“ကိုဇောက်ထိုး…ကိုဇောက်ထိုး..ခဏနေပါဦး”
“ဘာလဲကွ..ထူးဆန်းရ…”
“ခနနေပါဦးကိုဇောက်ထိုး ဘယ်ကို သွားမလို့လဲ…”
“အင်တာနက်ကဖေးမှာ လက်ဖက်ရည်အလကား တိုက်မယ့်သူလိုက်ရှာမလို့။”
“ဒါဆိုရင်..ကျွန်တော်တိုက်မယ်။”
“အဲလိုဆို ရှာတဲ့ ကိစ္စပြီးသွားပြီ..သွားစို့…”
“ဘယ်ကိုသွားမှာလဲ….”
“အင်တာနက်ကဖေးလေ…”

ဆိုင်ရောက်သောအခါ….
“ကိုဇောက်ထိုး ကျွန်တော့်ကို အကူအညီတစ်ခုပေးစမ်းဗျာ…”
“ဟ ထူးဆန်းရ..လက်ဖက်ရည်တိုက်တာနဲ့ မကာအောင်တော့ အကူအညီတွေ မတောင်းနဲ့ကွာ…”
“ဒီမယ် ကိုဇောက်ထိုး..ကျွန်တော့်ကို အေကိုက်နေတဲ့ အမျိုးသမီး တစ်ဦး ရှာပေးစမ်းပါဗျာ..ကျွန်တော် အေကိုက်တဲ့ အမျိုးသမီးနဲ့ နေချင်လို့…”
“ထူးဆန်းရယ်….ငါမရယ်ချင်ဘူးကွာ…အေးအေးဆေးဆေးသောက်ပါရစေ..”
“နောက်တာမဟုတ်ဘူးကိုဇောက်ထိုးရဲ့..
အတည်ပြောနေတာပါ”
“ဘာကြောင့် အေကိုက်တဲ့ မိန်းမနဲ့ မင်းကနေချင်ရတာလဲ..
သေချင်လို့လား”
“ဟုတ်တယ်…သေလဲသေမှာပဲ..မသေခင် အမှုမှန်ဖော်ထုတ်သွားချင်လို့”
“ဘယ်လိုအမှုမှန်ဖော်ထုတ်သွားမှာလဲ”
“ကျွန်တော်က အေကိုက်တဲ့မိန်းမနဲ့နေရင်..ကျွန်တော့်ကို အေရောဂါကူးမှာပဲ.. ပြီးရင် ကျွန်တော့်မိန်းမပါကူးရောဗျာ”
“အဲဒီတော့ ဘာဖြစ်လဲကွာ”
“ကျွန်တော်ကနေ ကျွန်တော်မိန်းမကူးတော့.. ပြီးရင် ကျွန်တော့်အဖေပါ ကူးရော့ပေါ့ဗျာ”
“ဟေ……………”
“မဟေ….နဲ့….ကျွန်တော်အဖေပါကူးတော့ ကျွန်တော့်အမေပါ ကူးရောဗျာ”
“အဲဒီတော့ မင်းငရဲကြီးမှာပေါ့”
“ကျွန်တော့်အမေပါကူးတော့ ရွာဦးကျောင်းက ဦးသူတော်ကြီးပါ ကူးရော့ဗျာ.”
“ဟာ…………………………………
ကျွန်တော်တို့ မိတ်ဆွေသုံးဦး လမ်းလျှောက်နေစဉ်.. အခြားမိတ်ဆွေတစ်ဦး ရောက်လာပြီး စကားမစပ်ပြောပြပါတယ်။
ကျွန်တော်တို့ ရယ်လိုက်ကြရပါတယ်။ အတောမသတ်ပါပဲ….
ယခု ကျွန်တော်ကလဲ ကျွန်တော့်မိတ်ဆွေများကို စကားမစပ်ပြန်ပြောပြလိုက် ပါတယ်။
ရယ်ဖို့နဲ့အတူ.. မောစရာ လောကအကြောင်းပါခံစားနိုင်ပါစေ…..
မှတ်ချက်= ယင်းအမှားဖော်နည်းလမ်းသည်… မှားသောသူကိုသာ လုံးဝထိမှန်ပြီး မှန်သောသူများကိုလဲ လုံးဝမထိခိုက်ပေ… ပုံဇောက်ထိုး….

ရိုင်းသွားတယ်ထင်လျှင် ခွတ်လွတ်ပါ။ ကြားဖူးလျှင် သီးခံပါ။

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..