အခုတလော သောက်တယုတ် ဆိုပြီး online ပေါ်မှာ ရေးသားတာတွေအတွက်၊ post မရေးဖြစ်တာ ကြာပြီဖြစ်တဲ့အတွက်ရော၊

ကျွန်တော်ကိုယ်တိုင် တရုတ်ဖြစ်နေတာအတွက်ရော၊

ကျွန်တော့ရဲ့ ဒုတိယ post အနေနဲ့ရော အားလုံးပေါင်းပြီး

နဲနဲလောက်တော့ လွတ်လပ်စွာ သဘောထား ကွဲလွဲကြည့်ချင်ပါတယ်။ အမှားပါရင်လဲ ခွင့်လွှတ်ဖို့ ကြိုတောင်းပန်ချင်ပါတယ်

ဖြစ်ပုံကို မှတ်မိသလောက်ဆိုရင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ပြီးမကြာဘူး မြန်မာအစိုးရနဲ့ တရုတ်တို့ရဲ့

ဆက်ဆံရေး တိုးတက်လာမှုက စတယ်လို့ ဆိုရမှာပဲ (ဒါက ကျွန်တော့အမြင်ပါ)

တရုတ်တွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှပ်နှံရာကနေ စတင်လာခဲ့တာပါ

ဟုတ်တော့လဲ ဟုတ်ပါတယ် တရုတ်တွေရဲ့ လာရောက်ရင်းနှီးမြှပ်နှံမှုက လူတွေ အမြင်ကတ်စရာကို ကောင်းလောက်တာကိုး

အနီးဆုံးအားဖြင့် မန္တလေးမြို့တော်ဟာ တရုတ်လူမျိုး များပြားလာတဲ့ မြို့တော် ဖြစ်လို့လာပါတယ်

အဲ့ဒီအတွက်လဲ နေရာတိုင်း တရုတ်၊ အစိုးရ project မှာလဲ တရုတ်၊ စီးပွားရေးဈေးကွက်မှာလဲ တရုတ်၊ ဟိုနေရာ တရုတ် ဒီနေရာ တရုတ်ဆိုတော့

ကြာလာတော့လဲ အမြင်ကတ်လာရာကနေ တယုတ်ဖြစ်လာခဲ့တာပါပဲ

သောက်တယုတ်ဆိုပြီးတော့ မပြောသင့်ဘူးလို့ ထင်ပါတယ်

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာတင်မဟုတ်ပါဘူး

နိုင်ငံတစ်ခုက တစ်ခြားနိုင်ငံခြားတိုင်းပြည်မှာ လာရောက်ရင်းနှီင်္း လာရောက်ရင်းနှီးမြှပ်နှံပြီဆိုကတည်းက အလှူအတန်းလုပ်ဖို့ ရောက်လာတာ မဟုတ်ပါဘူး

ကိုယ်ကျိုးအတွက် သူများနိုင်ငံမှာ စီးပွားလာရှာတာပါ ဒီ့အတွက် သူတို့အနေနဲ့ ရနိုင်သလောက် ရအောင် အများဆုံးယူပြီး

တတ်နိုင်သလောက် လုပ်အားခအပါအ၀င် လျော့နိုင်သမျှ လျော့ပြီး ပေးနိုင်ဖို့ကိုပဲ စဉ်းစားမှာပါ

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအနေနဲ့ project တစ်ခုရဖို့ အစိုးရကို ရှယ်ယာဘယ်လောက်၊ percent ဘယ်လောက်ဆိုပြီး ပေးရတာတွေလဲရှိတော့

ဘယ်သူလွန်တယ်ဆိုတာကို မပြောလိုပါဘူး

ဥပမာအားဖြင့် Apple Company က တရုတ်နိုင်ငံမှာ စက်ရုံထောင်ပြီး

idevice ပေါင်းစုံ ထုတ်လုပ်တယ် တရုတ်အလုပ်သမားတွေရော US ကရတဲ့ အလုပ်သမားလစာအတိုင်း ရကြပါလား။ မရပါဘူး။

ကျွန်တော်ဒီလို ရှင်းပြတယ်ဆိုတာ တရုတ်ကို ထောက်ခံအားပေးတာမဟုတ်ပါဘူး နိုင်ငံခြားက လာရောက်ရင်းနှီးမြှပ်နှံမှုကို ပြောတာပါ။

အခုဆိုရင် ရင်းနှီးမြှုပ်နှံရန် လမ်းဖွင့်ပေးလိုက်ပါပြီ

ဒီတော့ မကြာခင်မှာ တရုတ်တင်မကပါဘူး မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံရင် အကျိုးအမြတ်ရှိမယ်ဆိုပြီး တွက်ခြေနဲ့လာရောက်မယ့် နိုင်ငံတွေ အများကြီးပါ

အဲ့ဒီအချိန်ကျမှ သောက်ကုလား၊ သောက်တရုတ်၊ သောက်ဂျပန်၊ သောက်ကိုရီးယား၊ သောက်အမေရိကန်၊ သောက်ယိုးဒယား၊ သောက်ဥရောပ ဆိုပြီး ဖြစ်လာဦးမှာပါပဲ။

အရေးအကြီးဆုံးက အဲ့ဒီ သောက် တွေမဟုတ်ပါဘူး

ရသင့်ရထိုက်တဲ့ အခကြေးငွေတွေ အစိုးရဆီရောက်ပြီး အစိုးရကလဲ clean government ပီသစွာ ကိုယ်ကျိုးမဖက်ပဲ ရလာတဲ့ငွေကြေးတွေနဲ့ တိုင်းပြည်တိုးတက်ဖို့အတွက် အသုံးပြုခဲ့မယ်ဆိုရင်

ကျွန်တော်တို့နိုင်ငံဟာ မလွဲမသွေ တိုးတက်လာမှာပါ

ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကလဲ ဘယ်သူတွေ လာရောက်ရင်းနှီးမြှပ်နှံသည်ဖြစ်စေ

အရေးအကြီးဆုံးက တိုးတက်တဲ့နီုင်ငံတစ်ခု ဖြစ်လာဖို့ပဲ မဟုတ်လား

အခုတော့လဲ သောက်တရုတ်ဆိုပြီးတော့ ရှိစေဦးတော့ကွယ် :P

 

လွပ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိခြင်းကြောင့် သဘောထားခြင်းမတိုက်ဆိုင်သူများလဲ လွပ်လပ်စွာ ဆဲပိုင်ခွင့် ရှိပါကြောင်း :D

 

 

 

About winkhant

Win Khant has written 2 post in this Website..

လူတိုင်း လွတ်လွပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ သဘောမတူတာ တူတာ လွတ်လွပ်စွာ သဘောထား ကွဲလွဲခွင့်ရှိသည်။ မှားနေပါကလည်း လမ်းမှန်ရောက်အောင် အကြံပေး၊ ဖြောင်းဖြပြောဆိုယုံကလွဲ၍ တပါးသူ၏ လွတ်လပ်ခွင့်ကို စော်ကားပိုင်ခွင့်မရှိ