ဘ၀ရဲ့ ကောက်ကြောင်းတွေဟာ

အပေါင်း ဖြစ်လိုက်

အနုတ်ဖြစ်လိုက်……၊

လျှောက်ခဲ့တဲ့ ခရီးတစ်ထောက်မှာလဲ

အမြှောက်နဲ့ တွေ့လိုက်

အစားနဲ့ တွေ့လိုက်….၊

ဒီလိုနဲ့….

ကိုယ့်ဘ၀ ခရီးစဉ်မှာ

ရုပ်ဘ၀ ရှင်သန်ဖို့

နုတ်ပစ်ခဲ့ရတဲ့ ကိုယ်ကျင့်တရားတွေ……၊

….အနုတ်တွေ အစားပြန်ရဖို့

မျှော်လင့်ချက် ရှေ့ထားလို့

မြှောက်ပင့်ပြီး ပွားခဲ့ရတဲ့ မုသားတွေ…..၊

ဒီတော့…

ပိုင်းခြေ ညီမျှဖို့အရေး

စတေးပြီး ပေးခဲ့ရတဲ့အရာတွေဟာ

ဘ၀တစ်ခု အခြေပြဇယားရဲ့

ရလဒ်နဲ့ အကြွင်းမှာ

စာရင်းပြဖို့ရော ရှိနေအုံးမှာလား………။

About ဧရာ လှိုင်း

ဧရာ လှိုင်း has written 6 post in this Website..