ကျွန်မတို့ နေထိုင်ရာဒီလောကကြီးမှာ တစ်ခါတစ်လေ အံ့သြဖွယ်ရာ မယုံနိုင်ဖွယ်ရာ

ကိစ္စတွေနဲ့ ပြည့်နေတတ်ပါတယ်။ တစ်ခါတစ်လေကိစ္စတွေဟာ ကြုံဖူးတဲ့သူတွေ၊ တွေ့ဖူး

တဲ့သူတွေ၊ မြင်ဖူးတဲ့သူတွေသာ ယုံကြည့်နိုင်ကြပြီး မမြင်ဖူးမတွေ့ဖူးတဲ့ သူတွေအတွက်

ပုံပြင်လာပြောနေတာပါလို့ အထင်ခံရလောက်အောင်ဆန်းကြယ်တတ်ပါတယ်။ ရွာသူ

ရွာသားတွေကော လူခြောက်( လူပုံသဏ္ဍန်သေးသေးလေး) လေးတွေ ရှိတယ်ပြောရင်

ယုံနိုင်ကြမယ်မထင်ပါဘူး (မမြင်ဘူးရင်ပေါ့)။

ကျွန်မလည်း တော်တော်အရွယ်ရောက်တဲ့အထိ သူများတွေလူခြောက်ကလေးမွေးတဲ့

အကြောင်းပြောတာဖြစ်ဖြစ် ၊ စာအုပ်တွေမှာလူခြောက်ကလေးတွေအကြောင်းပါတာဖြစ်

ဖြစ် ကြားရရင် ဖတ်ရရင်မယုံကြည်ခဲ့တာအမှန်ပါ။ ဒါပေမဲ့  ကျွန်မရှစ်တန်းကျောင်းသူအ

ရွယ် ၁၉၉၂ ခုနှစ်လောက်ကတော့ အဲဒီမယုံကြည်မှုတွေကို အပြီးတိုင်ခြေဖျက်နိုင်မဲ့ကိစ္စ

လေးတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်မတို့နေတဲ့မြို့လေးနဲ့ လေးမိုင်လောက်

ဝေးတဲ့ ရွာလေးမှာ လူခြောက်လေးတစ်ယောက်မွေးတယ်ဆိုတဲ့ သတင်းကိုကျွန်မကြား

တော့ သိပ်တော့မယုံကြည်လှပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စကို ကျွန်မသူငယ်ချင်းနဲ့ကျောင်း

မှာ တော့ပြောဖြစ်ကြပါတယ်။ ဒီတော့ အထူးအဆန်းဆိုသိချင်မြင်ချင်ကြတဲ့ ဆယ်ကျော်

သက်အရွယ်တွေမို့ သူငယ်ချင်းက

“ငါတို့ နေလည်ကျောင်းဆင်းရင် သွားကြည့်ရအောင်ဟာ”

လို့အဖေါ်စပ်ပါတယ်။ အမှန်တော့ အဲဒီရွာနဲ့ကျွန်မတို့ ကျောင်းကငါးမိုင်နီးပါးလောက်

တော့ဝေးမယ်ထင်ပါတယ်။ ဒါနဲ့ဆရာ၊ ဆရာမတွေ စာသင်နေတုံးမမြင်အောင်ထမင်း

ကို သုတ်သုတ်ခိုးစားကြပါတယ်( ဆရာ၊ ဆရာမတွေက သူတို့စာသင်နေတုံး တစ်ခုခု

စားနေတာ မြင်ရင်အနဲလေးခုံပေါ်တက်ရပ်နေဖို့က သေချာသလောက်မို့ သူတို့မမြင်

အောင် ခပ်မြန်မြန်လေးစားရတာမို့ ကိုယ့်ထမင်းဘူးကို ကိုယ်စားတာတောင်ခိုးစားရ

တာလို့ သုံးရေးတာပါ)။ ဒါနဲ့ နေ့လည်ထမင်းစားကျောင်းဆင်းတာနဲ့ သူငယ်ချင်းနှစ်

ယောက် နေပူပူ( မြန်မာပြည်ရဲ့ မိုးတွင်းဘက်နေဟာ ပူရင်တော်တော်လေးပူပါတယ်)

မှာ စက်ဘီးတစ်စီးနဲ့ အဆိုပါရွာလေးကို ဒိုးကြတာပေါ့။ သိပ်မလည်ရှာသူ မေဖလားဝါး

က ပေါင်ချိန် ၉၀ သာသာလောက်ရှိတဲ့သူငယ်ချင်းနင်းတဲ့ စက်ဘီးနောက်မှာ အငြိမ့်သား

လေ။ ကိုယ်ကလဲသိပ်တော့ ၀ရှာတာမဟုတ်ပါဘူး ၁၂၀ ပေါင်လောက်ကတော့ မကျော်

ရင်သာနေမယ် မလျော့တာတော့သေချာပါတယ်။ ဒါနဲ့နေပူပူမှာသူငယ်ချင်းနှစ်ယောက်

ချွေးတစ်လုံးလုံးနဲ့ အဲဒီရွာကိုရောက်အောင် သွားကြပါတယ်။ ဟိုရောက်တော့ မောတော့

တာပါပဲ။ အိမ်ရှင် အမျိုးသမီး( လူခြောက်လေးရဲ့မိခင်) က လူခြောက်လေးမွေးတယ်ဆို

တာမဟုတ်ပါဘူးတဲ့ ။ လူခြောက်လေးလည်း မရှိပါဘူးပြောပြီး ဘူးခံလွှတ်တာကြောင့်

သူငယ်ချင်းနှစ်ယောက် တော်တော်လေးစိတ်ပျက်သွားကြပါတယ်။ ဒါနဲ့ ပြန်မယ်ဆိုပြီး

ထွက်လာခဲ့ရာမှ ကျွန်မလည်းဒီရွာမှာ နေတဲ့ကျွန်မအဒေါ်ကိုရုတ်တရက်သတိရသွားပါ

တယ်။ ဒီအိမ်မှာလူခြောက်လေးမွေးတာ ပြောတဲ့သူကအသေအခြာပြောပြီး တိတိကျကျ

သတင်း လိုဖြစ်နေပြီးတော့ မတွေ့ရပဲ ဘူးခံငြင်းတာခံရတာကြောင့် မကျေနပ်တာလည်း

ပါပါတယ်။ ဒါနဲ့ ကျွန်မလည်း ရွာရဲ့အတွင်းဘက်နားလောက်မှာရှိတဲ့ ကျွန်မအဒေါ်တွေ

အိမ်ကို သွားကြရအောင်လို့သူငယ်ချင်းကို အဖော်စပ်ပြီး အဒေါ်တွေအိမ်ကိုဆက်သွား

ကြပါတယ်။ အဒေါ်တွေ အိမ်ရောက်တော့

“ဒေါ်ဒေါ် ………ဟိုရွာလယ်ကအိမ်မှာ လူခြောက်လေးမွေးတာတကယ်လားဟင်”

လို့ စကားစမေးတော့ ကျွန်မအဒေါ်က

“အေးလေ…ကြာပြီ..နှစ်ပါတ်လောက်တောင်ရှိပြီ”

လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်မလည်း အားတက်သွားတာကြောင့် ကျွန်မတို့ရောက်ခဲ့

တာကို သူငယ်ချင်းကိုမပြောရန်မျက်နှာရိပ် မျက်နှာကဲပြပြီး ကျွန်မအဒေါ်ကိုဆက်ပြော

တာပေါ့..

“ဒေါ်ဒေါ်ရော…သွားကြည့်ပြီးပြီလားဟင်”

လို့ စကားလမ်းကြောင်းပြီးမေးလိုက်ပါတယ်။ အဒေါ်က ကြည့်ပြီးပြီဖြစ်ကြောင်း တကယ်

မွေးတာဖြစ်ကြောင်းကို ပြောတော့ ကျွန်မက သမီးတို့မသွားရဲလို့ လိုက်ပို့ပေးပါဆိုပြီး

ကျွန်မအဒေါ်ကို ခပ်တည်တည်နဲ့ညာခေါ်လာခဲ့ပြီး သုံးယောက်သား ထိုလူခြောက်လေး

မွေးသည်ဆိုသော အိမ်ကိုချီတက်လာခဲ့ကြပါတယ်။

ထိုအိမ်ကို ရောက်တော့ အဒေါ်ရဲ့မျက်နှာနဲ့ (အဒေါ်လည်း တော်တော်လေးကိုပြောယူရပါတယ်) ကျွန်မတို့ စောစောက မြင်တွေ့ခွင့်မရခဲ့တဲ့

လူခြောက်လေးဆိုသော( လူပုံသဏ္ဍန်အပြည့်အစုံပါသော) အကောင်သေးသေးလေးကို

မြင်တွေ့ ခွင့်ရခဲ့ပါတော့တယ်။

 

အပိုင်း-၂  ကိုဆက်လက်ရေးသား ပေးပါ့မယ်။

 

About may flowers

may flowers has written 61 post in this Website..