ကြက်ငတင်
ညသည် တိတ်ဆိတတ်နေ၏။တောရွာတို့၏သဘာဝအတိုင်း ညဆယ်နာရီကျော်သည်နှင့် လူခြေတိတ်သည်။ တစ်ချက်တစ်ချက် ညည့်ငှက်အော်သံ ကြားရ၏။ အိပ်ပျော်ရင်း ယောင်အော်သော အပျိုကြီး မတုတ်၏ ကျမကို ချစ်ရင်မောင်ကြီးရယ်…ဆိုသော အသံ၊ကိုဝတုတ်၏ ကလေး ဝတုတ်လေးစည်သူ၏ လန့်ငိုသံ သူ့ဇနီး
မူယာမြင့်၏ အိပ်ချင်မူးတူး သားချော့သံ တို့ အသံခပ်ဖျော့ဖျော့ပေါ်လာလိုက် ပျောက်လိုက် ဖြစ်နေရုံ မှ အပ ရွာသာယာသပြေတန်းသည် လူသံတွေ တိတ်နေသည်ဟု ဆိုရမည်။
ထိုအချိန်တွင်ပင် “ ရက် စက်လိုက်တာ ရွှေနီရယ် ဟီး..ဟီး အင့် ၊ သင်း ရက်စက်တယ်” အရက်သံလေးလေးကြီးဖြင့် ကြက်ငတင် ၏ငိုပြောသံ တနည်းဆိုသော် အရက်ငိုသံ
“မီဒီယာ ခင်မောင် ဒီကောင် စားသွားတာ တောက်..၊”
တိတ်ဆိတ်နေမူကို ကြက်ငတင်က ဖြိုခွင်းလိုက်သည်။ သူ့အသံကြောင့် ရွာသားတွေ လန့်နိုးသွားကြသည် ။ချောင်းဟန့်သံတွေ ပေါ်လာသည် ။ တစ်ချို့ အိမ်က မီးခွက် ထွန်းကြသည်။ တစ်ချျို့က လည်း အပေါ့အပါးထသွားကြ နှင့် အိပ်ပျော်နေသည့်ရွာလေး ခဏ လန့်နိုးခဲ့ရသည်။ကြက်ငတင်ကတော့ အိမ်ရှေ့တွင် ရေနံဆီမီးခွက်ကြီး ထွန်းကာ တောအရက် ကို တယောက်တည်း သောက်ရင်း တီတိုးပြောလိုက် အော်ငိုလိုက် လုပ်နေသည်။ ဘယ်သူဘာပြောဝံ့မည်နည်း။ကြက်ငတင်က လူကြီးကို ပိုင်သည်
ရွာသူကြီးဆို သူသေဆိုသေ ရှင်ဆိုရှင် ဘာကို နိုင်ကွက်ကိုင်ထားသည်မသိ။အခုလည်း မီဒီယာ ခင်မောင်လို့ အမည်ပေးထားတဲ့ ချက်ကြီးနှင့် ကြက်တိုက်ပြီး လောင်ကြေးရှုံး၍
သူ့ကြက်ရွှေနီကိုရိုက်သတ်ပြီး ချက်ကာ အရက်နှင့်မြည်းရင်း တကိုယ်တည်း ပြောလိုက်ငိုလိုက်လုပ်နေသည်။ပထမတော့ သူနဲ့ အတူ ကုလားဒိန် ကအတူသောက်နေသည်။
မယားကြောက်ရသူမို့ ညကိုးနာရီ ထိုးကတည်းက ပြန်သွားခဲ့ ၍ သူတစ်ယောက်တည်း ကျန်ခဲ့သည်။
ကုလားဒိန်က သူနဲ့ အတွဲညီသည်။ကုလားဒိန်နာမည်က ဖိုးမောင်ကြိုင်လို့ခေါ်ပါတယ် ။သူကိုလူတွေက ကုလားဒိန်လို့ခေါ်ကြတယ်။ စကားပြောရင် ခေါင်းကစောင်းပြီး
တွေ့သမျှလူကို ဆရာကြီးလုပ်တတ်တယ်။ ကုလားဒိန်က ခေသူတော့ မဟုတ်ဘူး တောကားပိုင်တယ် ။တောကားဆိုတာ ထော်လာဂျီပါ။ သူတို့က လူကြီး ကို ဖေါ်လံဖားလုပ်နေတာချင်း အတူတူဆိုတော့ တွဲလို့ရတယ်။ ကုလားဒိန်က တော့ မိန်းမကိစ္စ ရှုပ်တယ် ။ဒါကြောင့် မိန်းမရှေ့မှာ အနေချောင်အောင် ကြောက်ပြနေတာပေါ့။
ညနေက ကြက်ငတင် တို့ ကြက်ဝိုင်းလေးမှာ လူစုံတယ် ။လောင်းကြေးကလည်း ကြီးတယ် ခင်မောင်ကလည်း ရွာတကာလှည့်ပြီး ခြောက်စား လန့်စားရလို့ စုဆောင်းထားတာလေးတွေကို ပုံလောင်းတာလေ။ ဟို ကြက်ငတင်ကလည်း ကြံထား ဖန်ထားတာလေးတွေ ထုတ်လောင်းတာ ခင်မောင်နိုင်သွားလို့ ခုလိုပေါက်ကွဲနေတာပါ။
ကြက်ငတင် က ရွာလည်က သီရိကို တဖက်သိုက်ကြိုက်နေတယ် ။ သီရိခေါ် ချက်စူမ ကလည်း အနူတောမှာတော့ လူချောပဲ ၊ ရွာသာယာ သပြေတန်းမှာ ပညာတတ်နည်းတဲ့ အထဲက သူက ပညာ တစ်ဝက်တတ်တယ် ဆိုရမယ်။ ဆယ်တန်း လေးခါကျတယ်။ခေတ်ဆန်ဆန် ဝတ်တတ်တာရယ် ၊ အသားဖြူတာရယ်ကြောင့်ရွာမှာတော့ ကွမ်းတောင်ကိုင် ဖြစ်ရတယ်လေ။ ကြက်ငတင်က သီရိကို ဖွင့်ပြောထားပြီးသား သို့သော် သီရိက အဖြေမပေးသေးဘူး။ ကြက်ရှုံးတာရော အဖြေမရတာရော ပေါင်းပြီး မူးငို ငိုတာ။
မီဒီယာ ခင်မောင်ဆိုတာက ရွာသာယာ သပြေတန်းမှာ ဆရာကြီး တစ်ဆူပဲ ။ဘာကိစ္စရှိလဲ ခင်မောင်တို့ စာရေးပြီ တိုင်တော တတ်တယ် မြို့ ကို သွားတတ်လာ
တတ်တယ်။ နောက် ပါးစပ် သတင်းဖြန့်တတ်တယ်။ ဘာအဖွဲ့ ညာအဖွဲ့ ခေါင်းစဉ်တတ်ပြီး လုပ်စားတတ်တယ်။ ခင်မောင်တို့က ရွာမှာ အစည်း အဝေးရှိပြီ ဆို ဘာပြောအုံး
မလဲ လို့တော့ မမေးနဲ့ ထပြီးပြောတော့တာပဲ။
“ ဒီကိစ္စကိုဆွေးနွေးရမယ် ဆိုရင် …ထောက်ခံ ပါတယ် သို့သော် ကန့်ကွက် စရာရှိလားဆိုတော့ ..ဒါဟာ အဲ့ဒီလို တွေ ဖြစ်လေ့ဖြစ်ထရှိရင်တော့ ကျွန်တော်တို့ ကန့်ကွက်ရလိမ့်မယ်။ မှားနေသလားဆိုတော့ မမှားပါဘူး။ မှန်တယ်ပြောရအောင်လည်း လုံးဝကြီး တော့ မဟုတ်ဘူး။ကျွန်တော်တို့ တွေးရမှာက ဟုတ်တယ် ဆိုတာ ကိုပဲ
ဒါဆို ရင် ကျွန်တော်တို့က မဟုတ်ဘူးဆိုတဲ့ သူတွေကို ရှင်းပြရမယ် မဟုတ်ဘူးဆိုတဲ့ အကိုး အထောက်တွေကို ဟုတ်တယ်ဆိုတဲ့ အုပ်စုနဲ့ ယှဉ်တွဲ လိုက်တော့ ကား …အင်း..ထောက်ခံတယ်ဆိုတဲ့………..။
အဲ့ဒီလို ခင်မောင်ကပြောတတ်တယ် စိတ်မရှည်တဲ့ ဆယ်အိမ်မှူးငပွကြီးနဲ့ တွေ့တော့ ခင်မောင်ပါးရိုက်ခံရရော။ခင်မောင်က ဒီလို ဟုတ်တယ် ..မဟုတ်ဘူး ဆိုတာကို ဝေဝ့လည်ကြောင်ပတ်ပြောတတ်တဲ့ လူစား။ အစည်းဝေး တွေဆို သူက စကားမပြောရရင် မနေဘူး ထပြောလိုက်ရမှ နေသာ ထိုင်သာရှိတဲ့ လူး ပါ။
ခင်မောင်က လည်း သီရိကိုကြိုက်သလို ကြက်ငတင်ကလည်း သီရိကို ချစ်နေသူပါ။ သူတို့နှစ်ယောက်က အပြိုင် ပိုးနေကြတာပါ။
ဒီနေရာမှာ ရွာလူကြီးအကြောင်းလည်း နည်းနည်းပြောချင်ပါတယ် ။ ရွာရဲ့ ဥက္ကဋ္ဌ လို့ခေါ်မှာပေါ့ သူကြီးလို့ လည်း ခေါ်ရင်ရပါတယ်။ ဒီပုဂ္ဂုလ်ကလည်း မြှောက်တာ ပင့်တာ
သိပ်ကြိုက် ၊ အပျော်အပါး ကလည်း သဘောကြနှစ်ခြိုက်တော့ အားနည်း ချက်ကို ရှာပြီး ဖေါ်လံဖား လုပ်တတ်တဲ့ ကြက်ငတင်တို့ ၊ကုလားဒိန်တို့က ပေါင်း ထားတယ် ပေးသင့်တာပေး ကြွေးသင့်တာကြွေး ဆိုတော့ လူကြီးလည်း ဘာမို့လဲ လေ နာမည်ပဲရှိတာ ရွာကို ကြက်ငတင်နဲ့ ကုလားဒိန်တို့ အာဘော် အတိုင်း အုပ်ချုပ်ရတယ်လေ။ ရွာဦး ဘုန်းကြီးက ခေါ်ပြောတယ်။ ဒကာကြီး ဒီကြက်ငတင်တို့နဲ့ မရောနဲ့ သူတို့ ပြောတာ မယုံနဲ့ တစ်နေ့ကျ ဒုက္ခရောက်မယ် ဆိုလည်း မရ။ရာအိမ်မှူးကြီးက အတွေ့အကြုံအရ ပြောလည်း သူကြီးလေးက နားမဝင် ။ဒါ ရွာသာယာ သပြေတန်းမှာ ဖြစ်နေတာပါ။
“ရက်စက်တယ်ရွှေနီရယ် ..ဟင့် ဟီး အီး ငါကလိန်ကကျစ်လုပ်လို့ ရထားတာတွေ မင်းကြောင့် ..အာဟာ ဟာ.။
ကြက်ငတင်ရဲ့ အော်ငိုသံ က ထပ်ထွက်လာတယ် ။ဒီတခါတော့ သူလည်း ဆက်မအော်တော့ ဘူး လူတွေလည်း ချောင်းဟန့်သံ မပေးတော့ ဘူး။ ဘာကြော င့်လဲဆိုတော့
ရေချိန်လွန်သွားတဲ့ ငတင် က အိမ်ရှေ့ မှာ မှောက်သွားပြီ။ အရက်ပုလင်းလဲ လူလည်း လဲတော့ တာပဲ ။ ရွာသာယာ သပြေတန်းလည်း တိတဆိတ်လို့ ပြန် အိပ်မောကျသွားတယ်။
( ဆက်ပါမည်။)
13 comments
မောင်ပေ
July 8, 2012 at 9:09 pm
အပျိုကြီးမတုတ် ၊ ကိုဝတုတ် ၊ သားလေးဝတုတ်စည်သူ ၊ ကြက်ငတင် ၊ မီဒီယာခင်မောင် (ခ) ချက်ကြီး ၊ ကုလားဒိန် ၊ သူကြီး ၊ ဆယ်အိမ်ခေါင်း ၊ သီရိ (ခ) ချက်စူမ ၊ ရွာဦးဘုန်းကြီး…
ဒီတစ်ခါတော့ တော်တော်မှတ်ယူပြီး ဖတ်ရတယ်ဗျို ့…
နောက်တစ်ပိုင်းကို စောင့်မျှော်နေကြောင်းပါ။
padonmar
July 8, 2012 at 10:44 pm
ဆရာထက်ရဲ့ ရသစာပေကတော့ အခန်းဆက်ဘဲ။
ဒီတစ်ခါ ရွာဓလေ့လေးလည်းကောင်းပါတယ်။
ဖိုးထောင်
July 9, 2012 at 1:43 am
အင်း….. တစ်ခုခုတော့ အစပျိုးနေပြီဗျ း)
MaMa
July 9, 2012 at 7:09 am
အစည်းအဝေးဆိုရင် ထပြောလိုက်ရမှဆိုတဲ့ စရိုက်နဲ့ ဝေ့လည်ကြောင်ပတ် ပြောတတ်တာကို သရုပ်ဖော်ပုံမိုက်တယ်။ 🙂
mamanoyar
July 9, 2012 at 9:10 am
အနူတော လူချောဖြစ်၊ ပညာတစ်ဝက်တတ်တယ် ဆယ်တန်းလေးခါကျ
ဟားးးးးးးးးးးးးးးးးးး မသီရိအကြောင်းလေးအရောက်
ပြုံးသွားပါတယ် ဘဘရေ အရမ်းကို ဖတ်လို့ကောင်းပါတယ်
ကြက်ရွှေနီလေးလည်း သနားပါတယ်
kyeemite
July 9, 2012 at 10:17 am
ရွာဓလေ့ ဝတ္ထုလေးကို အရသာခံဖတ်သွားပါတယ်
ဆရာထက်ရေ..နောက်ပိုင်းလေးတွေမျှော်ဖတ်မယ်ဗျို့..
ကြောင်ကြီး
July 9, 2012 at 10:18 am
ကျုပ်တို့သဂျီး ဦးခိုင်အဲသလောက် အဗာဘူးဗျာ…။ 🙄
htet way
July 9, 2012 at 2:11 pm
ကျွန်တော် ဆက်ရေး ပါ့မယ်
ခုလို ဖတ်ပေးတာ ကျေးဇူးပါ
အလင်းဆက်
July 9, 2012 at 7:19 pm
ရသ မြောက်မြောက်….ပို့စ်လေး.ဖတ်ရလို ့ ကျေးဇူးပါ..ဗျာ
ဆက်ပါဦးနော်..။
nature
July 9, 2012 at 9:01 pm
ဒါမျိုးကြုံဖူးတယ်။ ငယ်ငယ်တုန်းကအိမ်နားမှာ ကြက်တိုက်ဝါသနာတော်တော်ကြီးတဲ့ လူတယောက်ရှိတယ်။ တိုက်လို့ရှုံးရင် ရောင်းစား ချက်စားပြစ်တာပဲ။ လာရောင်းရင်အုန်းထမင်းနဲ့ကြက်သားဟင်းချက်စားကြတယ်။ တိုက်ကြက်အသားကတော်တော်လေးမာတယ်။သူမွေးထားတဲ့ကြက်တွေမနက်မနက်အချိန်မှန်မှန်တွန်တာ နှိုးစက်တောင်မလိုဘူး။
htet way
July 10, 2012 at 10:41 am
ဆရာရေ
ကျွန်တော်က ကြက် အကြောင်း သိပ်မသိပါဘူး
မိတ်ဆွတွေထဲမှာတော့ ကြက်တိုက်တဲ့ သူတွေရှိပါတယ်။
ဝတ္ထု အဖြစ်ကြိုးစားကြည့်ပါအုံးမယ်။
Khaing Khaing
July 10, 2012 at 2:00 pm
ဆရာထက်ရေ ……. ပထမပိုင်းကို အစောကတည်းကတွေ့တော့ ဖတ်ချင်ပါတယ် မအားတာကြောင့် အခုဒုတိယပိုင်းတင်မှ ပထမပိုင်းကိုပြန်ဖတ်ဖြစ်တယ် ………. ကိုခင်မောင်ပြောတဲ့စကားတွေကို ဖတ်ပီး ရီလိုက်ရတယ် ……….
etone
July 10, 2012 at 2:45 pm
ဘာကြောင့်မှန်း မသိဘူး .. ကြက်တိုက်တဲ့ လူတွေ .. လုံးဝကို ကြည့်မရဘူး ။
သိပ်ဝါသနာပါနေလျှင် သူတို့ချင်း လမ်းလည်ခေါင်မှာ နပမ်း သတ်ပွဲလုပ်ကြပါလား။
တိုက်ကြက်ရှံးရင် ရိုက်သတ်စားတယ်ဆိုတာကလည်း ၊ လူကြမ်းစိတ်ကြမ်းကြီးနဲ့ ၊ စာနာစိတ်ကင်းမဲ့ လွန်း သလိုပဲ ။
သူ့ခမျာ တိုက်လည်း တိုက်ရသေး ၊ ရိုက်သတ်ခံလည်း ခံရသေးဆိုတော ့ …. သနားစရာရယ် … ။
တိရိစာ္ဆန်ညှင်းပမ်းမှု ဥပဒေတွေဘာတွေ ဒီနိုင်ငံမှာ မတွင်ကျယ်သေးတာ … မုန်းစရာပါပဲ … ။