မိတ်ဆွေများကို မွေးနေ့ အတွက် မုန့်ကျွေးပါတယ်

1 မွေးနေ့မှာစားရအောင် မန်းလေးကထိုးမုန့်
2 ဒါကတော့ ထိုးမုန့်နောက်ထပ်တစ်ပန်းကန်
3 ထိုးမုန့်နဲ့လမုန့်
4နောက်ထပ်လိုက်ပွဲလေး
5ရွာသူညီမလေး ကိုယ်တိုင်လုပ်တဲ့ သက်တန့်ကျောက်ကျော
6 သီးစုံဖျော်ရည် ဒါလေးလဲ ညီမလေးလက်ရာ စားရခဲမျှနော်
7 မဝမှာစိုးလို့လိုက်ပွဲ
8 မဝရင် ဆက်ဆွဲ နော်
 

နက်ဖြန်မွေးနေ့ဘာကျွေးမလဲစဉ်းစားလိုက်တော့ ရန်ကုန်က ညီလေး အာဂ (ရစ်မမ မူပိုင်)က

လေးပေါက် ထိုးမုန့်စားချင်တယ်ဗျာလို့ပြောဘူးတယ်။

အစက ပေါက်စီကျွေးမယ်စဉ်းစားသေးတယ်။

ဒါပေမယ့် လူတို်င်းကြိုက်ချင်မှကြိုက်မှာ။

အဲဒါနဲ့ ထိုးမုန့်နဲ့လမုန့်ကွေးျမယ် ဆုံးဖြတ်လိုက်ပါတယ်။

မွေးနေ့မှန်းသိသွားတဲ့ ရွာထဲကညီမတစ်ယောက်က ဧည့်သည်တွေပါဧည့်ခံရအောင်ဆိုပြီး

သူလက်စွမ်းပြထားတဲ့(ဝယ်စားလို့မရဘူးနော်) သက်တန့်ကျောက်ကျောရယ်

သီးစုံဖျော်ရည်လာပို့တော့ မြိုင်သွားတာပေါ့။

ကဲ အလှစာ မဟုတ်ဘူး အဝစား။

ကုန်သွားရင် ထပ်ထည့်ပေးမယ်။

ပြန်ရင်လဲ သားသားမီးမီးတို့အတွက်ပါဆယ်ဆွဲသွားနော်။

ရွာသူားအားလုံး အနီးအဝေး ရှိသမျှ မိတ်ဆွေအားလုံး အကုန်ဝအောင်စားကြပါနော်။

 

အားလုံးကိုခင်သော

ကိုပေါက်(မန္တလေး)

 

59 comments

  • aye.kk

    July 3, 2012 at 6:31 am

    ကိုပေါက်..
    ဓါတ်ပုံမြင်ရတော့..
    တကယ်စားချင်လိုက်တာ..။
    မန္တလေးကိုအပြေးလာခဲ့ချင်သား။။

    • aye.kk

      July 3, 2012 at 7:06 am

      ကိုပေါက်…
      မွေးနေ ့မှသည်..
      ရက်ပေါင်း,လပေါင်း,နှစ်ပေါင်းများစွာ(၁၂၀)တိုင်ထိ…
      ကျမ္မာ,ချမ်းသာ,ကိုယ်စိတ်နှစ်ဖြာလန်းပါစေကြောင်းဆုမွန်တောင်းလျှက်….။

  • htoosan

    July 3, 2012 at 6:50 am

    Happy Birthday ပါ လေးပေါက်..

    • kyaw swar

      July 4, 2012 at 11:18 am

      happy Birthday uncle pouk

  • Crystalline

    July 3, 2012 at 7:18 am

    Many happy returns of day!
    လေးပေါက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်စိတ်သွားတိုင်းကိုယ်ပါပြီး လမ်းသလားနိုင်ပါစေနော်..
    ရွာသူားတွေကိုဓါတ်ပုံလေးတွေနဲ့ ရောက်လေရာနေရာတိုင်းကိုအလည်ခေါ်နိုင်ပါစေ.

    • Crystalline

      July 3, 2012 at 7:21 am

      သီးစုံဖျော်ရည်လေးက မနက်စောစောစီးစီးသားရေကျလိုက်တာနော်…စားချင်စရာလေ… အဲဒီလာပို့တဲ့မမ..နည်းလေးတင်ပေးရင်ကောင်းမယ်..လက်တည့်စမ်းချင်လို့.. 🙂

  • water-melon

    July 3, 2012 at 7:41 am

    ဘဘလေးပေါက်
    ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိသားစုနှင့်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ
    တားတားမီးမီးမြေးမြစ်တို့နှင့်လည်း အတူတူပျော်ရွှင်နိုင်ပါစေ
    ဆုတောင်းပေးပါတယ်။

  • ဦးဦးပါလေရာ

    July 3, 2012 at 7:49 am

    အကို ကိုပေါက်ရေ….
    ပျော်ရွှင်ဘွယ်မွေးနေ့ပါ…
    ထာဝရ ချမ်းမြေ့ပါစေဗျာ….။

  • weiwei

    July 3, 2012 at 8:10 am

    ကျွန်မက မနှစ်တုန်းက ကိုပေါက်မွေးနေ့ဆုတောင်းပို့စ်တစ်ခု တင်ခဲ့ဖူးလို့ ဒီနေ့လဲ တင်မယ်ဆိုပြီး အားခဲထားလိုက်တာ …
    အခုကြည့်လိုက်တော့ သူများတွေကတောင် ဆုတောင်းပြီးသွားကြပြီ ….

    မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ …

  • hnin phyu

    July 3, 2012 at 8:29 am

    လေးပေါက်ရေ
    ယခုမှစ၍ နောက်နှစ်ပေါင်းများစွာထိကျန်းမာချမ်းသာစွာနဲ့ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်၍အောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ပါစေ။

  • kyeemite

    July 3, 2012 at 8:34 am

    ကိုပေါက်ရေ..မင်္ဂလာပါဗျာ…
    မွေးနေ ့မှသည်..
    ရက်ပေါင်း,လပေါင်း,နှစ်ပေါင်းများစွာတိုင်သည်ထိ…
    ကျမ္မာ,ချမ်းသာ,ကိုယ်စိတ်နှစ်ဖြာလန်းပါစေကြောင်းဆုမွန်တောင်းလျှက်….။
    ကောက်ပို ချကျွေးတာတွေ တဝကြီးစားသွားတဲ့အပြင်
    အိမ်ကဟာကြီးအတွက်..ပါဆယ်ပါဆွဲသွားပါဂျောင်း…

  • မောင်ပေ

    July 3, 2012 at 8:39 am

    ကြာပြီ…ဆိုတော့ မေ့လောက်ပါပြီ.. အုံပါ အုံပါ
    happybirthday kopauk

  • မွန်မွန်

    July 3, 2012 at 9:28 am

    ပျော်ရွှင်သော မွေးနေ့ပါ လေးပေါက်…
    နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်…

    လေးပေါက် “ကျွေး” တဲ့ မုန့်ကိုလည်း မျက်စိနဲ့ တစ်ဝကြီးကြည့်ပြီး စားသွားပါကြောင်း… 🙂

  • shwe kyi

    July 3, 2012 at 9:34 am

    လေးပေါက်ရေ ပျော်ရွှင်ပါစေရှင်။ မွေးနေ့မုန့်စားသွားကြောင်းပါရှင့်။

  • ko khin kha

    July 3, 2012 at 9:34 am

    မွေးနေ့မြတ်မဟာ ကိုပေါက်အတွက်ပါ
    ရှိသည့်ဉ္စာ တိုးပွားစေရာ
    ကျန်းမာရွှင်လန်း သက်ရှည်မှန်းလို့
    ဆုတောင်းပဏာ ပြုပေးပါသည်
    နောင်နှစ်(၁၀၀)ကျော် ရှည်စေသောဝ်။

  • မမ အညာသူ

    July 3, 2012 at 9:45 am

    အန်ကယ်ပေါက်
    မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ သာယာချမ်းမြေ့သောဘဝပိုင်ဆိုင်နိုင်ပါစေလို့

  • ညလေး

    July 3, 2012 at 9:51 am

    ညလေးတို.အကြိုက်ပေါ့.လေးပေါက်ရယ်……54လား…..45လားနော်
    မေ့သွားလို…..
    လေးပေါက်တစ်ယောက်…..
    ယနေ့မွေးနေ.မျှနောင်နှစ်ပေါင်းများစွာထိ…….
    ကျမ်းမာပျော်ရွှင်စွာ……ဆက်လက်လန်းသလားနိုင်ပါစေလို.ဆုတောင်းပေးရင်း…….
    ကြွေးတဲ့မုန်.လေးတွေ.အမုန်းဆွဲသွားပါတယ်ရှင်……..

  • ကို သာ

    July 3, 2012 at 10:49 am

    ကိုပေါက် တစ်ယောက် မွေးနေ.မှာရော မွေးနေ.နောက်ပိုင်း ဘဝတစ်လျှောက်လုံးပါ
    သာသာယာယာ ရှိနိုင်ပါစေဗျာ။
    ပေါက်ပေါက်ရောက်ရောက် ကိုပေါက် ဆိုတဲ့ဘဝ
    လှလှပပ ရှိနိုင်ပါစေဗျာ။

  • ဆူး

    July 3, 2012 at 10:53 am

    နေ့တိုင်း အသက်ကြီးနေပေမဲ့ မွေးနေ့ဆိုတဲ့ ရက်ရောက်ရင်တော့ တနှစ်ဆိုတာ ချက်ချင်း ခုန်တက်ပြီး ကြီးသွားတာ ထုံစံပဲမို့.. လေးပေါက်လည်း မနှစ်ကထက် ဒီနှစ် တနှစ်ပိုကြီးသွားပြီ။
    အစစ အရာရာ အဆင်ပြေပါစေ။
    ကျန်းမာပျော်ရွင်ပြီး မဒမ်ပေါက် နဲ့ နှစ်ပေါင်းများစွာ ဆက်လက် ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

    လေးပေါက် ရောက်ရှိနေတဲ့ နေရာ ရောက်ရှိနေတဲ့ အရပ်သည်လည်း ဆန္ဒနဲ့ ဘဝ တထပ်တည်းကျပါစေ။

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 11:02 am

    ဟပ်ပီးဘတ်ဒေးပါ မစ်ချတာအန်ခယ်အူးလေးပေါက်ခင်ည
    မနက်ပိုင်း အစီအစဉ်ကတော့ တည်ခင်းဧည့်ခံပြီးသွားသမို ့..
    ညပိုင်းအစီအစဉ်လေး..အဟေး..ဟေး..
    😀

  • amatmin

    July 3, 2012 at 11:10 am

    နေ့ရက်တိုင်းမှာ ကိုယ်လုပ်ချင်ရာကို စိတ်တိုင်းကျလုပ်နေရတဲ့အချိန်တွေ ပိုများများရလာပါစေဗျ..

  • Shwe Tike Soe

    July 3, 2012 at 11:11 am

    လေးပေါက် ဟက်ပီးဘက်ဒေး နော်… ညနေ အင်ပါယာ မှာ စောင့်နေမယ်… အမ်းပလပ်လေး နားထောင်ရင်း လေပန်းကြမယ်….

    သီးစုံဖျော်ရည်နဲ. ကျောက်ကျော ကောင်းသဗျာ……..ရှလွပ်………… 😀

  • etone

    July 3, 2012 at 11:20 am

    လမုန့်ကိုတော့ အကြိုက်ဆုံးပဲ … နှစ်ကိုက်လောက် လာကိုက်သွားတယ်နော် … ။
    မွေးနေ့လက်ဆောင်ကတော့ … ဖလိုင်းကစ်လုပ်သွားတယ် .. အဟိ 😳

  • Moe Z

    July 3, 2012 at 11:21 am

    လေးပေါက်ရေ … နောက်ထပ်နှစ်ပေါင်းများစွာ
    ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ကျော်ဖြတ်နိုင်ပါစေနော် ..
    မုန့်တွေကတော့ မစားရပေမယ့် စားရတယ်လို့ပဲသဘောထားလိုက်ပါ့မယ် 🙂

  • Ma Ei

    July 3, 2012 at 11:26 am

    ကိုပေါက်ရေ…
    မိသားစုနှင့်အတူ
    ပျော်ရွှင် ကျန်းမာ ချမ်းသာ စွာနဲ့
    စိတ်သွားရာ ကိုယ်ပါနိုင် ပါစေကြောင်း
    ဆုမွန်တောင်းပေးပါတယ်နော်…
    ထိုးမုန့်၊ပဲလမုန့် အရမ်းကြိုက်ပါတယ်…

  • မစ္စတာ တောက်တဲ့

    July 3, 2012 at 11:41 am

    ဖေဂျီးရေ …
    ဟက်ပီးဘတ်ဒေး တူးယူ ပါနော့ ..
    ယနေ့မှစ နှစ် ၁၀ဝ တိုင်အောင်
    နေလိုရင်လည်း နေနိုင်ပါစေလို့လည်း
    ဆုတောင်းပေးလိုက်ပါတယ်နော့ ..
    ဖေဂျီးကျွေးတဲ့ မုန့်ကိုလည်း စားသွားပါကြောင်း ..

  • Novy

    July 3, 2012 at 11:53 am

    တူလေးကိုပေါက်ရဲ့ 25 နှစ်မြောက်
    မွေးနေ့ကို တီတီနိုဗွီ ဂုဏ်ပြုလိုက်ပါတယ်ကွယ်

    ယနေ့မှစ နှစ်ပေါင်းများစွာ လိုအင်ဆန္ဒတွေ မတောင်းပဲပြည့်ပါစေလို့

    တီတီနိုဗွီ

  • laypai

    July 3, 2012 at 12:21 pm

    Happy Birthday! ပါ နော့်။
    မွေးနေ့ လက်ဆောင် ကို ယောက်ျား ချင်းဆို တော့ etone လို ဖလိုင်းကစ် မလုပ်တော့ ဘူး။
    online kiss ပဲ လုပ် တော့ မယ်။

  • ကိုရင်မောင်

    July 3, 2012 at 12:23 pm

    မနက်ဖန် 4.7.2012 ကျရောက် 7နှစ်( 5+2=7 ) မြောက်မွေးနေ့မှ 12000 တိုင်
    ချစ်ဇနီးသားသား မီးမီး မြေး မြစ် တီ ကြွတ် တို့နှင့်အတူ ကျမ်းမာပျော်ရွင်စွာ
    ဘဝခရီးလျှောက်လှမ်းနိုင်ပါစေ လို့ဆုတောင်လိုက်ပါတယ်……..
    မန်းလေးမုန့်တွေကို..
    သရေကျအောင်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…
    မန်းလေးရောက်မှဘဲ..တကယ်စားတော့မယ်ဗျို….
    ဝမ့်စွေ့..ဝမ့်စွေ့..ဝမ့်ဝမ့်စွေ့…..
    (အသက်ကို မနိုဗွီ ရေးတဲ့အသက်ကိုမှီငြမ်းထားပါကြောင်း)
    ….ခင်မင်ရတဲ့ ကိုရင်မောင်…….

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 12:24 pm

    H@PPY BIRTHD@Y…. 🙂 ကိုပေါက်
    EVER SMILE…. 🙂
    NEVER CRY…. :'(
    GOOD LUCK…. !
    မွေးနေ့မှ နောက်နှစ်ပေါင်းများစွာ…
    ပျော်ရွှင်ပါစေလို့…..
    မိုက်လေး …ကလည်း ဆုတောင်းပေးပါတယ်ဗျာ….။

  • Mon Kit

    July 3, 2012 at 12:26 pm

    ” HAPPY BIRTHDAY LAY PAUK “

  • ရွာစားကျော်

    July 3, 2012 at 12:55 pm

    ဆိုင်းသံကြားလို့ အပြေးလာစားတာ
    မွေးနေ့ရှင် လေးပေါက် ဒီထက် ပို လက်ဆော့နိုင်ပါစေ.. အတွေးပါးပါး လက်ဆောင်လေးတွေ ဆက်လက်ဝေမျှ လို့ သက်တော်ရာကျော် ရှည်ပါစေဗျာ..
    ရွာစားချုပ်နဲ့ ဂျူနီယာအတွက် ပါဆယ်ဆွဲသွားအုံးမယ်နော်..

  • နွယ်ပင်

    July 3, 2012 at 1:18 pm

    လေးပေါက်ကြီး မွေးနေ့မှာ ပျော်ရွှင်ပါစေ…
    မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် မဒမ်ပေါက်နဲ့ အတူ
    ပျော်ရွှင်သာယာသော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေ ….
    လေးပေါက်ရေ အခုပဲ ထမင်းစားပြီးသွားလို့ သီးစုံဖျော်ရည်လေး
    သောက်သွားပါတယ် ကောင်းလိုက်တာ …. 🙂

  • myanmarcitizen

    July 3, 2012 at 1:27 pm

    ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေဗျာ။ ထိုးမုန့်လေးတော့ စားချင်သားဗျာ။

  • နှင်းဆီ ငုံ

    July 3, 2012 at 1:50 pm

    ဒီနေ့မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ၊ တိတ်တိတ်လေး တောင်းနေတဲ့ ဆုလည်းပြည့်ပါစေနော်

  • Rose Minn

    July 3, 2012 at 2:36 pm

    “sa nig shu kar , ham mi thar ” ကိုရီးယားလို မွေးနေ့မှာပျော်ရွှင်ပါစေလို့ပြောပါတယ်။လေးလေးရေ။ မန်းလေး လားရင် မုန့်တွေ အဝကျွေးပါနော်။ နောင်နှစ်ပေါင်းများစွာတိုင် မဒန်ပေါက်နဲ့ အတူ ပျော်ရွှင်သော ဘဝလေးသို့………………

  • ရွာထဲမှာရှိရှိသမျှသောရွာသူရွာသားများအား ကျေးဇူးတင်ပါ၏။
    နောင်တချိန်ချိန်မှာတော့အခုလို ပုံကလေးနဲ့ကျွေးရတာမဟုတ်ဘဲ
    အတူတကွ မျက်နှာချင်းဆုံ၍စားချင်ပါ၏။

  • pan pan

    July 3, 2012 at 3:25 pm

    လေးလေးပေါက်
    ဒီထက်ပိုပီး စာများများရေးပီး ဒါ့ပုံများများရိုက်နိုင်ပါစေ

    စားစရာတွေတော့…
    ဂလု..ဂလု

  • surmi

    July 3, 2012 at 3:54 pm

    ကိုကြီးပေါက်
    ရောက်လေရာရာမှာစိတ်ချမ်းသာ၍ နှစ်ပေါင်းများစွာ
    ပျော်ရွှင်ဖွယ်မွေးနေ ့များဆင်နွှဲနိုင်ပါစေကြောင်း
    နှစ်ပေါင်း ၁၂ဝ မကအသက်ရှည်ပါစေကြောင်း

  • Mလုလင်

    July 3, 2012 at 4:49 pm

    အချိုတည်း စားစရာထဲမှာ ထိုးမုန့် .. လမုန့် ကို တော်တော် လေးကြိုက်တော့ မြင်ရရင် မနေနိုင်ဘူး …. တကယ် စားချင်လိုက်တာဗျာ …….။

  • snow white

    July 3, 2012 at 5:11 pm

    လေးလေးပေါက်မွေးနေ့မှတိုင် နောင်နှစ်ပေါင်းများစွာများမန်းဂေဇက်ရွာသူ/သားတွေ ချစ်ချစ်ခင်ခင်စည်းလုံးညီညွတ် စွာနဲ့ပျော်ရွှင်စွာနေနိုင်ပါစေ နော် အပြင်မှာကောတကယ်မကျွေးဘူးလား လက်ဆောင်ပေးမှာပေါ့ မန်းဂေဇက်ရွာသူ/သားတွေကိုမပြင် မှာတစ်ဝိုင်းကျွေးသင့်တယ်နော် ။

Leave a Reply