ဘာသာရေးဆိုတဲ့…
ကိုယ်းကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငယ်ငယ်တုံးက သိပ်စိတ်မ၀င်စား
ခဲ့ပေမဲ့ အသက် နည်းနည်းကြီးလာတော့ ဘာသာရေးဆိုတာ ဘာဖြစ်လို့ပေါ်ပေါက်လာရသလဲ
ဆိုတဲ့ အဖြေကိုရှာလာတယ်..မေးမြန်းမှုတွေပြုလာတယ်..

ကိုယ်ထက်ကြီးတဲ့ မိဘဆရာသမား ကိုမေးတော့ ဘာသာရေးဆိုတဲ့ ကိုယ်းကွယ်ယုံကြည်မှု
ဟာ အကြောက်တရားကနေစတာ..စသည်ဖြင့် မှတ်သားခဲ့ရဘူးတယ်…

နောက်ဘာသာရေး စာအုပ်တွေဖတ်ပြန်တော့လည်း အမေတို့ပြောသလို အကြောက်တရား
ကစခဲ့တာ မှန်နေတာကိုလည်းတော်တော်များများတွေ့ရတော့.. ဟုတ်ပေမှာဘဲလေဆိုပြီး ဒီလိုဘဲ အီးယောင်ဝါးနေလာခဲ့တာ..အချိန်တွေလည်းတော်တော် ကုန်လွန်ခဲ့ရတယ်..

ဒီလို အချိန်ကုန်ရာကနေ… တနေ့မှာတော့ မိတ်ဆွေတစ်ယောက်က
အမေရိကန်စာရေးဆရာဝီဒူးရတ်( အရှေ့တိုင်းယဉ်ကျေးမှုကို အနှစ်
လေးဆယ်ခန့်လေ့လာသူ)ရေသားတဲ့စာအုပ်ကို ..ဗိုလ်မှုးချုပ်ဝင်းမြင့်
ဘာသာပြန်ထားတဲ့ လူ့ယဉ်ကျေးမှုသမိုင်းအရှေ့တိုင်းကရသောအမွေ စာအုပ်ကိုပေးဖတ်တော့ အဲဒီစာအုပ်ဖတ်ပြီး အသိတရားတွေ
တော်တော်ရသွားတယ်..

အဲဒီစာအုပ်ကို ဖတ်ပြီးတော့ ဘယ်လို သုံးသပ်မိလည်း ဆိုတော့
အော်..ဘာသာရေးဆိုတာ အကြောက်တရား ကနေဘဲစတယ်လို့ထင်နေတာ..
အခုတော့ ဘာသာရေးဆိုတာ လူပျင်းကနေစခဲ့တာဘဲလို့ ဒီစာအုပ်ကနေတဆင့် သုံးသပ်မိပါ
တယ်…

စာရေးသူက သမိုင်းဆရာဆိုတော့ ဘာသာရေး အမြင်နဲ့ မရေးဘဲ သမိုင်းဆရာရဲ့
အမြင်နဲ့ ရေးထားတာပါ…

– ကျောက်ခေတ်က လူတွေဟာ…တစ်ဦးချင်းနေတဲ့ အလေ့အထ ကနေ တဖြည်းဖြည်းချင်း အုပ်စုဖွဲ့ပြီးနေလာကြတယ်…

ဒီလိုနေလာရာကနေ.. တနေ့ကျတော့ အုပ်စုထဲက လူပျင်းတစ်ယောက်က
အော်..ငါဒီလို အမဲသားငါးကို မိုးလင်း ကနေမိုးချုပ်အထိ ရှာနေရတယ်
နေ့စဉ်နေ့တိုင်း ရှာရတာ ဟန်မကျဘူး… အလုပ်ကို မလုပ်ရဘဲ စားလို့ရအောင်
ဘယ်လို လုပ်ရမယ်ဆိုတာ စဉ်းစားရင်း စိတ်ကူးလေး တခုပေါ်လာတယ်..
ငါတော့ သူတို့ထက်သာတဲ့ အသိ အမြင်ကိုရှာမှ ရမယ်ဆိုပြီး ….

ဒီလိုနဲ့ သူလည်း အဖွဲ့တွေနဲ့ အမဲလိုက်ရင်း…
သူက ဘယ်လိုမှတ်သားလည်းဆိုတော့… အရှေ့၊အနောက် နေ၀င်နေထွက်တာကိုကြည့်ပြီး
လက်ဝဲဖက်ကိုနေစောင်းရင် ရာသီဥတုက ဘယ်လို..လက်ယာဖက်ကိုစောင်းရင်
ရာသီဥတုကဘယ်လို ဖြစ်မယ်… စသည်ဖြင့် ဥတုအကြောင်းကို
သူတဖြည်းဖြည်း သိလာတယ်..

ဘယ်လို ရာသီဥတုမျိုးမှာ ဘယ်လိုသားကောင်မျိုးက ဘယ်မှာရှိတတ်တယ်..
ဘယ်လို သားကောင်မျိုးက ဘယ်လို အသီးရွှက်မျိုးကိုစားတတ်တယ်..

လူတွေ နေမကောင်းဖြစ်ရင် ဘယ်လို အသီးအရွှက်စားရင်၊ လိမ်းရင်၊ရှုရင်
ပျောက်တယ်ဆိုတာ သူတဖြည်းဖြည်းသိလာတယ်..

ဒီလိုနဲ့ အုပ်စုထဲက လူတွေက သူတို့မသိတာကို သူကပြောနိုင်တော့ ခင်ဗျာ အမဲ
မလိုက်ပါနဲ့တော့ ကျွန်တော်တို့ရတဲ့ အမဲထဲ ဆယ်ယောက်တစုက ခင်ဗျာကိုပေးပါ့မယ်..
ခင်ဗျာက ဒို့ရဲ့လူအုပ်စုကိုသာ စောင့်ရှောက်ပါဆိုပြီး..သူ့ကို အကြီးအကဲ ခန့်အပ်လိုက်တယ်..

သူလည်းဒီလိုနေလို့တော့ မရဘူး
သူတို့ရဲ့ကျန်းမာရေး၊ စားရေးသောက်ရေး အစစအရာရာ ကို အကုန်လုံးစောင့်ရှောက်
ပေးရမည့် တာဝန်ရှိလာတယ်..

ဒီလိုနဲ့ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ..အုပ်စုနဲ့နေခြင်းအားဖြင့် ပတ်ဝန်းကျင်ရဲ့ အန္တရာယ်၊ သားရဲ တိရိစ္ဆာန်တွေရဲ့ ဘေးရန်၊ ရာသီဥတုဒဏ် စသည်ဖြင့် စုပေါင်းပြီးကာကွယ်
နိုင်တယ်၊ စည်းလုံးမှု ဖြစ်တဲ့ အတွက် ဘ၀က ပိုလုံခြုံတယ်လို့ မြင်လာကြတယ်..

အဲဒီကနေ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ လူတွေဟာ တဖြည်းဖြည်း နေပြီး
စည်းလုံးမှုလည်းရှိလာ၊အေးအေးချမ်းချမ်းလည်းရှိလာတော့ တခြားလူမျိုးစုတွေလည်း
လာပေါင်းကြတယ်..ဒီလိုနဲ့ အုပ်စုက တဖြည်းဖြည်းကြီးလာတော့..
သူလည်း အဏာကို မက်မောလာတယ်..
နောက်တော့ သူသားသမီးကို အဏာလွဲပေးတယ်…ဒါအုပ်ချုပ်ရေးရဲ့ အစပေါ့..
ဒါတကယ်တော့ ဘာသာရေး မဟုတ်သေးဘူး…

နောက်တော့ သူလည်း အဲဒီထက် အဆင့်မြင့်တဲ့ အုပ်ချုပ်ရေးကို မြင်လာတဲ့ အတွက်
ဒီလိုနဲ့ သူလည်းလူတွေရဲ့ အားနည်းချက်ကို ရှာလာတယ်…လူတွေဟာ မသိ၊
မမြင်၊မကြားဖူးတဲ့ အရာတွေဆိုရင် တော်တော်ကြောက်ကြတယ် မဟုတ်လား..
သူတို့ကြောက်တဲ့ အရာကိုတွေ့ရင် ငါကသူတို့လို မကြောက်အောင်နေမယ်..
သူနည်းလမ်းရှာတယ်…

မိုးကြိုးပစ်ရင်သေမယ်.. မွေကိုက်ရင်သေမယ်..ဘယ်လိုသားကောင်မျိုးက
အန္တရာယ်ပြုရင် ဘယ်လိုရင်ဆိုင်ရမယ်၊ ဘယ်လိုရှောင်ရမယ်၊ ဘယ်လို ကာကွယ်ရမယ် စသည်ဖြင့် အဲဒါတွေကို သေသေချာချာ လေ့လာပြီး လူတွေကို ဦးဆောင်လာနိုင်တယ်..

အဲကနေတဆင့် လူတွေက သူပြောတဲ့ အတိုင်းနားထောင်တော့ ဘေးရန်လည်းနည်းတော့
ခင်ဗျာကဘဲ ငါတို့ရဲ့ အုပ်ချုပ်သူ အကြီးအကဲ လုပ်ပါ ဆိုပြီးတောင်းဆိုကြတယ်..
အဲဒီကနေစပြီး သူလည်း အဲဒီလူမျိုးစုရဲ့ အုပ်ချုပ်သူ အကြီးအကဲလည်းဖြစ်၊
အကိုးကွယ်ခံဘာသာရေးခေါင်လည်း ဖြစ်သွားတယ်…

အုပ်ချုပ်မှုနဲ့ အကိုးကွယ်ခံလည်း ဖြစ်ရောသူက အဏာရှင်ဖြစ်လာတော့တယ်…
နောက်တော့ သူလည်း တာဝန်နှစ်ခု ထမ်းဆောင်ရတာ ပင်ပန်းတယ်..လူတွေကို အုပ်ချုပ်
ဖို့ လူတန်းစားတရပ်ကိုသူရှာမှ ရမယ်ဆိုပြီး…အုပ်ချုပ်သူ လူတန်းစားတရပ်ကို သူတာဝန်ပေး ခန့်အပ်လိုက်တယ်…

သူကတော့ အုပ်ချုပ်သူ အကြီးအကဲရဲ့ အပေါ်ဘက်ကနေဘဲ
အမြဲတန်းနေပြီး..သဘောတရားရေးရာ ဆရာကြီး အဖြစ် မပင်မပန်း အေးအေးဆေးဆေး နေသွားတယ်..

– ကနေ့ အထိ တချို့သောနိုင်ငံတွေမှာ…သဘောတရားရေးရာ ဘာသာရေးဆရာကြီးတွေက အုပ်ချုပ်တဲ့ လူတန်းစားတွေအပေါ်မှာ နေတာ ကိုတွေ့ရတော့…
အော်…အခုမှ မဟုတ်ပါဘူး အရင်ကတည်းက ရှိခဲ့တာဘဲ
ဆိုတာအခု ဒီစာအုပ်ဖတ်ပြီးတော့ သိလာရတယ်..ကဲစာလည်းရှည်သွားပြီနောက်မှ ဆက်ပါမည်….

About Ko out of...

Ko out of... has written 91 post in this Website..