သူ့နာမည်က ကင်ဒေါ့ကွမ်

တရုတ်လူမျိုးတော့မဟုတ်… ဂျာမန်….

 

 

 

နာမည်ရင်းက Kim Schmitz ပါတဲ့ ..အဲ့ဒါ ကိုယ့်ဟာကိုယ် လက်ဆော့ပီး

ကင်ဒေါ့ကွမ် Kim Dotcom အဖြစ် ပြောင်းထားပါသတဲ့ဗျာ …။

Kimble လို့လည်း လူသိများပီး နောက်ထပ်နာမည်ကတော့ ..

ကင် တင် ဂျင် ဗက်စတာ Kim Tim Jim Vestor ပါတဲ့

သူ့ရဲ့ လူသိများတဲ့ အချက်ကတော့ Megaupload ဆိုတဲ့ ဝက်ဘ်ဆိုက် ကို

ထူထောင်မှုပါပဲ … Megaupload ဘာလဲ ကိုယ့်ဆြာ တို့ သိပါတယ်..

ညင်းညင်း …..

 

အဲ … သူ့အကြောင်း အသေးစိတ် အတင်းချချင်ပေမယ့် …သဂျီးက

အင်တာနက်ပေါ်မှာ မရမ်းရ လို့ ..ပြောထားတာ က တဂျောင်း …

စာရေးစာဖတ် အားဂျီး ပျင်းနေတာ က တကြောင်း ..နဲ့ နည်းနည်းပဲ ထပ်

လျှာရှည်ခွင့်ပေးပါတော့ဗျာ …

 

အနှီ ပေါင် ၃၀ဝလောက်နီးနီးလေးတဲ့ အရပ် ၆ပေ ၆လက်မရှိ လူထွားကြီးဟာ
ဟောသည့် အမှုတွေ အတွက် ဆိုင်းငံ့ အပြစ်ရှိသူ ပါတဲ့

Computer fraud;

insider trading;

embezzlement;

possession of stolen goods;

abuse of titles

 

ကျွတ်ဆင်ကြီးနော …အဲ …

ဝန်ထမ်း ၁၅ဝကျော်လောက် ခန့်ထားတဲ့ ဟောင်ကောင် အခြေစိုက်

သူ့ file hosting website တွေကတော့

ဒါတွေပါတဲ့…

www.megaupload.com

www.megavideo.com

www.megapix.com

www.megalive.com

www.megabox.com

 

သည်နှစ် အစောပိုင်းက ဝီကီပိဒိယ ၁ရက်ကြာ အမှောင်ချထားတာ

မှတ်မိကြဦးမယ်ထင်ပါ့ …. အမေဒစ်ကင်န် အစိုးရရဲ့ …အင်တာနက် ဆင်ဆာရှစ်ပ် ကို

ဆန်ဒါ ပြတဲ့ အနေနဲ့ပါ ….။ အဲ …တိုက်ဆိုင်တာ(မဟုတ်) ၂ရက်အကြာမှာပဲ ..ကင်ဒေါ့ကွမ်

အဖမ်းခံရပါတယ်…သူ့ရဲ့ ဝက်ဘ်ဆိုက် www.megaupload.com ရဲ့ ကော်ပီရွိုက် ချိုးဖောက်မှုတွေ ကြောင့်ပါပဲ ….

ဘာမှမကြာဘူး.. အာမခံနဲ့ ပြန်လွတ်လာ ပါတယ်. … ပြောရရင် ..နည်းနည်း နားရှုပ်မယ် ထင်ရဲ့ ..

အလွယ်ပြောပါ့မယ်.. ဖိုင် ရှဲရင်း ဆိုက် တို့ရဲ့ထုံးစံအတိုင်း ..ဆော့ဖ်ဝဲယား တွေ ဘာညာ ခွေတွေ

တင်ကြလေတော့ …အဲ့ဒါတွေကနေ မူပိုင်ခွင့်ချိုးဖောက် တဲ့ ဘက်ဦးလှည့်ခဲ့တာပါပဲ …နေ့စဉ် လူ

သန်း၅ဝလောက် အဝင်အထွက်ရှိနေပါသတဲ့ …။ ဒါဟာ အင်တာနက်တခုလုံးရဲ့ …၄% ရှိတဲ့

ပမာဏ လို့ ခန့်မှန်းကြပါတယ်..။ Megaupload ကိုတော့ U.S. Justice Department ကနေ

ဇန်နဝါရီ ၁၉ရက်နေ့က ခြင်းနင်း ပိတ်သိမ်းခဲ့ပြီ ဖြစ်ပါတယ်..

 

အဲ ..ခိုးယူပစ္စည်း လက်ဝယ်ထားတာ ရောင်းဝယ်ဖောက်ကားတာ .. မသမာတဲ့ ရင်းနှီးမြှုပ်နှံတာ
ဒေဝါလီ (အင်) ခံတာ ..စတာတွေအများကြီး အတွက်လည်း နာမည်ဆိုး နဲ့ ကျော်ကြားသူပါ..

သည်လ အတွင်းမှာတော့ …ကမ်ဒေါ့ကွမ် ဟာ Spotify ကိုပြိုင်ဆိုင်ဖို့အတွက် Megabox

ဆိုတဲ့ .. music streaming service ကို စတင်မယ်လို့ ကြေငြာခဲ့ပါတယ်… ဘာဖြစ်လာဦးမယ်တော့

မသိသေးပါ…။
ပြောပြချင်ပါသေးတယ်… ။ ဒါပေမယ့် မပြောတော့ပါ …သဂျီးက အင်တာနက်ပေါ်မှာ

 

သူများအတင်းမချရဝူး … မရမ်းရဝူး ဆိုလို့…။

:P

 

 

သည်အကြောင်း ပြောပြရတာ သည်လိုပါ …

ဟိုတလောက ဟိုမင်းသမီးလေး ကောင်းတာတွေ လုပ်တဲ့ မူဗီ ပျံ့ပါတယ်…

ကိုယ့်ဆြာတွေလည်း သာဓုခေါ်လိုက်ကြရမှာပါ ….

အဲ့သည့်လို ကောလဟလ .. ကွန်ထရိုဗာရှယ် ..သူများ အတွင်းရေး … ကော်ပီရွိုက်.. (အဲလေ ..ဒါဂျီးကတော့

ကောပီရွိုက် မဟုတ်ဘူးပေါ့…)

ဒါတွေ အားလုံး ရဲ့ …နောက်ကွယ်မှာ မီလျံဘစ်ဇနက် ဖြစ်သူတွေ မီလျံဘစ်ဇနက် နေကြပါတယ်…

လုပ်စားသူတွေ …ခံစားသူတွေ …ကိုယ့် သမိုင်းကိုယ်ရေးနေကြပါတယ်….

 

 

ကျုပ်တို့မှာတော့ ..အနှီ လူလည်ကြီးတွေ အရောင်ဆိုးသမျှ ခံပီး … ဟုတ်တယ်မဟုတ်ဘူး ငြင်းကြ…

ဆဲကြ ..ရှဲ ကြ ..ဖွကြ ပွကြနဲ့ ….

 

အော် …ကိုယ်လည်း တပြားမှ ရတာလည်း မဟုတ် ….။

 

အင်း …

တော်သေးဘီ….

 

Ref:
http://en.wikipedia.org/wiki/Kim_Dotcom
http://www.buzzfeed.com/mjs538/most-interesting-facts-about-kim-dotcom-the-found
http://en.wikipedia.org/wiki/Megaupload
http://en.wikipedia.org/wiki/English_Wikipedia_blackout#Wikimedia_community

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011