မိတ်ဆွေများကို မွေးနေ့ အတွက် မုန့်ကျွေးပါတယ်

1 မွေးနေ့မှာစားရအောင် မန်းလေးကထိုးမုန့်

2 ဒါကတော့ ထိုးမုန့်နောက်ထပ်တစ်ပန်းကန်

3 ထိုးမုန့်နဲ့လမုန့်

4နောက်ထပ်လိုက်ပွဲလေး

5ရွာသူညီမလေး ကိုယ်တိုင်လုပ်တဲ့ သက်တန့်ကျောက်ကျော

6 သီးစုံဖျော်ရည် ဒါလေးလဲ ညီမလေးလက်ရာ စားရခဲမျှနော်

7 မ၀မှာစိုးလို့လိုက်ပွဲ

8 မ၀ရင် ဆက်ဆွဲ နော်
နက်ဖြန်မွေးနေ့ဘာကျွေးမလဲစဉ်းစားလိုက်တော့ ရန်ကုန်က ညီလေး အာဂ (ရစ်မမ မူပိုင်)က
လေးပေါက် ထိုးမုန့်စားချင်တယ်ဗျာလို့ပြောဘူးတယ်။
အစက ပေါက်စီကျွေးမယ်စဉ်းစားသေးတယ်။
ဒါပေမယ့် လူတိုင်းကြိုက်ချင်မှကြိုက်မှာ။
အဲဒါနဲ့ ထိုးမုန့်နဲ့လမုန့်ကွေျးမယ် ဆုံးဖြတ်လိုက်ပါတယ်။
မွေးနေ့မှန်းသိသွားတဲ့ ရွာထဲကညီမတစ်ယောက်က ဧည့်သည်တွေပါဧည့်ခံရအောင်ဆိုပြီး
သူလက်စွမ်းပြထားတဲ့(၀ယ်စားလို့မရဘူးနော်) သက်တန့်ကျောက်ကျောရယ်
သီးစုံဖျော်ရည်လာပို့တော့ မြိုင်သွားတာပေါ့။
ကဲ အလှစာ မဟုတ်ဘူး အ၀စား။
ကုန်သွားရင် ထပ်ထည့်ပေးမယ်။
ပြန်ရင်လဲ သားသားမီးမီးတို့အတွက်ပါဆယ်ဆွဲသွားနော်။
ရွာသူားအားလုံး အနီးအဝေး ရှိသမျှ မိတ်ဆွေအားလုံး အကုန်ဝအောင်စားကြပါနော်။
အားလုံးကိုခင်သော
ကိုပေါက်(မန္တလေး)
Happy Birthday ပါလေးပေါက်ရေ….
မွေးနေ့ပေါင်းများစွာကို ချစ်သောခင်သောမိသားစုများနဲ့ ပျော်ရွှင်စွာ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့
ဆင်နွဲနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်…
မုန့်တွေကျွေးတဲ့ အတွက်လည်းကျေးဇူးပါနော်..
Was this answer helpful?
LikeDislikeကပေါက်ကြီး
မွေးနေ့ မင်္ဂလာ နေ့ရက်မှ ဒါထက်ပိုမို အောင်မြင်ပျော်ရွှင်သော နေ့ရက်များစွာကို မဒမ်ပေါက် နဲ့ ဆက်လက်ဖြတ်သန်းနိုင်ပါစေ။
လိုအပ်သောဆု မြတ်သောဆု များလဲ ပြည့်ဝပါစေ။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့လဲ ပြည့်ဝပါစေ။ :-)
ခင်မင်စွာဖြင့်
PS – ကိုပေါက် မန္တလေးမြီးရှည် စားချင်တာ။
Was this answer helpful?
LikeDislikeမင်္ဂလာရှိသောမွေးနေ့ပါ ကိုပေါက်။
ဒီ သက်တန့်ကျောက်ကျောနဲ့ သီးစုံဖျော်ရည်လေးတွေ့ဖူးသလိုလို စားဖူးသလိုလို
………………
အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ချစ်မိတ်ဆွေတွေလည်း တစ်ရာမကတိုးလာပါစေ။
Was this answer helpful?
LikeDislikeဟက်ပီဘတ်ဒေးပါဗျို့ ….
ဘောပွဲပီးမှ ပြန်လာမန့်တာပါ…
နောက်ကျသွားပါအိ ဟီး..
Was this answer helpful?
LikeDislikeကိုလတ်ကြီးရေ အဝေးရောက်တွေအတွက်မြီးရှည့်ပိုစ်တင်ဘို့စီစဉ်ထားပါ၏
မပဒုမ္မာကလဲ မနှစ်တုံးက ရွှေပုစွန်မှာစားတာနဲ့မတူဘူးလေ။
မောင်ဂီ မျက်ရည်မကျနဲ့တော့ နောက်လာမယ့်နှစ်အတွက်လူသစ်ပြန်မွေးတော့
ဒီနှစ်မွေးနေ့ကတော့ မနှစ်က မွေးနေ့လိုဘဲစိုပြေပါ၏။
မိတ်ဆွေတွေကို အခုလိုအပြင်မှာလဲကျွေးချင်တော့ ရန်ကုန်လာပြီး မဒမ်ပေါက်နဲ့
မင်္ဂလာထပ်ဆောင်ရင်ကောင်းမလားလို့ စဉ်းစားနေပါ၏။
အကြံပေးကြပါကုန်လော့။
Was this answer helpful?
LikeDislikeကိုပေါက်ရေ-
ထိုးမုန့်နဲ့ လမုန့်လည်း ကြိုက်တယ်။
သက်တန့်ရောင်စုံကျောက်ကျောနဲ့ သစ်သီးစုံ ဖျော်ရည်လည်း ကြိုက်တယ်။
အပြင်မှာလည်း ကျွေးချင်နေတဲ့ ကိုပေါက်ရဲ့ စေတနာကို လေးစားသောအားဖြင့်
မင်္ဂလာ ထပ်ဆောင်မယ်ဆိုရင်လည်း အားပေးပါတယ်။
ရန်ကုန်လာပြီး မဒမ်ပေါက်နဲ့ (မဒမ်ပေါက်နဲ့ပဲနော်)
Was this answer helpful?
LikeDislikeHappy Birthday ပါ ဦးပေါက်
Was this answer helpful?
LikeDislikeအဘ ရေးတော့လေ
Was this answer helpful?
LikeDislikeကိုပု ရဲ့ ၊
အဘ အရင် သုံးခဲ့တဲ့ Lap Top နှင့် ၊
အခု ဩဇီ အိမ်မှာ သုံးနေတဲ့ Lap Top က ၊
Screen ( Diagonal ) Size ကွာနေလို့ ၊
burglish Key Board မှာ စာရိုက်တာ အရမ်းနှေးနေတယ် ။
Was this answer helpful?
LikeDislikeကိုအောင်ပု ဘယ်သူ့မြောက်ပေးနေပြန်တာလဲ
Was this answer helpful?
LikeDislikeလေးပေါက်ရေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်
ဒါပေမယ့် မစားရပဲ သွားရေကျအောင်လုပ်တဲ့
လေးပေါက်ကိုတော့ ကျေနပ်ဘူးနော်
မန်းလေးလာရင် တကယ်ဝယ်ကျွေးရမယ်
Was this answer helpful?
LikeDislikeလေးပေါက် မွေးနေ့က ဒါပဲ ကျွေးတာလား။ ကော်ဖီနဲ့ ဂျယ်လီကျွေးဘူးလား။ မနောနဲ့ မွေးလ တူတယ်နော်။ ပျော်ရွှင်ပါစေ နှစ်တိုင်းနှစ်တိုင်း မဒမ်ပေါက်နဲ့အတူ သွားအတူ လာအတူ သာသနာပြုနိုင်ပါစေ။
Was this answer helpful?
LikeDislikeမယ်မနော လေးပေါက်နဲ့ မွေးလတူလို့ကတော့
ကန့်လန့်သွားတဲ့ ကရကဋ်တွေနေမှာတော့။
Was this answer helpful?
LikeDislikeမုန့်ဝင်အစားနောက်ကျတာ ခွင့်လွှတ်ပါဗျို့…. အခုတလော ရွာထဲဝင်ရ သိပ်ခက်လို့ပါ။ ဦးလေးပေါက် အသက်၅၄နှစ် မွေးနေ့မှာ ကိုးနဝင်းရတနာ မင်္ဂလာအဖြာဖြာ ပြည့်စုံပါစေကြောင်း တူမောင်ကြောင်ကြီးမှ ဆုမွန်ကောင်းတောင်းပါသည်။
ဦးပေါက်တူမ
ငါရက
ဆွေမျိုးစပ်လှ
တူတော်ပွ
ရွာသားအပေါင်း
သိစေဂျောင်း
ကြောင်ကြီး
မဟေသီလောင်း..
Was this answer helpful?
LikeDislikeကျွန်ုပ်တူမ ပွလှလှကို
ကြောင်ကြီး၏ရင်ခွင်အတွင်းသို့
မဟေသီနှင်းအပ်
ပြီးမွန်လတ်ကို…………………………………
သိစေဂျောင်းရွာသားအပေါင်းတို့
ဆွေမျိုးတော်ကြ တူတော်ပွအကြောင်းကို
ကောလဟာလမှအစ
မကောင်းပြောသူ.မှန်သမျှကို
မချွင်းမလတ် ထိပ်တုံးခတ်ဒဏ်ပေးဝေနှံမည်
ယခုမှစ၍ အဤအမိန့်တည်စေသတည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး………………………
အိတ်ထိတန် ပတ်ထိတန် တုံချမ်……………………………………….
အိတ်ထိတန် ပတ်ထိတန် တုံချမ်……………………………………….
Was this answer helpful?
LikeDislikeမွေးနေ့ ကျွေးတဲ့ ကိုပေါက် ကို ကျေးဇူးတင်ပါတယ်…
မွေးနေ့လက်ဆောင် ကားတစီး ပေးလိုက်ပါတယ်..
ပျင်းတဲ့အခါ ကားလေးနဲ့ မန္တလေး မြို့ လည်ပေါ့။
ကားသေ့က ဒီမှာပါ..
https://plus.google.com/photos/107706568882603434466/albums/5761697039474142401/5761697040852470514
Was this answer helpful?
LikeDislike