၂၀၀၈ခုနှစ် မေလ ၂ရက် နေ့ ထိုနေ့သည် ကျွန်တော် တို့၏ဘဝများစွာ ကို ရက်စက် စွာနင်းချေဖျက် စီးခဲ့သော သမိုင်းဝင် နေ့ တနေ့ ဖြစ်ခဲ့ သည်

ထိုနေ့က နံနက် ပိုင်းနေသာ ပြီး လောကတခုလုံးသည် သူ၏ပုံမှန်ဖြတ်သန်းနေကျ နေ့တနေ့ဖြစ်ခဲ့သည်

နံနက်ပိုင်း  လဘက်ရေလေးသောက်ပြီး အလုပ်သို့သွားသည် အဲ့သည့်အချိန်ထိ အေးအေးဆေးဆေးပင်

နေ့ခင်း တစ်နာရီလောက်တွင် သတင်းစရသည် အောက်ဖင်မှာ မုန်တိုင်ဝင်နေပြီ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင် ပါတယ်ဆိုတာတောင် အေးဆေး ပဲဆိုပြီး နေကြသေးတယ်

အိမ်က အမေက တောမှာ ရစရာရှိတာလေးတွေသွားတောင်းမယ်ဆိုပြီး ဆင်းသွားတယ် အဖေကအလုပ် ရှိလို့မြို မှာနေခဲ့တယ် ဒါပေမယ့် သတင်းကြားလို့လိုက်ခေါ်တယ် မရဘူး ဘာမှမဖြစ်ပါဘူး ဆို ပြီးဆင်းသွားတာ

အဲ့လိုနဲ့ ညနေဆောင်းတော့ကျွန်တော်လဲ အလုပ်ကပြန်လာပြီး ရေမိုးချိုး အပြင်ထွက်လာခဲ့တယ်

အေးရာအေးကြောင်း အပြင်မှာနှပ်နေသေးတာ ည ၈ နာရီလောက် ကျတော့နေ လို့မွှတော့ဘူး အဲ့ဒါနဲ့ အိမ်ပြန်လာခဲ့တယ် အိမ်လဲရောက်ရော ဆော်ပါလေရော ည ၉ :၃၀ လောက် ကျတော့ ဘေးအိမ်က စ ပြို ရော တညလုံး ဆော်တာ အိမ် ကခေါင်တွေဘာတွေမရှိတော့ဘူး ကျွန်တော်သား ကအဲ့ အချိန်မှာ တစ် နှစ်သားလောက် ပဲရှိသေးတယ် လူကြီးတွေ ကစိုတဲ့လူစို ခြောက်တဲ့လူက ပြန်ခြောက် အပြင်လဲမထွက်ရဲ ရှုပ်နေတာပဲ ဒီလိုနဲ့ တညလုံး မိုးကိုလင်းရော

မနက်လင်းခါနီး ၅ နာရီခွဲလောက် မှ မှေးကနဲပြော်သွား တာ နိုးလဲမိုးရော အခြားမြို့ကိုရောက် နေသလို ပဲ တမြို့လုံး သွပ်တွေမရှိတဲ့အိမ် ပြိုတဲ့အိမ်နဲ အားလုံးကို ပျက်စီးနေတာ

ကျွမ်တော်လဲ အမေ့အိမ်ကိုပြေး ပြီး အမေမရီိတာ သေချာ တော့မှတောကိုလိုက်မယ်ဆိုပြီး ကန္နားက စက်လှေဆီသွားတာ ကိုယ့် စက်လှေ မရှိတော့

အဲဒါနဲ့သူများစက်လှေတွေတွေ့တာကိုင်ရှင်လဲမရှိတော့ ကုန်းပေါ်တင်နေတာ တွန်းချပြီး တောကိုလိုက်တာ တလမ်းလုံး ဗျာ မြင်ရက်စရာနက

 

 

About kyaw swar

kyaw swar has written 5 post in this Website..