ပူအိုက်သောခံစားချက်အာရုံနဲ့ အတူကျွန်မနိုးထလာပါတယ်။ နာရီကို ကြည့်မိတော့

မနက် ၂ ရီကျော်ကျော်ရှိနေပါပြီ။ နွေရာသီရဲ့ ပူအိုက်တဲ့ခံစားချက်နဲ့အတူ အပြင်ဘက်

ကို လှမ်းကြည့်မိလိုက်တယ်။ ဒီနေ့ လပြည့်ကျော် ၂ ရက်နေ့မို့ အပြင်ဘက်မှာလကြီးက

ထိန်ထိန်သာလို့နေပါသည် ။ပူလိုက်တာ ပြောမနေပါနဲ့လေ။ အရေးထဲ မီးကလည်းထုံးစံ

အတိုင်းမလာတော့ ပန်ကာလဲဖွင့်လို့မရ ဆိုတော့ကာ ကိုယ့်အားကိုယ်ကိုးကာ မိမိပိုင်တဲ့

လက်ကိုပဲ အသုံးပြုပြီး ယက်တောင်ကိုခပ်ပြင်းပြင်းလေးခတ်နေမိတာပေါ့။ အဲပြောရင်း

ရေကငတ်လာပြန်ပြီတော်။ ရေသောက်ဖို့အိမ်အောက်ထပ်ကို ဆင်းရဦးမယ်။ညထဲကလို

ရမယ်ရ ဆိုပြီးညီမက ပေးထားတဲ့လက်နှိပ်ဓါတ်မီးလေး အားကိုးနဲ့အိမ်အောက်ထပ်ကို

ဆင်းလာခဲ့ပါတယ်။ အိမ်သားအားလုံး

အပေါ်ထပ်မှာ အိပ်ကြတာဆိုတော့ အိမ်အောက်မှာကခြောက်ခြောက်သွေ့သွေ့ပေါ့။

အေးမလားလို့ ရေခဲသေတ္တာထဲက ရေတစ်ပုလင်းထုပ်ပြီးမော့ချလိုက်မိတော့ မီးပျက်နေ

တာကြာသွားလို့ထင့် ရေနွေးတမျှပူသောရေပူတွေက လည်ချောင်းထဲကိုစီးဝင်သွားကြ

သည်။

ဒါနဲ့ ရေအိုးစဉ်ကရေလေးကိုပဲ နှစ်ခွက်လောက်ဆင့်သောက်ပြီး အိမ်အပေါ်ထပ်ကို ပြန်

တက်ရန်ပြင်လိုက်စဉ်……….

ဝုတ်…….ဝုတ်..ဝုတ်ဝူးးးးးးးးးးးးးးးးးးးးးး

ပြင်းပြင်းထန်ထန်ထိုးဟောင်နေသည့် ငကျားရဲ့အသံကိုကြားရတော့ လှေကားတစ်ပေါ်

ခြေလှမ်းရန်ပြင်နေသည့်ကျွန်မ ခဏငြိမ်ကာနားစွန့်နေလိုက်မိသည်။ ငကျားဆိုသော

ခွေးက ဒီတစ်လမ်းလုံးကမွေးထားသော လမ်းခွေးလို့ခေါ်ရင်ရနိုင်သောခွေးပါ။ ဘယ်က

ဘယ်လိုရောက်လာမှန်းမသိသော ငကျား၏မိခင်ခွေးမကြီးသည် ငကျားတို့ခွေးမောင်နှမ

ငါးကောင်အား သည်လမ်းထဲတွင်မွေးကာ အဆိုပါခွေးလေးတွေသွားနိုင်လာနိုင်အချိန်

လောက်မှာ ကိုယ့်ဘာသာပဲထွက်သွားတာလား၊ တစ်နေရာရာမှာပဲသေဆုံးသွားတာ

လား မသိပဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါသည်။ အဆိုပါငကျားတို့ခွေးမောင်နှမငါး

ကောင်လည်း ဒီလမ်းထဲမှာရှိတဲ့ လမ်းသူလမ်းသားတွေက ထမင်းကျန်၊ဟင်းကျန်လေး

များကျွေးကာအသက်ဆက်စေခဲ့ပေမဲ့ ငကျားနဲ့သူ့ညီမမိနက်နှစ်ကောင်သာအသက်

ရှင် ကျန်ရစ်ခဲ့ရှာပါတယ်။ ငကျားကလည်း  လမ်းသူလမ်းသားတွေအပေါ်တာဝန်ကျေရှာ

သည်။ တစ်ညလုံးမအိပ်မနေ လမ်းအတွင်းကင်းလှည့် သွားလာနေတတ်သည်။

လူစိမ်းသူစိမ်းတော့  ညဘက်ညနေဒီလမ်းကို ဖြတ်ဖို့မစဉ်းစားလေနဲ့ငကျားရဲ့အကိုက်ကို

မခံရတောင် အနဲ လေးအဟောင်တော့ခံရမှာအသေအချာပါ။ အဆိုပါငကျား၏စူးစူး

ဝါးဝါး ထိုးဟောင်နေသံကြောင့်

ကျွန်မလည်း အပေါ်ထပ်ကိုမတက်ဖြစ်တော့ပဲ တံခါးမကြီးကိုဖွင့်ကာ အပြင်သံပန်းတံခါး

မှ လမ်းမကြီးဘက်ကိုငဲ့ပြီးကြည့်မိပါတယ်။ လမ်းမကြီးဘက်  နှစ်အိမ်ကျော်ကျော်လမ်း

ဆုံအနီးမှာတော့ လရောင်နဲ့အတ ူလူလိုလိုတစ်စုံတစ်ယောက်ရပ်နေပြီး ထိုအရာကို

ကြည့်ကာ အသဲအသန်ဟောင်နေသောငကျားပါ။ ထူးဆန်းတာက အခြားသူတစ်

ယောက်ယောက်သာဆို ဟောင်ရင်းခြောက်ရင်းနဲ့အနားကိုတိုးပြီးဟောင်တတ်တဲ့ငကျား

တစ်ကောင်ဟာ ခုကြတော့အနားကမဟုတ်ပဲ နှစ်အိမ်ကျော်လောက်ဝေးတဲ့နေရာကနေ

အသဲအသန်ဟောင်နေတာပါ။ ဒါနဲ့ကျွန်မလည်း သူခိုးလား၊ ဘာလားဆိုပြီးငကျားထိုး

ဟောင်နေတဲ့ ထိုအရာကိုကြည့်နေမိရာက…………..

လရောင်နဲ့ လူတစ်ဦးပုံသဏ္ဍန်အဆိုပါအရာသည် တစ်ဖြည်းဖြည်းပို၍ ပို၍ရှည်ရှည်လာ

သလိုမို့ ငါများမျက်စိမှားတာလားဆိုတဲ့ အတွေးနဲ့သေသေချာချာကြီးကြည့်မိလိုက်ချိန်

မှာတော့………….

အထင်မှားတာ၊ အမြင်မှားတာမဟုတ်ပဲ အဆိုပါသဏ္ဍန်သည် တစ်ဖြည်းဖြည်းရှည်၍ရှည်

၍ လာရာ လရောင်အောက်တွင်အနီးအနားက အုန်းပင်နီးပါးရောက်အောင်ရှည်လာပြီး

ဆက်ပြီးလည်းပို၍ပို၍ရှည်လာတာကြောင့် …ဒါ…..ဒါ……သရဲခြောက်တာပ..သရဲ

သရဲ…….ဆိုတဲ့အသိနဲ့  ကျွန်မလည်းတစ်ကိုယ်လုံးကြက်သီးတွေထလာ ကာ

တံခါးကိုအမြန်မိတ်ကာ အိမ်အပေါ်ထပ်ကိုအပြေးတက်လာပြီး ပူလွန်းသောနွေရာ

သီကို အန်တုကာစောင်ကိုခေါင်းမြီးခြုံထားလိုက်ပါတယ်။ အကြောက်တရားဆိုတာ ကြုံ

ဘူးသူတွေမှာသာ သိကြမှာပါ။ ကျွန်မတစ်ကိုယ်လုံးပူလောင်အိုက်စပ်ပြီး ချွေးဒီးဒီးကျနေ

ပေမဲ့စောင်လိုလဲ မလှပ်ရဲပဲအဆိုပါအုန်းပင်လောက် အကောင်ကြီးများကျွန်မနားကို

ရောက်နေမလား ဆိုတဲ့စိတ်နဲ့ရင်တွေတုန်၊ ခေါင်းတွေမူးကာ တစ်ညလုံးအိပ်လို့မပျော်

နိုင်တော့ပဲ ညတာရှည်လွန်းလှတ ဲ့ထိုတစ်ည ကိုဖြင့်ကျွန်မဘဝမှာ မေ့လို့မရခဲ့တာအမှန်

ပါပဲရှင်။

 

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

 

 

 

About may flowers

may flowers has written 61 post in this Website..