လူမဟုတ်သောရောဂါ (၂)

“…….. လူမဟုတ်သောရောဂါ….(၂)……..”

လူနဲ့ရောဂါကို

အလိုတစ်မျိုးနဲ့ အတူထားလိုက်ကြရင်

ခေါင်းကိုက်တာပျေက်ဖို့

လူကိုဖျောက်ရမလိုဖြစ်မှာ….ဆိုတော့….

စဉ်းစားကြ…

လူတွေစဉ်းစားကြ…။

အိမ်ပေါ်ကဆင်းတုန်းက..လူ

အိမ်တွင်းပြန်ဝင်တော့…ကိလေသာ

အိမ်သားတွေနဲ့ဆက်ဆံတော့…ကံမှား…

အခန့်သားမသိသလိုနဲ့

မရှိယောင်ဆောင်တာက…အနုသယ….ဆိုတော့…။

ခုဘဝမငြိမ်းနိုင်ဘူးဆိုရင်

လူကိုအုပ်(မရှိ)ထားပြီး

ဘာကိုအားထုတ်ရမှာလဲ…

ကဲ…ပြော…။

ရောဂါဆိုတာကလည်း

ခပ်ကဲကဲဆိုရရင်…

လူတွင်မှကင်းတာမဟုတ်တာပဲ..။

အဲဒီတော့…

သပ်သပ်လည်း..ထားလို့မဖြစ်

သီးခြားလည်း..ပြုလို့မရပါဘူး…ပေါ့…။

ဒါပေမယ့်…ခုတရားတွေက

လူမရှိမှအေးငြိမ်းမှာ..တဲ့

ဘေးတိမ်းမယ့်စကားဖြစ်ရင်တော့

ရင်ကောဖြတ်သန်းခဲ့တဲ့ဘဝကို

ဒေါသဖြစ်မိသား…။

ပြောပါရစေဗျာ….

နိဗ္ဗာန်ဆိုတာ…မြင်စရာ၊ ကြားစရာတွေတကယ်ချုပ်မှရမယ့်အရာလား…..

ဒါဆိုရင်...သေမှရမှာဆိုတော့….တရားဂုဏ်တော်(၆)ပါး..ဘယ်နားသွားထားမလဲ…။

စဉ်းစားကြ…လူတွေစဉ်းစားကြ…။

ဗုဒ္ဓကရောဘယ်လိုပြောထားသလဲ..?

ကိုယ်တိုင်ကတော့…နိဗ္ဗာန်ဆိုတာကို

ဒီလူကောင်ကြီးနဲ့ တစ်လက်မတောင်မကွာဘူးဆိုတာကို သက်ဝင်သူဖြစ်တယ်လေ..။

(ကိုယ့်ခံယူချက်ပါ)

ကဲ……..

ဘယ်ခန္ဓာငြိမ်းလို့…ဘယ်လိုလူတွေငြိမ်းကြမှာလဲ…..

(တကယ်တော့….တရားဆိုတာလူသေမှရမယ်ဆိုတာကိုသာ ကန့်ကွက်ချင်တယ်ပေါ့ဗျာ..)