မန္တလေး ဂဇက်မှ သူကြီး ဦးခိုင် အမှူးပြုသော ရွာသူရွာသား ညီကိုမောင်နှမများ၏
ရခိုင်သွေးချင်းများ ပြန်လည်ထူထောင်ရေးလက်ဆောင် ပေးအပ်ခြင်းအခမ်းအနားကြီးကို
ဒီနေ့ ၈-၇-၂၀၁၂ မွန်းလွဲ ၂ နာရီက ရခိုင်သဟာရအသင်း(ရန်ကုန်) ရုံးခန်းတွင်
အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။
ရှေးဦးစွာ စုရပ်အဖြစ်သတ်မှတ်ထားသည့် တာမွေ မောနင်းစတားလဖက်ရည်ဆိုင်တွင်
အခမ်းအနားတက်ရောက်ကြမည့် မန်းဂဇက် ရွာသူရွာသားများအား ကိုပါလေရာကြီးမှ
လဖက်ရည်၊ မုန့်၊ အအေး၊ နန်းကြီးသုတ် စသည်တို့ဖြင့် တည်ခင်းဧည့်ခံပါသည်။
ဗိုက်ဆာဆာနှင့် စားခဲ့ရသော နန်းပြားသုတ် တစ်ပွဲနှင့် အအေးတစ်ခွက်အတွက်
ကျေးဇူးအထူးပါ ကိုပါလေရာကြီးရေ။
မွန်းလွဲ ၁း၅ဝ ခန့်တွင် ရခိုင်သဟာရအသင်း ရုံးခန်းသို့ ကား ၅ စီးဖြင့် ချီတက်ခဲ့ကြပါသည်။
မန္တလေးဂဇက် ရွာသူရွာသား ညီကိုမောင်နှမများမှ ရခိုင်သွေးချင်းများ ပြန်လည်ထူထောင်ရေးလက်ဆောင် အဖြစ်
ငွေကျပ် ၃၂ သိန်းကို လှူဒါန်းကြရာ ရခိုင်သဟာရအသင်းဥက္ကဌ ဦးလှမောင်သိန်းက လက်ခံရယူပါသည်။
ထို့နောက် ရွာသူား ညီကိုမောင်နှမများ စုပေါင်းဓါတ်ပုံရိုက်ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။
ကောက်ခံရရှိသော အလှူငွေစာရင်းအတိအကျ ကို ကိုထူးဆန်းမှ ပို့စ်တစ်ပုဒ်တင်ပြီး ရှင်းလင်းမည်ဖြစ်ပါသည်။
အခု မန်းဂဇက် ရွာသူရွာသားများ ၏ ပွဲတက် ဓါတ်ပုံလေးများအား အမှတ်တရတင်ပေးလိုက်ပါသည်။

မှတ်တမ်းတင် ဂုဏ်ပြုလွှာ။

အလှူငွေ ၃၂ သိန်းကို လှူဒါန်းစဉ်။

ရခိုင်သဟာရအသင်း ဥကဌ ဦးလှမောင်သိန်းမှ အလှူငွေ လက်ခံစဉ်။

ကိုစွယ်တော်ရွက် နဲ့ ရွာသူားတစ်စု။

ရခိုင် သဟာရအသင်း ရုံးခန်း။

အလှူငွေပေးအပ်ဖို့ စောင့်နေကြတဲ့ ရွာသူားများ။

ရုံးခန်းကျဉ်းကျဉ်း၊ ရိုက်ချက်ပြင်းပြင်း။

ရိုက်ချက်ပြင်းပြင်း နှင့် အခန်းကျဉ်းကျဉ်း။

ဆယ်အိမ်ခေါင်း ရွှေတိုက်နှင့် မိန်းမချောတစ်သိုက်။

ရခိုင်သဟာရ အသင်း ဥကဌ ဦးလှမောင်သိန်း။

အမတ်မင်း အတွက် ဗရမ်းဗတာ ရိုက်ချက်။

ခိုင်ခိုင် တို့ မိသားစု။

နိုဗီ၊ ဖက်ကက်၊ ရွှေတိုက်။

About black chaw

black chaw has written 332 post in this Website..