လူသတ်မှု

ဟုတ်ပါတယ် လူသတ်မှုပါ၊ ကန်တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လေးပါ။

ကောင်မလေးတစ်ယောက် ကို အရင်ရည်းစားဟောင်းက ဓါးနဲ့ထိုးပီးရက်ရက်စက်စက် သတ်ခဲ့ပီးတော့ အလောင်းဖျောက်တဲ့ ပြစ်မှု့ပါ။

ဖြစ်ပုံက…….

ကောင်မလေးက အရင်ဘဲဟောင်းကိုဖြတ်ပီးတော့ ဘဲဘဲအသစ်လေးနဲ့ ချိန်းတွေ့နေတဲ့ အချိန်မှာ အရင်ရည်းစားဟောင်းက ရောက်လာပီးတော့ ဓါးနဲ့ထိုးပီးရက်ရက်စက်စက် သတ်ခဲ့တာ။ ကောင်မလေးရဲ့ သွေးတွေကလည်း အများကြီးစွန်းပေကုန်တယ်။ဘဲအသစ်စက်စက်ကလေးကလည်း အားကိုးရတယ် ပြေးတာမှ တန်းနေတာပဲ။ ရည်းစားဟောင်းက စိတ်လိုက်မာန်ပါ လုပ်လည်းပီးရော လူသတ်မှုနဲ့ အဖမ်းခံရမှာ ကြောက်လာတယ် ဒါနဲ့ အလောင်းဖျောက်ဖို့ ကြိုးစားတော့တာပေါ့ ၊ မြေကျင်းတူးပီးတော့ ကောင်မလေးကို မြုပ်ပစ်ခဲ့တယ်။ တော်တော် လူမဆန်တာနော်။ ရည်းစားဟောင်းက အိမ်ပြန်ရင် အဖမ်းခံရမှာကြောက်လို့ အိမ်ကိုမပြန်ရဲဘဲ သူ့ သူငယ်ချင်းဆီမှာသွားအိပ်တယ်။ ညလည်းရောက်ရော အသတ်ခံရတဲ့ကောင်မလေးက အိမ်မက်ပေးတော့တာပဲ ၊ သူ့ကို လုံးဝခွင့်မလွှတ်နိုင်တဲ့အကြောင်း ရောက်ရာဘဝက လက်စားချေမယ်ဆိုပီးတော့ လည်ပင်းညှစ်တော့တာပဲတဲ့ ။ တစ်ရက်ထဲမဟုတ်ပဲ သုံးလေးရက်လောက်ဆက်တိုက်မက်တာ အဲ့ဒီမှာ ရည်းစားဟောင်းကောင်လေးလည်း (လူသတ်တရားခံ) အရမ်းကြောက်လန့်သွားတယ် ၊ ဘာလုပ်ရင်ကောင်းမလဲဆိုပီးတော့ သူ့သူငယ်ချင်းနဲ့တိုင်ပင်တယ် ။ လူသတ်တရားခံရဲ့ သူငယ်ချင်းက အဖမ်းခံလိုက်ဖို့ပြောတယ်။ တရားခံကလည်း အဖမ်းခံမယ့်အကြောင်းပြောတယ် ပြီးတော့ ညတိုင်းအိမ်မက်ဆိုးတွေမက်နေတာကို သူအရမ်းတုန်လှုပ်နေတဲ့အကြောင်း ၊ အိမ်မက်ဆိုးတွေ မမက်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို အကြံဥာဏ်တောင်းတယ်။ တရားခံရဲ့ သူငယ်ချင်းကလည်း သူ့အသိထဲမှာ ပရလောကနဲ့ပက်သက်ပီးတော့ အစွမ်းထက်တဲ့လူတစ်ယောက်ရှိတဲ့အကြောင်းပြောပြတယ်။ အဲ့လိုနဲ့ အဲ့ဒီဆရာဆီကိုရောက်သွားတာပေါ့ဗျာ။

အဲ့ဒီဆရာကလည်း အိမ်မက်ဆိုးတွေမမက်အောင် သူလုပ်ပေးနိုင်ကြောင်း ၊ ကောင်မလေးကို မြေမြုပ်ခဲ့တဲ့နေရာကို လိုက်ပြပေးဖို့ပြောတယ်။ ကောင်မလေးကို သတ်တုံးက သွေးစွန်းနေတဲ့ အဝတ်အစားတွေကိုလည်း ယူခဲ့ဖို့ပြောတယ်။ လူသတ်တရားခံကလည်း အဝတ်အစားတွေယူပီးတော့ ကောင်မလေးကို မြေမြုပ်ခဲ့တဲ့ ကန်တော်ကြီးကနေရာကို လိုက်ပြတော့တာပေါ့။ အဲ့ဒီနေရာလည်းရောက်ရော ဆရာက အလောင်းပြန်ဖော်ပီးတော့ ကောင်မလေးအတွက် အမျှအတမ်းပေးဝေနေတယ်။ ပြီးတော့ လူသတ်တရားခံကိုပြောတယ် သွေးစွန်းနေတဲ့ အဝတ်အစားတွေကို ပြောင်စင်အောင်လျှော်ဖို့ပြောတယ်။ လူသတ်တရားခံက သူ့ အဝတ်အစားတွေပေါ်မှာစွန်းပေနေတဲ့ သွေးကွက်တွေကို ဘယ်လိုမှပြောင်စင်အောင်လျှော်လို့ မရဘူးဖြစ်နေတယ်။ တစ်ခုခုတော့မှားနေပြီဆိုတာလည်းသိလိုက်တယ်…

အဲ့ဒီအချိန်မှာ ကောင်မလေးအလောင်းကြီးကစကားထပြောတော့တာပဲ

ဘာပြောလိုက်တာလဲဆိုတော့……………………………………..

……………………………………………………………………………….

………………………………………………………………………….

………………………………………………………………………

…………………………………………………………

…………………………………………………..

……………………………………………….

…………………………………………

…………………………………

…………………………

……………….

………….

……

..

..

..

..

ဘယ်ပြောင်မှာလဲ ရှင်က ဖူဂျီနဲ့မှ မလျှော်တာ တဲ့

အဟီးးး ဆပ်ပြာကြေငြာတာနော် စိတ်အချိုးရဘူး တိရား   :mrgreen: :mrgreen:

About ဘဲဥ

has written 82 post in this Website..

နေချင်သလိုနေ၍ လိမ့်ချင်ရာလိမ့်နေသူကို ဥဥဟုခေါ်သည်