ဒီည…ပေါ့

ငိုမရ  ရယ်မရနဲ့ …..ရှင်မ ရေ

ရင်ဝမှာ ဆို့ နေတဲ့…အတ္တ

အထင်ကရ  ကျန်ခဲ့တာက

ဝေဒနာ…..ဆိုတာ

သေ ချာ ခဲ့ပြီ  ပ………..

 

မြင်သမျှ  အရာရာဟာ..

စိတ်အလွှာ ကို

လိပ်ပြာ မလုံ  စေတော့…

ကြိတ်ခံ ရုံ ပ……..

ဘ ၀ဆိုတာ..

အချို သကာ ဆမ်းပြီး..

မာ ယာ နဲ့ ထောင်ဖမ်း…

အိမ်မပြန်ချင်လောက် အောင်…

လွမ်း စရာ ကောင်းလွန်း နေခဲ့ပြီ တဲ့လား…

 

အိပ်ပျက် ညများမှာဆို

ရှင်မ  ရေ…………

လိုအပ် ချက် များစွာနဲ့ ..

ပြိုပျက် အက် လို့ 

ငါ့  အခက်အခဲ တွေ…

ည လက်သည်းတွေ နဲ့ …

အကုတ်အခြစ်ခံ….

ဝင်သက် ထွက်သက် တွေ

မူ မမှန် ချင်တော့ဘူး………

 

ရှင်မ  ရေ..

ရင် တမမ နဲ့ …မျှော်လင့်ချက်

အကြင်နာ တရားရဲ့…အစွန်းတစ်ဘက်မှာ

နင်  ရပ်မနေပါ နဲ့  တော့…

ရွှေရောင် မလက် တဲ့…ဘ၀မှာ

နေ အရောင် ဟပ်တယ် ဆိုရုံ နဲ့ ..လုံခြံ

တစ်ကယ်တော့….အိမ်ထောင်ဖက် ဆိုတာ…

ရှင်မ  ရေ…………

ငါ ရေးနေတဲ့….ကဗျာတစ်ပုဒ်ထက်…

ပို မို လေးနက် တယ် ထင်ရဲ့…။။။။

 

About maung khinmin

maung khinmin has written 85 post in this Website..