ငါ စာနယ်ဇင်းသမားဆိုပြီး မေးချင်တာမေးလို့မရပါ. ရိုးရိုးလူတွေတောင် သူ့မျက်နှာကိုကြည့်ပြီး မေးရပါတယ်.ဥပမာ..လစာမကောင်းသော အလုပ်ကို မတတ်သာလို့ လုပ်နေရတဲ့သူကို(ကိုယ်ကလည်းအနည်းအကျဉ်းသိပြီးသား) မင်းလစာ ဘယ်လောက်ရလဲဆိုရင် မဖြေချင်ပါ။သမီးလင်နောက်လိုက်လို့ စိတ်ဆိုးနေသော လူကို ခင်ဗျားသမီး ဘယ်သူနဲ့လိုက်သွားလဲ.ဒါမှမဟုတ် ဘယ်သွားလဲ.တဆင့်တက်ပြီး ခင်ဗျားတို့ ကဘာဖြစ်လို့ လွှတ်ထားလဲ မေးရင် ဖြေချင်မှာ မဟုတ်ပါ.နိုင်ငံတော် အကြီးအကဲ တစ်ယောက်ကို ဘယ်လောက်စုမိပြီလဲ.ဆွေစဉ်မျိုးဆက် ဘယ်နှစ်သက် စားလို့မကုန်ဖြစ်နေပြီလဲ.ဘယ်တော့ အနားယူဖို့ စဉ်းစားထားလဲ မေးကြည့်ပါ….
အခုသတင်းထောက်ကို လက်ရှိ ရည်းစားရှိလား၊ ဒီရည်းစားက ဘယ်နှစ်ယောက်မြောက်လဲ၊ ရည်းစားနှင့် တွေ့ရင် ဘာလုပ်သလဲ။ ဒီတယောက်မကောင်းရင် နောက်တယောက်ပြောင်းမှာလား၊ သတင်းထောက်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုစာမျိုးတွေ ဖတ်ဖူးထားလဲမေးကြည့်ပါ…ကိုယ်ချင်းစာလို့ မေးမြန်းတတ်ကြပါစေ

About khin

khin htike has written 1 post in this Website..