***မြေလွှာသို ့ကျင့်….ပညာရင့်***

 

 

 


သတင်းစာ ဂေဇတ် …. ညီနောင် မြတ်တို ့

အပျင်းလည်းပြေ….ရင်းနှီးစေရေး

စာပေရေးသား….မျှခံစားရန်

ရိုးသားစိတ်ရင်း….ဝေဖန်ခြင်းမှာ

စေတနာမှန်ဖို ့…လိုလိမ့်မယ်…၊

 

သုတ၊ရသ……ကြွရွလှပ

ပညာရစေ….ကဗျာ၊စကားပြေ

ဆောင်းပါးတွေနှင့်….ယဉ်ကျေးပညာ

လိမ္မာတတ်သိ….ထွန်းညှိမီးစာ

ရင်ထဲပါအောင်…ဖော်ဆောင်အတတ်

ဉာဏ်ဖြင့်စွက်ပြီး….ရေးတတ်ပါစေ

ဝမ်းစာဖွေရျ်….မြေသို ့ကျင့်အပ်

ရေးသောလက်သည်….ထက်မြက်ကလောင်

နာမည်ပြောင်မည်…၊

 

ငါသာတတ်၏…..ငါပဲသိသည်

ငါ၏ဂုဏ်ဖော်….မသူတော်တည့်

စာပေကဝိ….မာန်မရှိပါ

ပညာဉာဏ်သိ….သူ၏လက်မှာ

မြေလွှာလိုကျင့်….အမြင့်မမျှော်

ထင်ပေါ်မှာကြောက်….မြှောက်ရျ်စင်ပေါ်

ရောက်ရျ်ကျော်လည်း….ငါပဲဆရာ

မလုပ်ပါတည့်….ပညာရှိတို ့

ကျင့်ထုံးတည်းးး။။။။

 

 



 

 

 

 

 

 

 

 

 

 

 

 

 

 

About maung khinmin

maung khinmin has written 85 post in this Website..