ခုလိုရေခြားမြေခြား အိမ်နဲ့ဝေးရာကိုရောက်နေတော့ အိမ်ကိုလွမ်းတဲ့စိတ်ကဖြေဖျောက်မရ……..

ဘယ်နေရာကိုပဲကြည့်ကြည့် သစ်ပင်တွေ တောင်တန်းတွေပဲမြင်နေရတော့လွမ်းတဲ့စိတ်ကပိုဆိုးလာသလိုလို….

သစ်ပင်တောင်တန်းတွေကိုငေးမောရင်း      လွန်ခဲ့တဲ့ ငါးနှစ်လောက်ကအဖြစ်ပျက်လေးတစ်ခုကိုသတိရလာလိုက်တာ….

၁ဝတန်းနှစ်ကပေါ့… ရှင်းသန့်တို့ရွာနဲ့၂မိုင်ဝေးတဲ့ရွာလေးမှာကျောင်းတက်ရတယ်လေ  အသွားအပြန်ပင်ပန်းတာနဲ့ဆိုတော့

ကျောင်းလိုက်တဲ့ရွာမှာပဲသူငယ်ချင်းတွေနဲ့အိမ်ငှားနေဖြစ်ကြတယ်လေ……..ရွာကလူတွေနဲ့လဲခနတိုင်းတွေ့ရတယ်

လိုတာရှိရင်လဲလှမ်းမှာလို့လွယ်တယ်လေ….၉တန်းမှာတက်နေတဲ့ညီမတွေရှိတာကိုး….ဒါပေမယ့်  အိမ်ကိုပြန်ချင်တာပဲလေ

တစ်နေ့ပေါ့ ရွာ ကျောင်းမှာဆုပေးပွဲရှိတယ်လေ…. ရွာကိုမပြန်ရတာလဲကြာပီ… စိတ်ထဲမှာကြိတ်ပျော်နေတာပေါ့   ငါ ကျောင်းဆုပေးပွဲနေ့ကျရင်တော့

ရွာကိုပြန်ရတော့မယ်ဆိုပြီး……..အဲဒီနေ့ကကျောင်းပိတ်တယ်လေ…ကျူရှင်တော့ရှိတာပေါ့   စိတ်ထဲမှာတော့ နက်ဖြန်ရွာပြန်ရတော့မယ်ဆိုပီးပျော်နေလိုက်တာ…

ဆရာ့ဆီကိုခွင့်တောင်းတာပေါ့….. ဆရာကလဲမပြန်ရဘူးတဲ့လေ… လိုတာရှိရင်ပြောတဲ့လေ..အပျော်တွေဘယ်ရောက်သွားမှန်းမသိလိုက်တော့ဘူး အဲဒီနေ့ကစာသင်ရတာလဲ

ဘာမှန်းမသိလိုက်ဘူးလေ…. ဆရာ့ကိုလဲစကားသိပ်မပြောတော့ဘူး  …နောက်နေ့ကျ စိတ်မပါတစ်ပါနဲ့ ကျူရှင်ကိုသွားခဲ့တယ်လေ  အချိန်ကနဲနဲစောနေတော့ ကျောင်းသား/သူတွေ

အကုန်မရောက်သေးဘူးလေ   ဒီတိုင်းပဲစာထိုင်ကြည့်နေလိုက်တယ် အဲဒီချိန်မှာပဲ   ” ကျနော့်စိတ်က ရေဝေးပန်းနယ်  အမေနဲ့ရွာကိုလွမ်းတယ်..” ဆိုတဲ့သီချင်းသံကိုလဲကြားလိုက်ရော

မျက်ရည်ကျမှပဲ ကိုယ့်ကိုယ်ကိုသတိထားမိလိုက်တယ်လေ  ဆရာကလဲငိုနေတာကိုမြင်သွားတယ်လေ   နောက်ပီးပြောသေးတယ် တကယ်ပြန်ချင်တာလားတဲ့….ဆရာကမသိလို့တဲ့

သီချင်းသံအတိုင်း စနေလိုက်သေးတယ် ”  သမီးစိတ်ကရေးဝေးပန်းနယ် အမေနဲ့ရွာကိုသမီးနွယ်လွမ်းတယ်” တဲ့လေ….

ခုတော့အိမ်နဲ့ရွာကိုလွမ်းပေမယ့်  မငိုဖြစ်တော့ဘူးလေ…. လူဆိုတာ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့စကားအတိုင်းပေါ့….. ဘယ်သူမှပျော်လို့နေကြရတာမှမဟုတ်တာ

ရောက်တဲ့အရပ်မှာပျော်အောင်ကြိုးစားပြီးနေကျရမှာပဲလေ………. ရှင်းသန့်လို အိမ်နဲ့ရွာကိုလွမ်းနေသူတွေရှိရင် အတတ်နိုင်ဆုံးပျော်ရွှင်အောင်ကြိုးစားပြီးနေကျပေါ့နော်……..

 

About ရှင်းသန့် နွယ်

ရှင်းသန့် နွယ် has written 5 post in this Website..