အလွမ်းနာ ကျ

ကဗျာမဆန် တဲ့နှလုံးသားမျိုး နဲ့ 

အချစ်မှာ…ခါးသီးခဲ့ တယ်

 

တိမ်တွေ ငိုချလိုက်တဲ့  … မိုးက

စပါယ်တွေကို   …

တစ်ဖျောက်ဖျောက် ပွင့်ဝေ စေခဲ့ပေမယ့်

ငါ…..မစိုစွတ် လိုက်ရဘူးးးးး

 

ဒီလိုနဲ့ …..

သံယောဇဉ် ရဲ့  တွင်းနက်နက်ထဲ

မျှော်လင့်ချက်…အကျိုးအပျက် တွေက

တောင် ပုံ…..ရာပုံ  လို့ 

 

နှစ်ချို့ ပျားရည်  တစ်စက်

တပ်မက်တဲ့..စိတ်နဲ့ တင်…

ရင်ခုန်သံ ဟာ…အိပ်မက်ဆန် နေလိုက်ရ

 

သတိရ ခြင်းတွေ…ဗရပွ နဲ့  …

မွစာ ကြဲ အောင် … တမ်းတနေရတဲ့

ငါ့…စပါယ်ဖူး လေးရေ…………

 

ကြည့်လိုက် စမ်း ပ…

ဒီလို….လူမသိ သူမသိ

……ည  ….မှာ ..မှ

မနွမ်း ခင် ကြွေပေးလိုက် ရတဲ့

ပန်းခရေ   … တွေကဖြင့်….

မြေပြင် ထက်မှာ…

ပွင့်   … ဝေ  လို့ ကို…မဆုံးးး   ။။။

 

About maung khinmin

maung khinmin has written 85 post in this Website..