လောကကြီးမှာ…
နေရတဲ့ အချိန်ကာလတစ်ခုက ခဏလေးရယ်ပါ…
ဒီကမ္ဘာကြီးထဲမှာ…
နင်ရယ် ငါရယ် ရှိနေခဲ့တယ်…
ကျယ်ပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာ…
တစ်ကယ်တမ်းတော့ ကမ္ဘာကြီးက..
ကျဉ်းကျဉ်းလေးနဲ့……
နင်ရယ် ငါရယ်တွေ့ဆုံခွင့်တွေပေးပြန်တယ်နော်…

တွေ့ဆုံခြင်းတွေ အစပြုလို့…
ခွဲခွာဖို့ဆိုတာ လည်းဖြစ်လာပြန်တယ်…
ဒီလိုမှန်း ငါမသိခဲ့လိုက်မိဘူး…
အမှတ်တမဲ့နဲ့ ငါမေ့နေခဲ့လိုက်တာ…
လောကကြီးက ဆန်းဆန်းပြားပြားနဲ့…
အမှတ်တရတွေစုဆည်းပြီး…
စိတ်ပျက်စရာတွေလည်း ပေးခဲ့ပြန်ပြီ…

င့ါအတွက်တော့….
တွေ့ဆုံခြင်းတွေက ….
ခွဲခွာခြင်းရဲ့ လမ်းစတွေဆိုရင်…
ငါ……….
ဘယ်သူနဲ့မှ မတွေ့ဆုံချင်တော့ဘူး…
ငါလေ အရာအားလုံးကို စိတ်ကုန်လိုက်တာ..
တစ်ချို့ကလည်း င့ါကိုစိတ်ပျက်မိကျမှာပဲ..
ငါကလည်း အရေးကို မစိုက်တာပါ…

အင်းးးးးးးးး
နောက်ဆုံးတော့လည်း ဒီလိုပါပဲဟာ..
ဖြစ်ချင်တာတွေမဖြစ်ပဲ….
ဖြစ်သင့်တာတွေ ဦးစားပေးနေရတဲ့ဘဝမှာ….
ဖြစ်သင့်တာတွေ ဖြစ်နေပြီးရင်တော့…
ဖြစ်ချင်တာလေး တစ်ခုအတွက်….
တောင်းဆုတစ်ခုသာပြည့်မယ်ဆိုရင်……….
ဖြစ်ချင်တာလေးတစ်ခုတော့ ဖြစ်ခွင့်ရချင်ပါတယ်…။

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..