။ဒီ တခါ အငြိမ်မနေဘူး။။။။ကျွန် တော့ ကိုယ်ပေါ် တက်ဖိပီး လှုပ်နေတယ်။ အိပတဝက်နိုးတဝက် စိတ်မျိုး နဲ့ သိ နေတယ်။ ဒါနဲ့ ကျွန်တော် မျက်နှာကိုကြည့် ဖို့ ကြိုးစား တယ်။ စောင်ကြီးပတ်ထား တော့ မြတ်နှာက မသဲကွဲ ဘူး။ ပီး တော့ ခန် ဒါကိုကြီး က ရှည်ရှည် လာတယ်။ ခုတင် နှစ်လုံး ကြား က စားပွဲပေါ်တင် ထား တဲ့ မီးခြစ်ဆီ ကို လက်က ယောက် သွား ပီး ည အိပ်မီး မ သဲကွဲတဲ့ မျက်နှာကို မီးခြစ်နဲ့ ခြစ်ကြည့် တယ်။ ခန်ဒါကိုကြီး ရှည်ရှည် သွား လို့ သဲ သဲ ခွဲ ခွဲ မမြင်ရ ပဲ လက် ကို မီး လောင် တယ်။ပကတိ အသိ စိတ် ဝင် လာပီး ခုတင် ပေါ် က ဝုန်းကနဲ ထ ပီး အခန်း အပြင် ထွက် ပြေး တော့ တာ ပဲ။

ဧည့်ကြိုကောင်တာ သွား။။။။ အ ကျိုး အကြောင်း ရှင်း ပြ တော့ ဝင်ထမ်း ကောင်လေး မျက်နှာ မကောင်း တာရယ် ကျွန်တော် ပြောပြ နေတဲ့ အချိန် အထူးအဆန်းကြီး မဟုတ် သလို နားထောင် နေ တာ ကို ကြည့်ပီး အခန်း(၁၈) နဲ့ ပတ်သက်ပီး ကြိုသိထာတဲ့ အကြောင်းအရာ တချို့ ရှိ လိမ့် မယ်လို့ တွေး မိတယ်။ လိုရင်းပြောရ ရင် အဲဒီညက ဧည့် ကြိုကောင်တာ နားမှာ မနက် ( ၃ ) နာရီ လောက် က နေ မိုးလင်းတဲ့ အထိ ဝင်ထမ်း ကောင်လေး နဲ့ စကားထိုင် ပြော နေ ခဲ့တယ်။ သူက ပြောတယ်။။။ အကို။။။ တခြား လူ တွေ ကို မ ပြော ပါ နဲ့တဲ့။။။။သူတို့ ဟော်တယ် နာမည် ပျက် မှာ ဆိုးလို့ ပါတဲ့။။။ အဲဒီ အခန်း မှာ မနှစ် က အခြောက် ကြီး တ ယောက် မူးယစ်ဆေး သုံးရင်း သေ သွားတယ် တဲ့ ဗျာ။။။ ဒါကြောင့် ထင် ပါ ရဲ့ ။။။ နှာခေါင်းထဲ အခြောက် နံ့ ကြီး လည်း ရ နေ ခဲ့တာ။။။.

About YE YINT HLAING

YE YINT HLAING has written 32 post in this Website..