ကဲလူစုံအတက်ပညာစုံတဲ့ ရွာသူရွာသားများခင်ဗျား
Electrical ပိုင်းနဲ့ပက်သက်ပြီး အကူအညီတောင်းချင်လို့ပါ။ အပြင်မှာလိုက်ဝယ်ရင် ရနိုင်ပေမယ့် ကိုယ်တိုင်လုပ် DIY လေးအဖြစ်ရော ဖတ်မိတဲ့သူတွေအတွက် နည်းပညာဗဟုသုတလဲရအောင်လို့ပါ။
ဒီလိုပါ….
ကျတော့်ငါးကန်မှာ လိုက်တင်အလှဆင်ဘို့အတွက် LED ရောင်စုံမီးသီးလေးတွေကို Seriesတွဲချင်လို့ပါ။ Aquarium Lighting Lamp တွေကိုဆိုင်တွေမှာ တင်ရောင်းတာရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကန်နဲ့ မကိုက်တာရယ်၊ အရောင်ရွေးစရာများများမရှိတာရယ်၊ ဈေးကြီးတာရယ်၊ အထူးသဖြင့် စိတ်ဝင်စားသူအားလုံး သူများနိုင်ငံကလုပ်ရောင်းတာကိုမဝယ်ပဲနဲ့ကိုယ်တိုင် လုပ်သုံးတက်အောင်လို့ပါ။
လုပ်ချုင်တာက…..
a- LED (ပုံမှန်) အလုံး ၂ဝ လောက်ကို Series တွဲချင်ပါတယ်
b- AC Power သုံးချင်ပါတယ်
(မှတ်ချက်။ ပုံမှန် ဓါတ်မီးသုံး ဆိုင်ကယ်သုံး LED တွေက DC လို့သိထားပါတယ်)

သိချင်တာက……
အစအဆုံး.:D..အထူးသဖြင့်
၁- LED voltage ဘယ်လောက်အတွက် ကြားခံပစ္စည်း မည်သည့်အရာ(များ)ကို မည့်သို့တွက်ချက် ထည့်သွင်းရမလဲ
၂- ချိတ်ဆတ်ပုံ ချိတ်ဆတ်နည်း
၃- တစ်ခြားလိုအပ်ချက်များ….

ဆိုင်တွေမှာတင်ရောင်းတဲ့ Adaptor တော့ဝယ်မသုံးချင်ပါ။ မိမိသုံးလိုသည့် LED အရေအတွက်နှင့်ကိုက်မည့်မဟုတ်။ နည်းပညာမသိရတဲ့အတွက်ပျက်လျှင် အသစ်ထပ်ဝယ် သံသရာထည်းမှာပဲလည်နေရပါလိမ့်မယ်။

ကဲ…
ဆရာကြီးများ…
အချိန်ရလို့ အားရင် စိတ်ပါရင်
ကျေးဇူးပြုပြီး ပညာတွေ ဝေမျှပေးဦးပါနော် :D

About evolution

has written 10 post in this Website..