လေညှင်းလေးပေါ့
သူကရင့်ကျက်တယ် တည်ငြိမ်တယ်
လူကိုလည်းအေးမြစေတယ်
သူ့အသံကြားတိုင်း ရင်ကိုငြိမ်းချမ်းသွားတာပဲ
တစ်ခါတစ်ရံမှာ ပျော်ရွှင်မှုပေးတတ်ပေမဲ့
လွမ်းဆွတ်ဖွယ်ကောင်းတာလည်း သူပါပဲ
ကဲလေညှင်းလေးရေ တိုက်ခတ်ပါဦး
နွေးထွေးတဲ့အပြုံးတွေ ပေးရင်းနဲ့ပေါ့
ဆိတ်ငြိမ်မှုဖြိုခွင်းပြီး လေညှင်းလေးတိုက်ခတ်လာပြီ
ဟော သူနဲ့အတူ ပန်းတွေရဲ့ရနံ့
သဘာဝတရားရဲ့ အလှတရားတွေ။
မနားမနေပဲ တိုက်ခတ်နေတာ။
ဟော ဟော ဘာတွေလဲ
လေညှင်းလေးနောက်မှာ ဘာတွေလဲ
အရင်လိုလေညှင်းလေးရဲ့ရနံ့ ဘယ်ရောက်သွားလဲ
ကဘာ့ အညစ်အဆိုးတွေကြား
လေညင်းလေးကြားညှပ်နေပေါ့
လေညင်းလေးပေါ့
သူ့ရဲ့အရသာ အရင်လို မချိုမြိန်တော့ဘူး။
၁၀း၂၉ နာရီ
တနင်္ဂနွေနေ့
၂၄.၆.၂၀၁၂

ကဘာ မရေးတတ်တာ ခွင့်လွှတ်ပါ။

About super man

super man has written 2 post in this Website..