ကျွန်တော် ပုံဖော်မိသော နိဗ္ဗာန်…..
ကျွန်တော် ဖတ်သမျှ မှတ်သမျှ ကြားနာဖူးသမျှများထဲမှ ကျွန်တော်ပုံဖော်ရလာတဲ့ “နိဗ္ဗာန်”ကို ပုံဖော်ပြချင်ပါတယ်။
ကျွန်တော်နဲ့ မတန်မရာ လို့ပြောလဲ ကျေနပ်ပါတယ်။ ကျွန်တော်ဟာ တနေရာမှာ ပြောခဲ့သလို ဆရာမာဃ ရေးတဲ့ နိဗ္ဗာန်သမိုင်း ကိုလဲ ဖတ်ဖူးပါတယ်။ ဒီနှစ်ပိုင်းလောက်မှ စာရေးဆရာတစ်ဦးပြုစုတဲ့“ပညာရှင်များ ပြောတဲ့ နိဗ္ဗာန်”ဆိုတဲ့ စာအုပ်ကိုလဲတွေ့ရပါတယ်။ စာအုပ်ရဲ့နောက်ကျောဖုံးမှာကို ဆရာတော်များရဲ့ တပါးတမျိုးအယူအဆတွေကို အတိုချုပ် တင်ပြထားပါတယ်။
လယ်တီ… အုဋ်ဖို… မြောက်ပြင်ကြီး… ဆရာတော် ဦးဇနက… စတဲ့စတဲ့ ဆရာတော်ကြီးတွေရဲ့ နိဗ္ဗာန်အယူအဆ အမျိုးမျိုးတွေကို တင်ပြထားပါတယ်။ တပါးနဲ့တပါးလဲ မတူကြပါဘူး။
ကဲ…. ဒါတွေပြောလဲ ရှေနေပါလိမ့်မယ်။ အခုပြောမှာကတော့ ကျွန်တော်မြင်မိတဲ့ “နိဗ္ဗာန်”ပုံလေးပေါ့။
ဘာကို အခြေခံပြီး ပြောမလဲဆိုရင် သစ္စာလေးပါးကို အခြေခံပါ့မယ်။
ဘုရားက သစ္စာလေးပါး ဟောခဲ့ပါတယ်။ ဘုရားရဲ့ တရားအားလုံးကိုပေါင်းရင်လဲ ဒီသစ္စာလေးပါးထဲက မလွတ်ဖူးလို့ ဆိုပါတယ်။
အရိယသစ္စာ ၄=ပါး။ (အရိယာတွေသိထားတဲ့ အမှန်တရား ၄=ခု)
၁=ဒုက္ခအရိယသစ္စာ- လူသားတွေမှာ ဆင်းရဲခြင်းဆိုတာတွေ အမှန်ရှိတယ်။
၂=ဒုက္ခသမုဒယ အရိယသစ္စာ- အဲဒီလူသားတွေမှာ ဆင်းရဲ ရတဲ့ အကြောင်းတရားဆိုတာလဲ အမှန်ရှိတယ်။
၃=ဒုက္ခနိရောဓအရိယသစ္စာ=လူသားတွေမှာဖြစ်တဲ့ ဆင်းရဲခြင်း ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန် ဆိုတာလဲ အမှန်ရှိတယ်။ ဒီမှာ ““နိဗ္ဗာန်””
၎=ဒုက္ခ နိရောဓ ဂါမိနိ ပဋိပဒါ အရိယသစ္စာ= အဲဒီဒုက္ခတွေ ချုပ်ငြိမ်းသွားအောင် ကျင့်ရမယ့် လမ်းစဉ်တွေဆိုတာလဲ အမှန်ရှိတယ်။
အတိုချုပ်ကြည့်တော့ သစ္စာလေးပါးဆိုတာ…လူသားတွေမှာ…
ဆင်းရဲတွေရယ်။
ဆင်းရဲရတဲ့ အကြောင်းများရယ်။
အဲဒီဆင်းရဲချုပ်သွားခြင်း(နိဗ္ဗာန်)ရယ်။
အဲဒီဆင်းရဲချုပ်ဖို့ အကျင့်လမ်းစဉ်ရယ်။
ဆိုပြီး ၄=မျိုးကို အရိယသစ္စာ.. အရိယာတွေသိမြင်တဲ့ အမှန်တရား ၄=ခုလို့ဆိုတာပါပဲ။ သစ္စာလေးပါးဆိုတာ ဒါပါပဲ။
ဒီအမှန်တရား သစ္စာလေးပါးထဲမှာ နံပါတ်သုံး သစ္စာဟာ “နိဗ္ဗာန်”ပါပဲ။ နိဗ္ဗာန်ဆိုတာ ဒုက္ခနိရောဓ.(ဒုက္ခချုပ်ရာ)လို့ အတိအကျဟောပါတယ်။
ဒါပါပဲ… နိဗ္ဗာန်ဆိုတာ ဒုက္ခချုပ်ရာ။ သေချာမှတ်ခဲ့နော်.. နိဗ္ဗာန်ဆိုတာ ဒုက္ခချုပ်ရာ။
ဒါပဲ… ဒုက္ခချုပ်ရာ နိဗ္ဗာန်ဆိုတာက ငြင်းစရာမလိုဘူး။ အားလုံးလက်ခံတယ်။
အဲ…ကွဲသွားတာက.. ဘယ်ဒုက္ခလဲ။
ဘယ်ဒုက္ခချုပ်ငြိမ်းရာလဲ… အဲဒီဒုက္ခက ဘာကြောင့်ဖြစ်တာလဲ။ ဘာကြောင့်ဖြစ်တဲ့ ဘယ်ဒုက္ခငြိမ်းရာလဲ။ (ရှင်းပါသေးတယ်နော်)
ဒုက္ခချုပ်ငြိမ်းသွားတာ နိဗ္ဗာန်ဆိုတော့ ဘယ်ဒုက္ခတွေ ချုပ်ငြိမ်းသွားတာလဲ။
နေပူတဲ့ဒုက္ခ။ မီးပျက်တဲ့ဒုက္ခ။ ဖျားနာတဲ့ ဒုက္ခ။ အဲဒီဒုက္ခတွေချုပ်ငြိမ်းသွားတာမျိုးလား။ သေချာစဉ်းစားမိတယ်။ အဲဒီ ဒုက္ခတွေ ချုပ်ငြိမ်းဖို့ကတော့ နေပူရင်အရိပ်ထဲဝင်။ မီးပျက်တော့ မီးစက်ဆောင်။ ဖျားနာတော့ ဆေးသောက်.. သိပ်မခက်သလိုပဲ။
ဒီလိုဆို ဘယ်လိုလုပ်မလဲ… ဘယ်ဒုက္ခလဲ.. ဘုရားစကားပြန်ကောက်ရအောင်..
ဒုက္ခသစ္စာသည် သမုဒယ သစ္စာ(ကိလေသာ တဏှာ) ကြောင့်ဖြစ်သည်လို့ ဟောခဲ့ပါသည်။
အဲလိုဆို ကိလေသာ တဏှာကြောင့် ဖြစ်တဲ့ ဒုက္ခချုပ်ငြိမ်းရာကို “နိဗ္ဗာန်” လို့ဆိုရပါမယ်။
ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတာ ငြင်းစရာမရှိပါဘူး။
ဒါပေမယ့် ဘယ်ဒုက္ခ ချုပ်ငြိမ်းရာလဲဆိုတာမှာ ပြဿနာပါ။
ဒီတော့ ဒုက္ခကိုဖြစ်စေတဲ့ အကြောင်းတရားကိုရှာကြည့်တော့ သမုဒယဆိုတဲ့ ကိလေသာနဲ့တဏှာကိုတွေ့ပါတယ်။
ဒီလိုဆိုရှင်းပြီပေါ့.. ကိလေသာနဲ့ တဏှာကြောင့် ဖြစ်တဲ့ ဒုက္ခချုပ်ငြိမ်းရာပေါ့။
ဒီနေရာမှာ ဒီနေ့ကောက်နေကြတာက ဒုက္ခအားလုံးချုပ်ငြိမ်းရာကို နိဗ္ဗာန်လို့ကောက်ကြပါတယ်။ ဖျားတဲ့ဒုက္ခရော.. နာတဲ့ဒုက္ခရော.. ရေကြီးတဲ့ ဒုက္ခရော… လူအိုတဲ့ဒုက္ခ.. လူနာတဲ့ဒုက္ခ.. အဲဒီလို ဒုက္ခမှန်သမျှကောက်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီနေပူ ဖျားနာ လူအို လူနာ ဒုက္ခတွေဟာ ဒီခန္ဓာကိုယ်ကြီးရနေလို့ တွေ့ရတာ။ ဒီခန္ဓာကိုယ်ကြီးရတာက အရင်ဘ၀က တဏှာကြောင့်ရတာ။ ဒါကြောင့် တဏှာကိုပယ်သတ်မှ နောင် ဒီခန္ဓာကိုယ်ကြီး မရမှာ။ ဒီခန္ဓာကိုယ်ကြီးမရတော့ရင်… ဘာမှ မဖြစ်တော့ရင် ဘာမှ မရှိတော့လို့ ဒုက္ခငြိမ်းပြီ။ အဲဒါ နိဗ္ဗာန်လို့လုပ်ကြပါတယ်။
ဒီလိုဆို ပြဿနာက တက်လာပါတယ်။ ဘာမှမရှိတော့လို့ ဘာဒုက္ခမှဖြစ်စရာမရှိတော့လို့… ဘာဒုက္ခမှမဖြစ်လို့ ဒုက္ခ မခံစားရတာ နိဗ္ဗာန် ဆိုရင်….
ဘာမှမရှိမှတော့ နိဗ္ဗာန်ဆိုတဲ့ ငြိမ်းအေးမှု သုခ ကိုရော ဘာကခံစားနိုင်တော့မှာလဲ။
ဒုက္ခဖြစ်စရာ လူ။
ဒုက္ခကို ဖြစ်စရာ လူ မရှိလို့… ဒုက္ခ မခံစားရတော့တာဆိုရင်.. သုခကိုရော ခံစားစရာလူရှိဦးမှာလား။
လူမှာ ခေါင်းကိုက်တဲ့ ဒုက္ခ ခံစားရလို့… အဲဒီဒုက္ခမခံစားရအောင် ခေါင်းကိုဖြတ်ပစ်လိုက်ရင်….
ခေါင်းကိုက်ဒုက္ခ မခံစားရတော့ပေမယ့်။ ခေါင်းကိုက်ပျောက်သွားတဲ့ သုခကိုရော ခံစားနိုင်ပါဦးမလား။
ဒါကြောင့် ခေါင်းကိုက်တဲ့ ဆင်းရဲက လွတ်ပြီး ချမ်းသာလေးခံစားချင်တယ်ဆိုရင် ခေါင်းကိုဖြတ်ရမှာ မဟုတ်ဘူး။ ခေါင်းကိုက်စေတဲ့ ရောဂါကို ပျောက်အောင် ဖျောက်ပစ်ကုပစ်ရမှာ။
ဒီအတိုင်းပဲ နိဗ္ဗာန် ချမ်းသာကို ခံစားရဖို့အတွက်ဆိုရင်.. ခံစားသူလူဆိုတာ ရှိပြီး.. လူမှာကိလေသာကြောင့်ဖြစ်တဲ့ ဒုက္ခဆင်းရဲတွေကိုပဲမဖြစ်အောင် ဒုက္ခကို ဖြစ်စေတဲ့ ကိလေသာတဏှာတွေကိုပယ်ရမှာ။
အဲဒီ နိဗ္ဗာန် ရောက်ဖို့အတွက် ဘုရားက “ရဟန္တာ”ဖြစ်အောင် အားထုတ်ခိုင်းပါတယ်။ လမ်းညွှန်ပြပါတယ်။ရဟန္တာဖြစ်ရင် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီလို့လဲ ဟောပါတယ်။
“ရဟန္တာ”ဆိုတာကလဲ လူမှာ ကိလေသာ လုံးဝကင်းသွားတာကို ဆိုပါတယ်။
ကိလေသာက လူကို ဒုက္ခဖြစ်စေလို့ မငြိမ်းချမ်းစေလို့ ဒုက္ခကိုဖြစ်စေတဲ့ ကိလေသာကို လူကနေအပယ်ခိုင်းတာပါပဲ။
ဒါလောက်ဆိုရင် သဘောလောက်တော့ အတန်ပေါက်နိုင်လောက်မယ်ထင်ပါတယ်။
အဲနည်းနည်းတော့ ရှည်ချင်ပါသေးတယ်။ နိဗ္ဗာန်ကို ဘယ်အချိန်ရမှာလဲ။ ဘယ်အချိန် နိဗ္ဗာန်ကို ဆိုက်ရောက်မှာလဲ။ ဒါလဲ ပြောခဲ့ချင်ပါတယ်။
စာအရပြောရင်…ဒုက္ခကိုသိမြင်လိုက်တဲ့အချိန်မှာ ဒုက္ခဖြစ်ကြောင်း သမုဒယ ကိလေသာကိုလဲ တခါထဲ တပြိုင်နက်ပယ်ပြီး အဲဒီတချိန်ထဲမှာပဲ နိဗ္ဗာန်ကို ရတာပါ။
ဒုက္ခကို ခုသိအောင်လုပ်။ သိပြီဆိုရင် နက်ဖန်ခါ ဒုက္ခဖြစ်အောင်လုပ်တဲ့ ကိလေသာကိုပယ်။
နောက်နေ့ကျ နိဗ္ဗာန်ရောက်.. အဲဒီလို မဖြစ်ရပါဘူး။
ဒုက္ခ“သိ”တာရယ်။ ကိလေသာ“ပယ်”တာရယ်။ နိဗ္ဗာန် “ဆိုက်”တာရယ်။ မဂ် “ပွား” တာရယ်ဟာ တပြိုင်နက်ထဲဖြစ်ရတာပါ။
အဲဒါကတော့ သိ” ပယ်” ဆိုက်” ပွား” ဆိုတဲ့ သစ္စာလေးပါးဟာ တပြိုင်နက်ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းပါပဲ။
အဲဒါကြောင့် နိဗ္ဗာန်ကို ဘယ်အချိန်ရမှာလဲဆိုရင်… ဒုက္ခကို သိမြင်လိုက်တဲ့အချိန် ရမှာပါပဲ။ ခုသိ ခုရနိုင်တယ်လို့ဆိုပါတယ်။
အင်္ဂုလိမာလကြီး ဘုရားနဲ့တွေ့လိုက်တယ်။ တရားလေးနာယူပြီးဆွေးနွေး။ ကိလေသာကြောင့်ဖြစ်တဲ့ ဒုက္ခကို သိမြင်သွား။ ကိလေသာကြောင့် ဒုက္ခဖြစ်တာ သိတော့ ကိလေသာကို တခါထဲပယ်။ ဒီတော့ ချက်ခြင်း ရဟန္တာဖြစ်။ ချက်ခြင်းနိဗ္ဗာန်မျက်မှောက်ပြုသွားတယ်။ အဲလိုယူဆပါတယ်။
(အဲဒီနေရာမှာ စာသမားပေသမားတွေက ရဟန္တာဖြစ်ဖြစ်ခြင်း နိဗ္ဗာန်ချမ်းသာ ခံစားသွားတာက.. ဘာနိဗ္ဗာန်။ နောင်ဘ၀ကျမှ.. ဘာမှမဖြစ်တော့မှ ရတဲ့နိဗ္ဗာန်က ဘာနိဗ္ဗာန်လို့ ခွဲပြီးဆိုနိုင်ပါတယ်။)ငြင်းစရာ အကြောင်းမရှိပါ။
အဲဒီလို နောင်ဘာမှမဖြစ်တော့မှ ရတဲ့နိဗ္ဗာန် မသေချာလဲ ကျွန်တော်ပြောတဲ့ နိဗ္ဗာန်ကတော့ လက်တွေ့ သေချာတဲ့နိဗ္ဗာန်ပါ။
အပေါက်ပိတ်ထားလို့ မှောင်နေတဲ့အခန်း..
အပေါက်ဖွင့်လိုက်တာရယ်။ အလင်းရောက်လိုက်တာရယ်။ အမှောင်ပျောက်သွားတာရယ်။ ဒါတွေဟာ တပြိုင်နက်ဖြစ်သလိုပါပဲတဲ့။
ဒါတွေကတော့ ကျွန်တော် လျှာရှေတာပါ။ ဒီနေ့တင်ပြတာက ဟိုနေ့က နိဗ္ဗာန်အကြောင်းပြောကြလို့ ရေးမိတာပါ။
ဒီရေးသားမှုဟာ ကျွန်တော်ရဲ့ပုံဖော်မြင်မှုသာဖြစ်ပါတယ်။ နောက်ပြီး နိဗ္ဗာန်ကို သဘောပေါက်ရုံလောက်လေးသာဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်ဖို့အကျင့်..မဂ်အကျင့်တွေ မပါပါဘူး။
သစ္စာလေးပါးအရလဲ နိဗ္ဗာန်ဆိုတာ ကိလေသာကြောင့် ဖြစ်တဲ့ ဒုက္ခချုပ်ရာ။
လူပုဂ္ဂိုလ်သဘောအရဆိုရင်လဲ နိဗ္ဗာန်ဆိုတာ ရဟန္တာတွေ မျက်မှောက်ပြုတာ။
ရဟန္တာဆိုတာကလဲ ကိလေသာမရှိတဲ့ လူကိုပြောတာ။
ဒီလောက်ရှိရင် ဆက်စပ်တွေးခေါ်ပုံဖော်နိုင်ကြလောက်ပါပြီ။
ဂျပန်ပုံပြင်လေး…
ဆာမူရိုင်းတစ်ဦး။ ဘုန်းကြီးတပါးထံရောက်။ ငရဲနဲ့နိဗ္ဗာန်ကို ပြောပြတဲ့။
ဘုန်းကြီးက “မင်းလိုသွေးစွန်းနေတဲ့ အရိုင်းအစိုင်း ဆာမူရိုင်း ပြောလဲ ဘာသိမှာလဲ။”
ဘုန်းကြီးဘာပြောတာလဲ.. ဓားဆွဲ… ဒီတော့ဘုန်းကြီးက
“အေး အဲဒါငရဲပဲ” ဒီတော့မှ ဆာမူရိုင်းက သူအမှားသူမြင် ဘုန်းကြီးစကား သဘောဝင်ပြီး ပြုံးသွားပြန်တော့
ဘုန်းကြီးက နိဗ္ဗာန်ဆိုတာ အဲဒါပေါ့လို့ ပြောလိုက်ပါသတဲ့။
ဆာမူရိုင်းဆိုတဲ့ လူ့စိတ်လေးမှာ.. ဒေါသ၀င်တော့ ပူလောင်သွားမှာပေါ့..ငရဲ။
ဆာမူရိုင်းဆိုတဲ လူ့စိတ်လေးမှာ ဒေါသမ၀င်ဘဲ..တောက်ပြောင်နေတဲ့ လူ့ပင်ကိုယ်စိတ်လေး ချည်းပဲ ဖြစ်နေတော့ ငြိမ်းချမ်းနေတာပေါ့။ နိဗ္ဗာန်။
လူမှာ ကိလေသာကြောင့်ဖြစ်တဲ့… ဒုက္ခချုပ်ငြိမ်းသွားခြင်းသည်။ ငြိမ်းအေးသည်။
ထိုကြောင့် ကိလေသာကင်းသော လူ(ရဟန္တာ)ဖြစ်အောင် ကျိုးစားခိုင်းသည်။
လူ့အဆင့်အမြင့်ဆုံးသော လူသည်..လူ့အဆင့်အမြင့်ဆုံလူ(ရဟန္တာ)ဖြစ်သည်။
မှားလျှင်ပြုပြင်နိုင်ပါသည်။ မှားခဲ့လျှင် ကျွန်တော်အမြင်သာဖြစ်ပါသည်။
မှားမှန်းသိလျှင် ပြင်နိုင်ပါသည်။ သစ္စာလေးချက်စည်းနှင့်တော့ ညီရပါမည်။
အန်ကယ်ဇောက်ရေ
အားပေးဖတ်ရှုသွားပါတယ်နော်
တကယ်ပဲကောင်းပြီးအရေးအသားပြောင်မြောက်လှပါပေတယ်
Was this answer helpful?
LikeDislikeဟဲ့ မိညာ… မိလိမ်..အဲဟုတ်ပေါင်.. မိညာ.. ကောင်းရင်ကောင်းတယ်။ ဘာကြောင့်ကောင်းတယ်. သေချာပြော… ခုမိညာစာမတွေ့ရပြန်ဘူး။
Was this answer helpful?
LikeDislikeအူးဘဇင်းရေ အခုဖုန်းနဲ့သုံးနေတာမို့ ကွန်မင့်ဆွမ်းဘဲ လောင်းခဲ့ပါတယ်။ ခဏနေကြမှ ပြန်လာခဲ့ပါမယ်ဗျား…
Was this answer helpful?
LikeDislikeယခုကဲ့သို့ ဒုတိယအဖြစ်နဲ့ချည်း ဆွမ်းလောင်းရသောကုသိုလ်ကောင်းမှုများကြောင့်..
(သေချာပေါက်ရတဲ့ဆုကိုပေးမည်)
ကိုယ်လုပ်တဲ့အတိုင်း ဖြစ်ပါစေ…
Was this answer helpful?
LikeDislikeမိညာလဲစားတော့တင်ချင်ပါတယ်အန်ကယ်ဇောက်ရဲ့
ဘာစာသင်ရမယ်မသိဘူးလေ
အရေးအသားကမပြောင်မြောက်
အစပ်အဟပ်ကမတည့်
ရေးပုံရေးနည်းကဘောက်ဆက်ဆက်ဆိုတော့……………..ဟီးးးးးးးးးးးး
Was this answer helpful?
LikeDislikeအန်ခယ်လ် အူးဘဇင်း ကိုကိုဇောက် ရှိနေတော့ ရွာထဲက ငမူးအနေနဲ့  ဂုဏ်ယူမိပါတယ်ဗျာ..
ကျော်လဲ ကိလေသာ ငြိမ်းချင်ပေမဲ့….မငြှိမ်းနိုင်သေးပါဘု..ရှိုဒါ ၀န်ခံပါရစေဂျာ..
တဖြည်းဖြည်းတော့ နီးစပ်လာမယ် မျှော်လင့်ပါဂျောင်း
Was this answer helpful?
LikeDislikeကိလေသာ ငြိမ်းချမ်းချင်တယ်ဆိုရင်…. ကိလေသာကြောင့် ဖြစ်တဲ့ ဆင်းရဲဒုက္ခကိုသာ သိအောင် လုပ်ပါ။ အဲဒီလိုတွေ သိဖို့ ပထမဆုံးအရေးအကြီးဆုံးကတော့ လူနဲ့ကိလေသာ ခွဲမြင်ဖို့ အရေးအကြီးဆုံးပါပဲ။
အရက်သောက်ခြင်းမှာ.. ကိလေသာနဲ့သောက်ခြင်းနဲ့… ကိလေသာမဟုတ်တဲ့သောက်ခြင်းကို ခွဲပြီးမြင်အောင်ကြည့်ပါလေ။
ကိလေသာကို မမြင်ရင်… ကိလေသာကြောင့်ဖြစ်တဲ့ ဒုက္ခကိုသိမည်မဟုတ်။
ကိလေသာမှ မမြင်ရင် ကိလေသာကို ပယ်ဖို့ဝေးစွ..
Was this answer helpful?
LikeDislikeကိုဇောက်ထိုးရေ..
ဘုန်းကြီးက…ဆာမူရိုင်းကို ဒေါသဆိုတဲ့ ငရဲကိုပြပြီး..ဒေါသမ၀င်ဘဲ..တောက်ပြောင်နေတဲ့ လူ့ပင်ကိုယ်စိတ်လေး ချည်းပဲ ဖြစ်နေတော့ ငြိမ်းချမ်းနေတာပေါ့။ နိဗ္ဗာန်။ကိုပြပေး သလို…
” လောဆိုတဲ့ ရန်သူ(တဏှာ) နတ်ဗြဟ္မာ ကိုပြပြီး…လောဘ စိတ်မ၀င်ဘဲ..တောက်ပြောင်နေတဲ့ လူ့ပင်ကိုယ်စိတ်လေး ချည်းပဲ ဖြစ်နေတော့ ငြိမ်းချမ်းနေသော နိဗ္ဗာန်ကိုလည်း ဥပမာပေးပြီး ပြပေးပါဦး?…
Was this answer helpful?
LikeDislikeko out ရေပြပေးပါဦးလို့ ပြောမယ့်အစား ။ပြောလိုက်ရင် ကောင်းမှာဗျာ
Was this answer helpful?
LikeDislikeသစ္စာလေးချက်စည်းနှင့်တော့ ညီရပါမည်။ ဆိုတဲ့စည်ကမ်း တော့ သဘောတူပါတယ်။
သစ္စာ ဆိုတာ အမှန်တရားဆိုတော့ ဘယ်အချိန်ယူသုံး သုံး မှန်နေမှ သစ္စာ ပေါ့၊
ဒါမှ ဘာသာရေးလဲ ရူပ.ဓာတုဗေဒ တွေလို ခိုင်မာပြီး သင်လို့ .ချပြ. သက်သေပြလို့ရမှာ၊
အမြဲမမှန်ရင်တော့ သစ္စာမထိုက်လို့ပေါ့.(အကာလိကောနဲ့ မညီဘူးပေါ့)
ဘာသာရေးဆွေးနွေးခန်းတိုင်း ဒီစည်းလေးရှိကြ ၇င် ကောင်းမယ်.
ဒါမှ ဆွေးနွေးလို့ရမှာ
Was this answer helpful?
LikeDislikeဘာသာရေးဆွေးနွေးခန်းတိုင်းမှာ စည်းကမ်းတွေရှိသင့်ပါတယ်။ အဲဒီစည်းကမ်းတွေကတော့ တရားမှာရှိနေရမယ့် စည်းကမ်း 6=ချက်ပါပဲ။
ဘု၇ားဆိုတာကလဲ ဘုရားဂုဏ် ၉=ချက်နဲ့ညီရပါမယ်။
တရားဆိုတာကလဲ တရားဂုဏ် ၆=ချက်နဲ့ညီရပါမယ်။
သံဃာဆိုတာလဲ သံဃာဂုဏ် ၉=ချက်နဲ့ညီရပါမယ်.။
ရွှေဆိုတာကလဲ ရွှေရဲ့ အရည်အချင်းနဲ့ညီရပါတယ်။ အဲဒီလို သတ်မှတ်ဂုဏ်တွေနဲ့မညီရင် ……
Was this answer helpful?
LikeDislikeဘာဖြစ်မှာလဲပာင်။
Was this answer helpful?
LikeDislikeဦးဇင်းဇောက်… ဟီး ခေါ်လို့တော့ကောင်းသား.
ဦးဇင်းက သစ္စာလေးပါးသိအောင်ကြိုးစားနေတယ်ပေါ့နော်… ဒါဆို မှော်ဆရာနဲ့ ဘယ်သူပို တဏှာစင်လဲ…
Was this answer helpful?
LikeDislikeမှော်ဆရာက ပိုပြီး တဏှာ စင်မယ်လို့ မြင်ပါတယ်။ ထင်တာမဟုတ်ပါဘူး။ မြင်တာပါ။
တဏှာတွေ စင်ကုန်လို့ တကိုယ်လုံးလဲပေနေပါတယ်။ သုတ်ပစ်လိုက်ပါဦး….ဟီးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislike“=လူသားတွေမှာဖြစ်တဲ့ ဆင်းရဲခြင်း ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန် ဆိုတာလဲ အမှန်ရှိတယ်။”
ဆင်းရဲခြင်း ချုပ်ငြိမ်းသွား ပြီဆို ပြီးပြီ မဟုတ်လား
ဖြစ်ကြောင်း ချုပ်ကြောင်း ပြီးရင် ဘာရှိဦးမှာလဲ.. မရှိတော့တာ နိဗ္ဗာန် ဆိုတာလား…
မရှိတော့တာကို ဘာလို့ နိဗ္ဗာန် လို့ နာမည်တပ်သေးတာလဲ..
ရှင်းအောင် မိန့်ပါဦးဘုရား..
Was this answer helpful?
LikeDislikeကိုနွေဦးရေ.. မရှိတော့တာ နိဗ္ဗာန်ဆိုတာ ဟုတ်ပါတယ်။ ဘာမှ မရှိတော့တာ နိဗ္ဗာန်တော့ မဟုတ်ပါဘူး။ ဒုက္ခဆင်းရဲမရှိတော့တာကို နိဗ္ဗာန်လို့ပြောတာပါ။
လူမှာ ဒုက္ခဆင်းရဲ မရှိတော့ ငြိမ်းအေးသွားလို့ နိဗ္ဗာန်လို့ဆိုတာပါ။
လူမှာ ကိလေသာ(သမုဒယ)ကြောင့် ဖြစ်တဲ့ဆင်းရဲဒုက္ခငြိမ်းသွားခြင်းကို..
ဆင်းရဲဒုက္ခမရှိတော့ခြင်းကို နိဗ္ဗာန်လို့ဆိုတာပါခင်ဗျာ
Was this answer helpful?
LikeDislikeဦးဇောက်ထိုးရေ ..နဲနဲတော့ ကွန့် လိုက်ဦးမယ်.
မီးလင်းနေရာက မီးပျက်သွားရင်…” မှောင်တယ်” လို့ သတ်မှတ်တာမလား “မှောင်တယ်” လို့ပြောတယ်နော် ။
ကျွန်တော်တို့ကို “မီးပျက်သွားရင် မှောင်သွားတယ်” လို့ပြောခဲ့ရင် မှောင်တယ် ဆိုတဲ့ အခြေအနေကို ခံစားလို့
ရတယ်နော် ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မှောင်တာကို သိနေတယ်လေ.။
ဒါပေမဲ့ ပြန် ကြည့်ရအောင်..
“မှောင်တယ်” ဆိုတာ ပညတ်ကြီး..။အစစ်အမှန်သိတာက “မှောင်တယ် “ဆိုတဲ့ အခြေအနေပါ ။အခြေအနေကို သိတာပါ.။ဒီလို အခြေအနေကို ပညတ်ထားလို့ မှောင်တယ်လို့ ပြောလိုက်တာနဲ့ သိနားလည် ခံစား လို့ရတယ်မလား။
ဒီလိုဘဲ လင်းတယ်. မှောင်တယ် ပူတယ် အေးတယ် စတာတွေကလဲ ခံစားလို့ရတဲ့ အခြေအနေတွေကို ပညတ်ထားတာတွေ မဟုတ်လား ။
အဲဒီတော့… လောဘ ဒေါသ မာန တွေကြောင့် ဖြစ်တဲ့ ကိလေသာ အရင်းခံ ဒုက္ခ ဆိုတာလဲ ချုပ်ငြိမ်းခဲ့ရင်..
အခြေအနေ တခု ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေကို နိဗ္ဗာန် လို့ ပြောတာမဟုတ်လား.။ နိဗ္ဗာန် ဆိုတာ ဒီလို ကိလေသာချုပ်တဲ့ အခါ ဖြစ်တဲ့ ခံစားရတဲ့ အခြေအနေ ကို ဆိုလိုရင်း မဟုတ်လားခင်ဗျာ..။
ဒီလို လက်ခံနိုင်ပါသလား ။
ဒီလို လက်ခံနိုင်ရင် နိဗ္ဗာန်လို့ ပြောနေတဲ့ “နိဗ္ဗာန်” စကားလုံးက ပညတ်ပေါ့ ။
“ကိလေသာချုပ်တဲ့ အခြေအနေ”မှသာလျှင် ပရမတ် နိဗ္ဗာန် လို့ ပြောရမှာပေါ့။
အဲဒီတော့..နိဗ္ဗာန်ဆိုတာ ပညတ်ပါလို့ ပြောခဲ့ရင် ကျုပ် ဘာဖြစ်သွားပြီလဲ..။
နိဂုံးချုပ်ရရင်တော့..
ကိလေသာချုပ်တဲ့အခြေအနေ (ဘာမှမရှိတော့တဲ့ အခြေအနေ…ကိလေသာ သာလျှင်ချုပ်တာ တခြားဟာတွေ ရှိချင်ရှိနိုင်တယ်) ..ကို နိဗ္ဗာန် လို့ နာမယ်တတ် ပညတ် တာ..
အဲဒီ နာမယ်တတ် ထားတဲ့ နိဗ္ဗာန် ဆိုတာကို ..ဘယ်လို ဘယ် ဝါ ဆိုပြီး ပြောကြ ရှင်းကြ ဆိုတော့ ..
ရှင်းလေ ရှုပ်လေ ပါဘဲလား….။
Was this answer helpful?
LikeDislikeကိုနွေဦးရေ.. လောကမှာ ပညတ်ဆိုတဲ့ သမုတိသစ္စာ ကလွတ်တာမရှိဘူးလို့ထင်ပါတယ်ဗျာ။
နောက် အဲဒီသမုတိသစ္စာဆိုတဲ့ ပညတ်တွေကိုပဲ လူတွေသိအောင်ကြိုးစားနေကြရတာပါ။
အဲဒီ သမုတိသစ္စာဆိုတဲ့ ပညတ်တွေဟာ လူတွေကို အကျိုးအများကြီးလဲ ပြုပါတယ်။
ကလေးထဲကလဲ အဲဒီ သမုတိသစ္စာတွေကို သိအောင်ကြိုးစားနေကြတာပါ။ ဒါပေမယ့်လဲ သေသွားတဲ့အထိ သမုတိသစ္စာကို ဘယ်သူမှ အကုန်သိသွားတယ် မထင်ပါဘူး။
ကွန်ပြုတာ.. မောက်… အင်တာနက်…ဟန်းဖုန်း… ဂယ်လိုဘယ်လိုက်ဇေးရှင်း… မျက်စိ..နား.. အိုးအများကြီးပါ….
Was this answer helpful?
LikeDislikeဦးဘဇင်းဇောက်ရေ…တကယ်က ဒုက္ခဆင်းရဲခြင်း အမှန်ရှိတယ်…
ပျော်ရွင်မှု့ဆိုတာထ၀ရမမြဲဘူး…
ဒုက္ခဆင်းရဲခြင်းကသာနောက်ဆုံးခံစားကြရတာ…
ဘ၀ရဲ့နောက်ဆုံးအချိန်ကျမှ ဆင်းရဲခြင်းဒုက္ခဝေတနာ ခံစားလိုက်ရတဲ့အခါ..
နောင်ဘ၀လူပြန်ဖြစ်ပြီး ဒီလိုဝေတနာတွေထပ်ခံစားရမှာ ကြောက်သွားတော့မှ..
နောက်ရှိသေးတယ်..
ကျနော်တို့ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူတွေမှာသာလက်ခံကြတဲ့
နောင်ဘ၀ဆိုတာပါ..ဒီဘ၀မှာဘယ်လောက်ဘဲချစ်ခင်မြတ်နိုးတွယ်တာကြရတဲ့
မိသားစု အပေါင်းအသင်းတွေရှိနေပေမဲ့ နောင်ဘ၀ကြယင် တကွဲတပြားစီ ကိုယ့်ဘ၀ပေးကုသိုလ်
အကုသိုလ် အရ အသစ်တဖန်လူသစ်တွေနဲ့ပေါင်းဖက်ကြရအုံးမှာနော်..
အယင်ဘ၀ကလဲခုဘ၀လို မခွဲမခွါ ချစ်ခင်မြတ်နိုးခဲ့ကြတဲ့သူတွေရှိကြမှာပါ..
ဘယ်နှစ်ယောက်များပြန်သတိရ ပြန်မှတ်မိတာ ရှိကြလို့လဲ
အကုသိုလ်များလုပ်မိခဲ့ယင် လူ့ဘ၀ပြန်ရဘို့မလွယ်ကြသေးပါဘူး..
ဒါတွေကိုပြန်စဉ်းစားများကြည့်မိခဲ့ယင်..
လူ့ဘ၀မှာမမှတ်တမဲ့နဲ့ ဒုက္ခ ဆင်းရဲခြင်းမှန်းမသိဘဲ သံသရာလည်နေကြရတာမဟုတ်လား
တကယ်များသိလို့ကတော့ နောင်ဘ၀မှာ သတ္တ၀ါပြန်ဖြစ်ရမှာ အတော်ကြောက်ကြမှာပါ..
ဒီအခါ ဒုက္ခဆင်းရဲခြင်းတွေနဲ့မလွတ်တဲ့ဒီဘ၀ထဲကနေလွတ်ချင်လာတယ်
ဘ၀ရဲ့နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့ ဘ၀ရဲ့လွတ်မြောက်ရာတန်ဘိုးကိုသိလာကြတယ်…
တချိန်က အဖြစ်လေးတခုကြုံခဲ့ဘူးတယ်…
သူငယ်ချင်းရဲ့ဖခင်တဦးပါ..သူ့မိသားစုမှာဦးစီးဦးဆောင်နဲ့စီးပွားရေးလုပ်ကိုင်သူပါ..
သာသမီးတွေအရွယ်ရောက်လာတဲ့အချိန် သူကိုယ်တိုင်ကလဲကျန်းမာရေ မကောင်းတဲ့အချိန်
သူရဲ့မိသာစုကသူကိုပြန်ဂရုမစိုက်နိုင်ကြနဲ့ အထီကျန်ဖြစ်ခဲ့ရတယ် ဇနီးကိုယ်တိုင်က အိမ်ထောင်
သည်သမီးဆီမှာလိုက်နေပြီး ခင်ပွန်းသည်ကို ဥပေက္ခာပြုခဲ့တယ်..
ဒီအချိန်မှာ သူငယ်ချင်းရဲ့ဘခင်ဟာ လူဘ၀မှာနေချင်စိတ်မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ်
သေကြောင်းးကြပါတော့တယ် ပထမအကြိမ်အိမ်ထဲမှာရှိတဲ့ရေကန်ထဲကိုခုဆင်းပြီးအဆုံးစီယင်ခဲ့တယ်
သားသမီးတွေသိလို့မသေပေမဲ့ နောက်တကြိမ်ခုန်ဆင်းတဲ့အချိန်မှာတော့..
မသိလိုက်ကြတဲ့အတွက် ကွယ်လွန်သွားရပါတယ်..
အရွယ်ရှိတဲ့အချိန်မှာပျော်ရွင်တဲ့မိသားစုကိုပိုင်ဆိုင်ကြပေမဲ့..ဘ၀ရဲ့နေ၀င်ချိန်မှာ..
သံယောဇဉ်မဖြတ်နိုင်တဲ့ ဘ၀နဲ့ လူ့ဘ၀စိတ်နာတာကိုရင်ဝယ်ပိုက် ရင်ဆိုင်ကြရပါတော့တယ်…
ခရစ္စယာန် နဲ့အစ္စလာမ် ဘာသာတွေကျတော့ ဒီလိုမဟုတ်ပြန်ဘူး..
ဒီဘာသာတွေက ထာဝရတည်မြဲနေမဲ့ ကောင်းကင်ဘုံကိုလက်ခံထားကြတာဆိုတော့
သေပြီးယင် ဘုရားသခင်ရဲ့စကားနားထောင်ယင်
ကောင်းကင်ဘုံမှာထာဝရနေရမယ်လို့ယုံကြည်တာပါ…
ဒီမှာလဲကျနော်ပြောပြချင်ပါတယ် ဘုရားသခင် လူသားတွေကိုစဖန်ဆင်းတုန်းက
ထာဝရအသက်တော်ကိုပေးထားတာပါဘဲ ဒါပေမဲ့ဘုရားသခင်က စည်းကမ်းတခုတော့
ချမှတ်ထားတယ် ဒီအသီးကိုမစားဘို့ အာဒမ်းနဲ့အေ၀ကို ပြောထာတယ်..
ခုထာဝရကောင်းကင်ဘုံမှာလဲထာဝရဘုရားကစည်းကမ်းလေးတော့ထားအုံးမှာပါ…
တို့လူသားတွေကလဲ..ဟင်းဟင်း..လိုက်နာကြမယ်ထင်ပါတယ်..
ကျနော်ပြောချင်တာပြောပြီးပါပြီ..ကိုဇောက်ရေ..အလုပ်သွားလိုက်အုံးမယ်ဗျာ
စာလုံးပေါင်းတောင်ပြန်မစစ်နိုင်ဘူး…
Was this answer helpful?
LikeDislikeဟုတ်ကဲ့ အလုပ်သွားလိုက်ပါဦး ကိုရင်မောင်.. အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့…
လူဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ လိုအပ်ချက်တွေရှိပါတယ်။ အဲဒီလိုအပ်ချက်တွေ ပြည့်ဖို့ အလုပ်လုပ်ကြရပါမယ်။ အလုပ်လုပ်မှ လူ ဆိုတာ ရပ်တည်နိုင်မှာပါ။ လူရှိမှ လူ့ငြိမ်းချမ်းမှုဆိုတာ ရရှိခံစား နိုင်မှာပါ။
အလုပ်လုပ်တာ သေရင်ကိုယ့်နောက်မပါဘူးဆိုပေမယ့် … အလုပ်မလုပ်လို့ မဖြစ်ပါဘူး။ အလုပ်လုပ်တာဟာ မကောင်းမှုတခုမဟုတ်ပါဘူး။
လူဟာ လူ့အလုပ်ကိုလုပ်ရမှာပါ။
စပါးစိုက်တာ လူ့အလုပ်ပါ။
အဲဒီစပါးစိုက်ပျိုးရိတ်သိမ်းရောင်းဝယ်မှုတွေအပေါ် လောဘ ဒေါသ မောဟ ဆိုတဲ့ ကိလေသာတွေနဲ့ ပြုလုပ် ရင်တော့ လောကီအလုပ်လို့ ဆိုချင်ပါတယ်။
အဲဒီစပါးစိုက်မှုရိတ်မှု ရောင်းဝယ်မှုတွေအပေါ် လောဘ ဒေါသ မာန စတာတွေမပါဘဲ ကိလေသာကင်းကင်းနဲ့လုပ်တဲ့အလုပ်ဆိုရင်…
ကိလေသာဆိုတာ လောကီနယ်ရဲ့ ဇာတ်လိုက်ပါ။
ကိလေသာကင်းခြင်းဟာလဲ လောကုတ်နယ်ရဲ့ သင်္ကေတပါ။
Was this answer helpful?
LikeDislikeဘဝဆိုတာကို ဖြစ်တည်မှုတစ်ခုလို့နားလည်ကြရင်…မကောင်းဘူးလားပေါ့………………
အဲဒီထဲမှာ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေမပါကြေးဗျာ………
နှလုံးထီထိုးတဲ့ဖြစ်တည်မှုဘဝ………
သူများယောင်လို့လိုက်ယောင်တဲ့ နိုင်ငံရေးသမားဘဝ……
ဘာမှနားမလည်ပဲ ကွန်မင့်တွေဝင်ရိုက်တဲ့ဘဝ……..
လူကြည့်များရင်ပြီးရော ဖေါ်ချင်ရာကိုဖေါ်တဲ့(ဂေးဇက်မှာခါင်းစဉ်ပေးတဲ့)ဘဝ…….
အင်အားတွေအပြည့်ထည့်ပြီးရေးပေမယ့် ရသ မမြောက်ဖြစ်သွားလို့ (၅၀၀၀)မရလိုက်တဲ့ဘဝ…..
ဘဝ….ဘဝ…ဒီလိုအမြဲ..ဒီလိုပဲ….ဆိုသောဘဝများ….အမြန်အဆုံးသတ်နိုင်ဖို့…………………
များများသတိထားဖတ်ပြီး……………..
များများစဉ်းစားကြည့်ပြီး သကာလ…………
များများရှောင်နိုင်ပြီး သကာလ……
များများဆောင်နိုင်ပြီး သကာလ……….
ဘဝများစွာကို ကျော်ဖြတ်နိုင်ရင်တော့………….
ဦးဇိုးထောက်ရေ………………………………….အမျှ…..အမျှ……….သကာလ……။
Was this answer helpful?
LikeDisliketharli kar ရေ… အမျှအမျှဆိုလို့ ပြောရဦးမယ်။
ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတဲ့အခါ ကာယကံရှင်တွေက အမျှ အမျှ အမျှလို့ဝေကြတယ်ဗျ။
မျှပြီးယူကြတဲ့သဘောပေါ့နော်. ..
ဒီတော့ ဘေးကလူတွေက သာဓု သာဓု သာဓု တဲ့။ ကောင်းပါတယ်တဲ့။ အဲဒါဆို ကုသိုလ်တွေ အများကြီးရသွားတယ်တဲ့ဗျ။ ဒါက အမျှပေးပုံနဲ့ ယူပုံ တမျိုးပေါ့နော်…
နောက်တစ်ခုက ကောင်းတာတွေလုပ်တော့မယ်ဆိုရင်… (ဒီနေ့ ဖောင်ဒေးရှင်းတွေ ကွန်ယက်တွေ)လိုပေါ့နော်.. ကောင်းတဲ့အလုပ်တွေကို မျှလုပ်ဖို့ လက်တွဲခေါ်တာ… မျှလုပ်ဖို့ နေရာပေးတာ… အဲဒီလို မျှပေးတာ…
ပတ်ဝန်းကျင်က လူတွေကလဲ သာဓု သာဓု ကောင်းပြီးဝိုင်းလုပ်ပေးပါ့မယ်ဆိုပြီး မျှယူလိုက်တာ။ အဲဒါက တမျိုးဆိုတော့ ကျွန်တော်ကို ဘယ်လိုအမျှပေးတာလဲဟင်..
ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeနားလည်လွယ်အောင် ရှင်းပြထား၍ သဘောကျမိပါ၏..
သာဓု သာဓု သာဓု ခေါ်ဆိုရင်း
နောက်ထပ်ဟောမယ့်တရားကိုစောင့်မျှော်နေပါသည်။
Was this answer helpful?
LikeDislikeဗျူတော အဗျူတော စာတိ ဗျုတ်စ ဗျင်းတောင်း….
ဗျူတော… ဟုတ်တာတွေကိုလဲ ပြောတတ်၏။
အဗျူတော… မဟုတ်တာတွေကိုလဲ ပြောတတ်၏။
ဣတိ… အဲဒီလို ဟုတ်တာနဲ့ မဟုတ်တာကို ရောပြွမ်းပြီးပြောတတ်သောကြောင့်…
ဗျုတ်စ..လကွင်းသည်။
ဗျင်းတောင်း… အိုးစည်ဖြစ်ရလေတော့သတည်း။
Was this answer helpful?
LikeDislikeဟားဟား..
လကွင်းထုပြီး အိုးစည်တီး…မဟုတ်သေးဘူး..
လကွင်းတီးပြီး အိုးစည်ထု…ဒါလဲအဆင်မပြေဘူး..
အိုးစည်ဝိုင်းဆို ပုလွေ မှုတ်တဲ့သူ ပါအုံးမှ…..။
Was this answer helpful?
LikeDislikeကိုနွေဦးကိုတိုင်သာ လုပ်လိုက်စမ်းပါဗျာ… ကျန်တဲ့ရွာသားတွေက မှုတ်တတ်လောက်ပါဘူး…ဟူးးးးးးးးးးးးးးးး
ဟဲဟဲ….အတော်နောက်တဲ့ ကိုနွေဦး
Was this answer helpful?
LikeDislikeအန်ကယ်ဇောက်ရေ နိဗ္ဗာန်ကိုလူတိုင်းရောက်ချင်ကြပါတယ်
နိဗ္ဗာန်ဆိုတာဘာမှန်းလဲသိပါဘူး
ခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်
ရောက်ပါစေသား..ရောက်ပါစေသားတာဆုတောင်းနေကြပေမဲ့
လုပ်တာတခြားရောက်ချင်တာတခြားတခြားစီပါပဲ
ကိုကစပါ အားလုံးးကိုပြေတာဟုတ်ပါဘူး
ကြိုးစားဖို့အားလုံးလိုပါသေးတယ်
လူကြီးသူမတွေပြောတာတော့ နိဗ္ဗာန်ဆို တာကောင်းမူကုသိုလ်တွေ
ဘယ်လောက်လုပ်လုပ် မရနိုင်ဘူး
ဝိပသနာတရားကို အားထုတ်မှရ နိုင်တယ်လို့ပြောကြပါတယ်
သိတာ သိတာ မလုပ်နိုင်ကြပါဘူး
ကြိုးစားတော့ ကြိုးစားကြည့်ပမယ်တက်နိုင်သလောက်ပေါ့
Was this answer helpful?
LikeDislikeဂွက်ဂွက်ရေ ကြိုးစားမှ တိုးပွားမှာမဟုတ်ပါလား…
ဂွက်ဂွက်တို့လို ငယ်ငယ်ရွယ်ရွယ် လှလှပပ လေးနဲ့ သံသရာက လွတ်ကြောင်းကို ကြိုးစားကြတယ်ဆိုတော့ ၀မ်းသာစရာကြီးပေါ့ဗျာ…
Was this answer helpful?
LikeDislike