ခုအချိန်ကနှမ်းပွင့်လေးတွေဝေဆာနေတဲ့အချိန်ပေါ့

နှမ်းပွင့်လေးတွေဟာ မိုးရွာမည့်နေကိုမျော်လင့်စောင့်စားနေကျတယ်လေ

တကယ်လို့ မိုးမင်းကြီးသာရွာသွင်းမပေးဘူးဆိုရင်နှမ်းပင်လေးတွေရဲ့ဘဝဟာမတွေးရဲစရာပါ

မိုးမင်းကြီးရယ် တောင်သူလယ်သမားတွေရဲ့ဘဝကိုတစ်ချက်လောက်မြင်လှည့်ပေးစေချင်လိုက်တာ

ညနေစောင်းလို့ကောင်ကင်ကြီးညိုမှိုင်းနေရင် မိုးများရွာတော့မှာလားဆိုပြီးတော့တောင်သူဦးကြီးတွေဟာ ကောင်းကင်ကြီးကိုကြည့်ပြီ    မိုးကိုမျော်နေတက်ကြတယ်

နှမ်းပင်လေးတွေကလည်း မိုးရွာတော့မှာပဲဆိုတဲ့အတွေးနှင့် တစ်ပင်နှင့်တစ်ပင်လက်ချင်းယှက်ပြီ ပျော်မြူးနေကျတယ်လေ

ဒါပေမဲ့ ထင်ထားသလိုဖြစ်မလာပါဘူး

မိုးသားတွေဟာ လေယူရာကိုယိမ်းထိုးကာ ကွယ်ပျောက်သွားပါတယ်

မိုးမင်းကြီးရယ် အပြစ်မဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝကို လှည့်စားရက်တယ်နော်

ရက်စက်လိုက်တာ……………………….

ညာတို့ဒေသဟာဆည်မြောင်းတွေမရှိတဲ့အတွက် ရေမရရှိပါဘူး မိုးကိုပဲအားကိုနေရတယ်လေ

တကယ်တော့တောင်သူလယ်သမားတွေဟာ အရမ်းသနားဖို့ကောင်းပါတယ်ဆင်းဆင်းရဲရဲလုပ်ကြရတယ်

မိုးပေးမှသီနှံဆိုတာရတယ်  အခြားကုန်ဈေးနုန်းတွေမြင့်သလောက်   သီးနှံဈေးဟာအရမ်းပဲနည်းလွန်းလှပါတယ် သူတို့တွေဟာဆင်းဆင်းရဲရဲလုပ်ရပြီ ဘာမှခံစားခွင့်မရဘူးလို့

ညာထင်မိတယ်

မိုးမင်းကြီးရယ် ရိုးသားလွန်းလှတဲ့တောင်သူတွေရဲ့ဘဝကို တစ်ချက်လောက်လေးငဲ့ကြည့်ပေးစေချင်ပါတယ်

 

လိုအပ်ချက်လေးတွေကိုဖြည့်စွတ်ပြီးတော့ဖတ်ပေးပါရှင်

အားလုံးကိုခင်တဲ့ညာ……….

About မမ အညာသူ

မမ အညာသူ has written 12 post in this Website..