အားလုံးပဲ မင်္ဂလာပါ…
ကျွန်တော်က မန်ဘာအသစ်တစ်ယောက်မဟုတ်ပေမဲ့ အားလုံးနဲ့လဲ အကျွမ်းတ၀င်မရှိလှတဲ့
ကိုယ်ပျောက်ရွာသားတစ်ယောက်ပါ… ပို့စ်တင်လေ့မရှိသလို ကွန်းမန့်လဲ များများစားစားမပေးဖူးပါ..
သို့သော် ဒီထဲက ရွာသူရွာသားတွေ အကုန်ကို ကျွန်တော့်စိတ်ထဲ တော်တော်ရင်းနီးနေပါပြီ

ကျွန်တော် MG မှာဖတ်လာတာ နဲနဲတော့ကြာခဲ့ပြီထင်ပါတယ်..
တခြား သတင်းဝဘ်ဆိုက်တွေကိုလဲဖတ်ပေမဲ့ သုတ၊ရသ၊သတင်း အစုံရတဲ့ MG ကိုတော့
စွဲစွဲမြဲမြဲ နေ့စဉ်ဖတ်ဖြစ်ပါတယ်..

အခုကျွန်တော် ပိုစ့်တင်လိုက်တဲ့ကိစ္စကတော့ ဒီရက်ပိုင်း ဖတ်စရာ နဲနေသလိုခံစားရလို့ပါ
အရင်လောက် MG ကိုမဝေဆာဘူးထင်နေမိပါတယ်..
ကျွန်တော့်စိတ်ထင် ဖြစ်ကောင်းဖြစ်မှာပါ..

ကျွန်တော် စာဖတ်သူတစ်ယောက်သာဖြစ်တဲ့အတွက် ပုဂ္ဂလိကဆန်ဆန်ပဲ
ကျွန်တော် ကြိုက်တဲ့စာမျိုးနဲ့ စာရေးတဲ့လူတွေကို တောင်းဆိုပါရစေ..

ဦးလေးသစ်မင်းကိုလဲသတိရမိပါတယ်.. သူ့စာတွေမဖတ်ရတာ အတော်ကြာခဲ့ပါပြီ

ဂေဇက်ရဲ့ နှုးဘာဂိုဏ်းချုပ်ဆရာဂီ ကိုလဲ မားကတ်တင်းအကြောင်းပဲဖြစ်ဖြစ်.. ပညာရပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်
ဥပမာ.. ဒါ့ဆိုဒ်တော့ ဆမ်ဆောင်း ဘာညာပေါ့ဗျာ အဲသလိုမျိုးဖြစ်ဖြစ်လုပ်စေချင်ပါတယ်..

နောက်ပြီး ဆြာစံလှကြီးရဲ့ သမိုင်းတွေလဲဖတ်ချင်လှသဗျာ.. ဘာရေးရေး ဖတ်ကောင်းပါတယ်..
အဓိက ကတော့ ကမ္ဘာ့သမိုင်း မြန်မာသမိုင်း ခွဲသင် ခွဲဖတ်ခဲ့ရတော့ ယှဉ်ထိုးချက်ကလေးတွေနဲ့ဖတ်ရတာ
တော်တော် ပနံရပါတယ် ဒီမှာဘာဖြစ်နေချိန် ဟိုမှာ ဘယ်အဆင့်ရောက်နေပြီ.. စသဖြင့်ပေါ့လေ

ဦးကြောင်ကြီးရဲ့ အထေ့အသော့တွေနဲ့ satire တွေလဲဖတ်ချင်ပါတယ်..

အဘဖောတော့ စဉ်းစားခိုင်းစရာမတွေ့လို့လားမသိဘူး ပျောက်နေပါတယ်
ဒီတိုင်းလဲ ကြံဖန်စဉ်းစားခိုင်းပါဗျာလို့..
ပြီးတော့ ဟိုးအရင်လို သြဇီ၊စသဖြင့် တိုးတက်ပြီးနိုင်ငံတွေနဲ့ မြန်မာနိုင်ငံနှိုင်းယှဉ်ချက်
ကွန်းမန့်ဖြစ်ဖြစ် ပို့စ်ဖြစ်ဖြစ် ဖတ်ရတာဟာ ကျွန်တော်တို့လို နွားခြေရာခွက်ထဲနေတဲ့လူတွေအတွက်တော့
အင်မတန် ဗဟုသုတဖြစ်စေပါတယ်လို့ ပြောချင်ပါတယ်..
အထူးတလည်လေးစာတာကိုလဲ ပြောဖို့လိုမယ်မထင်ပါဘူး

သဂျီးရဲ့ ဒေါ်ခင်မမမျိုးအခန်းဆက်လိုဟာမျိုးကလဲ.. တော်တော်ကို တို့လို့တန်းလန်းဖြစ်တာကလားဗျာ..
အဲဒိတော့ သဂျီးကိုယ်တိုင်ဖြစ်ဖြစ် ဒီထဲက တခြားတစ်ဦးတစ်ယောက်ဖြစ်ဖြစ်.. ဖတ်လို့ကောင်းမယ့်
အပိုင်းတိုတွေခွဲတင်လဲ မငြီးငွေ့စေတဲ့ ဖီလားဒယ်ဖီယာလို ၀တ္ထုမျိုးတွေကို ပုံမှန် အခန်းဆက် ဘာသာပြန်တင်ပေးနိုင်တဲ့လူရှိရင်
သိပ်ကောင်းမယ်လို့ စဉ်းစားမိပါတယ်…

အရီးလတ် လို ဦးဦးပါလေရာလို ကွန်းမန့်ရေးကောင်းတဲ့လူတွေဆီက ပို့်စ်တွေဖတ်ရဖို့လဲ မျှော်လင့်ပါတယ်

လေးပေါက်ရဲ့ ဓါတ်ပုံတွေကိုလဲ ကွန်းမန့်သာဝင်မပေးဖြစ်တာပါ အမြဲကြည့်ဖြစ်ပါတယ်..
လေးပေါက်ရဲ့ အထုပ္ပတ္တိလို့ဆိုရမလား မပြောတတ်ဘူး ဘ၀နဲ့ယှဉ်တဲ့ အတွေ့အကြုံတွေပါတဲ့ ပိုစ့်မျိုးဟာ
ကျွန်တော်တို့လို အပျံသင်ခါစတွေအတွက်တော့ လေ့လာစရာတွေအများကြီးပါ…

ဘာသာရေးနဲ့ပတ်သက်ရင်လဲ မိုးပြာဖြစ်ဖြစ်၊ အစ္စလမ်ဖြစ်ဖြစ်.. ခရစ်ယာန်ဖြစ်ဖြစ်
အယူအဆ သဘောတရားတွေကို ရေးကြ တွေးကြ ဆွေးနွေးကြစေလိုပါကြောင်း…
ကျွန်တော်မြင်မိတာတော့ ဘာသာရေးနဲ့ပတ်သတ်လို့ ရေးမိပြီး အခြေအတင်ဆွေးနွေးပြီး
နင်ပဲငဆ ၀ိုင်းတုတ်ခံရပြီးရင် အဲဒိလူတွေပျောက်ပျောက်သွားတတ်လို့ပါ..
ကျွန်တော်တို့အားလုံး သူများဘာပြောပြော လက်မခံချင်လက်မခံလို့ရပေမဲ့
ပြောနေတဲ့ ပါးစပ်ပိတ်သွားအောင်တော့ မလုပ်သင့်ဘူးမလားဗျာ..
ကျွန်တော်တို့ပဲ ရှုထောင့်အသစ်တွေဆုံးရှုံးရတယ်ထင်ပါတယ်..
“သင့်အယူအဆကို လက်မခံပေမဲ့ သင့်ရဲ့လွတ်လပ်စွာ
ထုပ်ဖော်ခွင့်ကိုတော့ အသက်ပေးကာကွယ်ပါမည်” ဆိုသလိုပေါ့ဗျာ

အရီးလတ်လိုပဲ စကားအတင်းစပ်ပြီး ကရင်စည် ကိုပြောချင်ပါတယ်..
ကျွန်တော် အဘမင်းသိင်္ခရဲ့ ၀တ္ထုတွေအကုန် တစ်အုပ်မကျန်ဖတ်ဖူးခဲ့ပါတယ်
အဘမင်းသိင်္ခကိုလဲ အင်မတန်လေးစားပါတယ်
သူ့ဝထ္ထုတွေကြောင့် ယောင်္ကျားဆိုတာရဲ့ အဓိပ္ပာယ်ကို နားလည်မိပါတယ်…
မဟာပုရိသအဖြစ်ခံယူချင်တဲ့လူတွေအတွက်တော့ စံပြနမူနာကောင်းတွေပါပဲ
သူနဲ့ မသေခင်တော့ သွားတွေ့မိအောင်တွေ့ဖို့စိတ်ကူးခဲ့ပါတယ်..
စိတ်ကူးဆဲမှာပဲ သူဆုံးပါးသွားတဲ့အတွက် အင်မတန်ဝမ်းနဲ့ခဲ့ရပါတယ်
ကရင်စည်ကို ကိုလဲ အခါအားလျော်စွာ အဘမင်းသိင်္ခနဲ့ပတ်သက်တဲ့ ပို့စ်တွေရေးပေးဖို့တောင်းဆိုချင်တာပါ
ဥပမာ သူ့ဝတ္ထုတွေမှာ ပါတတ်တဲ့ ကျင့်စဉ်တွေ( Crystal Gazing တို့လိုပေါ့ဗျာ)
ဟာ တစ်ကယ်ရော စွမ်းလား သူကိုယ်တိုင်ရော ဘယ်လောက်ထိပေါက်ရောက်အောင်မြင်တယ်
ဆိုတာမျိုးတွေပေါ့ ပြီးတော့ အဘမင်းသိင်္ခရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀အချိုးအကွေ့တွေပါ
ဖတ်ချင်ပါတယ်…

အမအိတုန်ရဲ့ awareness ပို့စ်တွေကိုလဲ ဆက်လက်အားပေးနေပါတယ်

(သူများတွေ အားတာ၊ မအားတာ ပိုက်ဆံရတာ၊မရတာတွေ မတွေးတော့ပါဘူးနော
ဒီထဲကလူတွေအကုန်ဟာ ၀ါသနာ အရင်းတည်တဲ့လူတွေပဲလို့ယုံလို့ ရဲရဲတောင်းလိုက်ပါတယ်)

ဒါတွေက လောလောလတ်လတ် ကျွန်တော် ဓါတ်စာကျနေတာတွေကိုသာ တောင်းဆိုခြင်းဖြစ်ပါကြောင်း..
ကျန်တဲ့ ရွာသူရွာသားတွေရဲ့ ပိုစ့်တွေကိုလဲ ဖတ်ရှုနေပါကြောင်း ပြောရင်း အားလုံးကို
မင်္ဂလာညချမ်းပါလို့ နှုတ်ဆက်ပါတယ်ဗျာ..

About NAJA

has written 4 post in this Website..

ဖြစ်တည်လာခဲ့သော ယခုလူ့ ဘ၀တွင် လောကဓံ ရှစ်ပါးအား ကြုံကြိုက်ခွင့်ရပြီး ရှစ်ပါးလုံးသော လောကဓံအား ခံနိုင်ရည်ရှိသူ ဖြစ်ရပါစေ...။ ။