လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ် နော် .. ဒါကြောင့် ..

ကျွန်တော်တို့ ၁၀ တန်းမှာ သင်ရပါတယ်

သက်ရှိ သတ္တ၀ါတွေ ကို Membrane တစ်ခုပါတဲ့ Cell နဲ့ ပြုလုပ်ထားတယ်

သက်ရှိ သစ်ပင်တွေကို Membrane နှစ်ခုပါတဲ့ Cell နဲ့ ပြုလုပ်ထားတယ် .. မှန်ပါတယ်နော် ..

ဘယ် Organ ဘယ် Tissue မဆို အခြေခံက Cell ပါဘဲ

သက်ရှိတိုင်းရဲ့ အခြေခံက Alive Cell (အသက်ရှိတဲ့ ဆဲလ်) တွေလို့ အလွယ်မှတ်လို့ရတယ်ပေါ့နော ..

သစ်ပင်လည်း ငယ်ရာကကြီးတယ် .. သတ္တ၀ါလည်း ငယ်ရာကကြီးတယ် ..

သစ်ပင်လည်း လှုပ်ရှားတယ် (မသိမသာပေါ့) .. သတ္တ၀ါလည်း လှုပ်ရှားတယ် (သိသိသာသာ) ..

သစ်ပင်လည်း တနေ့ သေတယ်  .. သတ္တ၀ါလည်းတနေ့ သေတယ် ..

ဒါဆိုရင် သစ်ပင် မှာလည်း အသက်ရှိ တယ်လို့ကောက်ချက်ချလို့ရတာပေါ့ ..

သစ်ပင်က နေရောင်ခြည် နဲ့ မြေကြီးက အစာအာဟာရကို ရယူပါတယ် ..

သတ္တ၀ါတွေက သက်ရှိတွေကို စားသုံးပြီး အာဟာရ ယူပါတယ် ..

ဒါဆို ဘယ်သတ္တ၀ါမှ သက်မဲ့ပစ္စည်း တွေကိုစားသုံးပြီး အသက်မရှင်နိုင်ဘူး ပေါ့နော ..

လူသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ လည်း သူများအသက်တွေကို စတေးပြီး အသက်ရှင်နေတာလို့ အလွယ်ကောက်ချက်ချလို့ရ ပါတယ် ..

ဒီမှာ အရင်ကနားလည်ပြီး ယခုနားမလည်တော့ တာက .. သားသတ်လွတ်စားတယ် ဆိုတာကိုပါ ..

အရင်က အသက်ဆိုတာ သတ္တ၀ါမှာဘဲရှိတယ် .. လို့ယူစမိ ပါတယ် .. ဒါကြောင့် လက်ခံပါတယ် ..

အသက်ဆိုတာ သတ္တ၀ါမှာတင် မကပါဘူး သစ်ပင်ပန်းပင်၊ Virus၊ Bacteria တွေမှာလည်း အသက်ရှိတယ်ဆိုတာ သိလာရတဲ့နောက်ပိုင်း .. ယခု အချိန်ပေါ့ .. သားသတ်လွတ်စားတယ်ဆိုတာ .. ဘယ်လိုတုံးလို့ .. မေးမေးမိတယ် အဖြေကတော့ထွက်မလာပါဘူး .. !

သားသတ်လွတ်စားတဲ့သူတွေက သတ္တ၀ါ အသားကိုတော့ မစားသုံးကြပါဘူး .. ဒါပေမယ့် သက်ရှိဖြစ်တဲ့ သစ်ပင်ပန်းပင်လေးတွေရဲ့ အသားကိုတော့ စားသုံးနေကြပါတယ် ..

ဘာကြောင့်ပါလဲ .. ?

လူတွေက ဘာဖြစ်လို့ သတ္တ၀ါတွေရဲ့ အသက်ကို သတ်တာကို ငရဲကြီးတယ်လို့ ယူဆရတာပါလဲ .. ?

လူတွေက ဘာဖြစ်လို့ သစ်ပင်တွေရဲ့ အသက်ကို သတ်တာကို ငရဲမကြီးဘူးလို့ ယူဆရတာပါလဲ .. ?

ငရဲကြီး မကြီး ကို ဘယ်သူကများ သတ်မှတ်ထားတာပါလဲ .. (လူသား အပပေါ့ .. ) .. ?

ကောက်ချက်ချလို့ရတာ က ..
သတ္တ၀ါတိုင်းဟာ .. တနေ့တနေ့ သူများအသက်ကို သတ်သတ်ပြီး အသက်ရှင်နေရတဲ့ သူတွေပါ .. ဟိုး အူဝဲကစလို့ .. ဟိုး ဂူထဲရောက်သည်အထိ မသေမချင်း သူများအသက်တွေကို စတေးပြီး တနေ့တနေ့ အသက်ရှင်နေရတဲ့သူတွေ ပါ .. ဒီတော့ .. သတ္တ၀ါမှန်လျှင် (လူသား အပါအ၀င်) သူတော်စင်မရှိပါဘူး  ..

တကယ့်သူတော်စင်တွေက .. သစ်ပင်ပန်းမန်တွေပါ …

ဒီတော့ သူတော်စင် စစ်စစ် တွေကို ကိုးကွယ်ချင်သပဆိုလျှင် ..  .. … . ! ! !

 

လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ် ” ..

About Passing By

simon one has written 8 post in this Website..

ခရီးသွား နေသည်။