“ဆရာတော်နဲ့ မြို့ထဲ ဘာသွားလုပ်တာလဲ”

“ကားအန္တရာယ်ကင်း ကမ္မ၀ါစာဖတ် လုပ်တာ”

“ကားကို ဘယ်လို အန္တရာယ်ရှိလို့လဲ”      “လူသေတင်ခဲ့ရလို့တဲ့”

“မင်္ဂလာပြန်ယူတဲ့ သဘောလား”           “ဟုတ်တယ်”

“ကားကို ဘေးမှာထား လုပ်တာလား”      “မဟုတ်ဘူး၊ ခုံတွေဖြုတ်ပြီး ကားပေါ်မှာရွတ်တာ”

“အဲဒါကြ ဘာကမ္မ၀ါဖတ်လဲ”      “ဥပသမ္ပဒ ကမ္မ၀ါပေါ့”

“ဟင်- စာတတ်ပေတတ် ဆရာတော်တွေလဲ ဒါပဲဖတ်တာလား” “သည်လို ဘာကြောင့် ပြောတာလဲ”

“သည်လိုပြောတာ အကြောင်းရှိတယ်”    “လုပ်စမ်းပါဦး”

“ငါ ရွာရောက်တုန်းက အိမ်သစ်တက် ကမ္မ၀ါစာဖတ်ဖို့ ငါ့ဘုန်းကြီးက ငါ့ကိုထည့်လိုက်တယ်”

“ဒါတွေက ရွာတွေရဲ့ ဓလေ့ပဲကွာ”

“သီလပေး၊ ရေစက်ချပြီး ကမ္မ၀ါစာ ဖတ်ကြတော့ ငါ့ခေါင်းထဲမှာ အတွေးတွေ အစီအရီ ဖြစ်လာတယ်”  “ဘာတွေလဲ ပြောပါဦး”

“ပထမဆုံး ငါ-ဘာလုပ်နေတာလဲ လို့ပဲ”    “သည်ကိစ္စနဲ့ ကမ္မ၀ါစာ ဘာမှမဆိုင်ဘူးဆိုတာ တွေးမိတယ်”          “သည်ကိစ္စက အန္တရာယ်ကင်းဖို့၊ ကမ္မ၀ါစာက ရဟန်းအဖြစ်ပေးဖို့ မပေးဖို့ ပြောတာတွေ ဖြစ်နေတယ်”

“အေး – ဟုတ်တယ်ဟ”

“ပြီးတော့လည်း အများကြီးရှိသေးတယ်”

“သည်ပွဲမျိုးမှာ ကမ္မ၀ါစာ မှန်ဦးတောင်မှ၊ ဖတ်လို့မရဘူးဆိုတာလည်း ပါတယ်”

“ဘာဖြစ်လို့လဲ”

“အခု ကမ္မ၀ါစာဖတ်ကြမှာက ရွာကျောင်းသုံးကျောင်းထဲက ဘုန်းကြီးသုံးပါးပဲ”           “အင်း”

“သုံးပါးက သံဃာမဖြစ်ဘူး မဟုတ်လား”  “အေး-မဖြစ်ဘူး”

“သုံးပါးထက်ပိုလည်း သည်ပွဲမှာ သံဃာမဖြစ်နိုင်ဘူး”

“လေးပါး၊ လေးပါးနဲ့အထက်ဟာ သံဃာဖြစ်ပြီ မဟုတ်လား”

“သိမ်ထဲလည်းမဟုတ်၊ နယ်သံဃာလည်း မသိမ်းတော့ ဘုန်းကြီးတွေများလည်း ၀ဂ်ဖြစ်မှာ၊ သံဃာမဖြစ်ဘူးပေါ့”          “အေး-ဟုတ်သား”

“ပြီးတော့ ဥပဇ္ဈာယ်လည်း မရှိဘူး၊ ရဟန်းလောင်းလည်း မရှိဘူး။ သည် ကမ္မ၀ါစာဖတ်ဖို့ ချို့ယွင်းတဲ့ အချက်တွေက ကြည့်ပါဦး”      “အေးပေါ့”

“ငါလည်း ကျောင်းပြန်ရောက်တော့၊ ဥပဇ္ဈာယ်ဘုန်းကြီးကို ဘယ်လိုလဲဘုရားလို့ လျှောက်တော့၊ ဒါကို သူကလည်း သူတို့ ဆရာဘုန်းကြီးကို မေးဖူးတယ်လို့ ပြောတယ်”

“သူ့ဆရာက ဘယ်လိုဖြေသတဲ့လဲ”         “ဒါအစဉ်အဆက် ဖတ်လာတာလို့” ဖြေတယ် ပြောတယ်    “ဟင်”

“ငါလည်း သည်လိုဖြေတာအတွက် ငါ့ဆရာဘုန်းကြီးကို တောက စာမတတ်တဲ့ ဘုန်းကြီးမို့လို့ပဲ သည်လို လုပ်တာလို့ ငါထင်လိုက်တယ်။”

အခုတော့        “စာတတ်ဆရာတော်တွေလည်း သည်လိုပဲတွေ့ရတာ အံ့သြရတာပေါ့”

 

 

 

About uzin

has written 14 post in this Website..