ချက်တင်

…………………..

ရှည်လျှားလှတဲ့လေဟာပြင်ထဲမှာ

နက်နဲသောအဓိပ္ပါယ်တွေရဲ့ဖော်ဆောင်မှုကြောင့်

သေးငယ်သောကြိုးမျှင်လေးသွယ်တန်းခဲ့ပြီ..။

စေတမန်အဖြစ်ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့

ကွန်ပျူတာမျက်နှာပေါ်ကစာသားလေး

အထူးတာဝန်တစ်ခုနဲ့ကြိုးမျှင်ပေါ်လျှောက်ခဲ့ရပြီ..။

သွက်လက်ချက်ချာတဲ့သူငယ်ချင်း(10)ယောက်

မှားယွင်းမှုတစ်စုံတရာနည်းပါးစေဖို့

စည်းချက် ဝါးချက်ဖြင့်တွဲစပ်ပြီးတီးစေကာ

ကီးဘုတ်ရဲ့မျက်နှာပြင်ပေါ်ကခုန်ကြကုန်ပြီ..။

ထိတွေ့မှုကအိပ်ပျော်ခဲ့တာဆိုပေမဲ့

ခံစားမှုကဦးဆောင်ပြီးချီတက်ကြကုန်ပြီ

မကြာခင်ပြန်လာလိမ့်မယ်………….

အောင်မြင်မှုနဲ့……….။

ရှုံးနိပ့်မှုနဲ့……………..။

About ဇွဲမာန်(အင်းဝ)

ဇွဲမာန် (အင်းဝ) has written 49 post in this Website..