“ဆုံစည်းပါရစေ” အပိုင်း(၈)
“သား……..သတိရလာပြီလား…….
ထွန်းဇော် ဆရာဝန်ကြီးကိုသွားးခေါ်လိုက်နော်……..ဒီမှာ လူနာသတိရလာပြီလို့ သွားပြောပေးပါနော်……”
“ဟုတ်ကဲ့ …..အဒေါ် ကျွန်တော် အခုပဲသွားပြောလိုက်ပါ့မယ်…..”
“သားလေး သတိရလာပြီနော် ……ဘာမှ စိတ်မပူနဲ့ ဘေးနားမှာ အမေရော သားရဲ့ သူငယ်ချင်းထွန်းဇော်လဲရှိတယ်….”
“အင်းပါအမေရယ် ကျွန်တော်ဘာဖြစ်သွားတာလဲဟင်……ခေါင်းတွေလဲ မူးနောက်နောက်ဖြစ်နေတယ်…….ရင်ထဲလဲ ပြည့် ကြပ်နေသလို ခံစားနေရတယ်……”
“ပျောက်သွားမှာပေါ့သားရယ်……….အိပ်ရေးပျက်လို့ ဖြစ်သွားတာတဲ့ ဆရာဝန်ကြီးက ပြောတယ် ဘာမှမဆိုးရိမ်ရတော့ဘူးလို့ ပြောတယ်……သက်သာအောင်နေနော်……”
“အဒေါ် ဆရာဝန်ကြီးေ၇ာက်လာပြီ………”
“လူနာ နိုးနေတာကြာပြီလား……..”
“သိပ်တော့မကြာသေးပါဘူးဆ၇ာ….အခုလေးတင်ပဲရှိပါသေးတယ်……”
“အင်း ဒါဆို သွေးပေါင်ချိန်ကြည့် လိုက်အုံးမယ်နော်….”
“ဒီက ညီမက လူနာရဲ့  အမေနော်………”
“ဟုတ်ပါတယ်ဆရာ သားလေးအတွက် ဘာတွေလိုအပ်လဲ ဆိုတာ ပြောပါဆရာ ”
“သိပ်တော့ မလိုအပ်ပါဘူး…….သွေးပေါင်လေးနဲ နဲတော့ကျနေတယ် ………ဒီလောက်ပါပဲ…..အော်….ပြီးတော့ လူနာကို စိတ်ချမ်းသာမဲ့ အရာကိုပဲ အတက်နိုင်ဆုံးပြောပေးစေချင်ပါတယ်……..”
“ဟုတ်ကဲ့ ပါဆရာ………”
“ပြီးရင် ဆရာရဲ့ ရုံးခန်းထဲကိုခဏလောက် ဆရာနဲ့ လာတွေ့ ပါ…..”
“ဟုတ်ကဲ့ ဆရာ……..”
“သူငယ်ချင်း မင်း နေကောင်းတယ်နော်……..”
“အေး နေကောင်းပါတယ်ကွာ…….ငါခဏလောက်အိပ်လိုက်အုံးမယ်နော်……”
“အေးသူငယ်ချင်း အိပ်လိုက် ငါနဲ့ အဒေါ် ဆရာဝန်ကြီးနဲ့ သွားတွေ့ လိုက်အုံးမယ်……..”
“ဆ၇ာ…………..”
“အော်ထိုင်ပါညီမ…….ဒါနဲ့ ဒီလူငယ်လေးက ဘယ်လိုတော်စပ်သလဲညီမ…….”
“သူက သားလေးရဲ့ သူငယ်ချင်းပါ………ညီအစ်ကိုလိုပါပဲ ဆရာပြောချင်တာရှီိရင်ပွင့် ပွင့် လင်းလင်းပြောနိုင်ပါတယ်………”
“အင်း ပြောရမှာတော့ အားတော့နာပါတယ်ညီမရယ်…..”
“ဘယ်လိုဆရာ…….နဲနဲလောက် ရှင်းရှင်းလေးပြောပေးပါလားခင်ဗျာ…..”
“ဒီလိုပါ…..လူနာရဲ့ ဆေးစစ်ချက်မှတ်တန်းတွေအရ လူနာမှာ နှလုံးရောဂါ ဝေဒနာ ခံစားနေရပါတယ်…….”
“ရှင်……”
“ဗျာ…….”
“ဟာကွာ…….ဖြစ်မှဖြစ်ရလေသူငယ်ချင်းရယ်…..ငါဘယ်လိုနေ၇မလဲကွာ………”
“ဆရာ သားလေးမှာ ဘယ်အချိန်လောက်က ဒီဝေဒနာဆိုးကြီးကို ခံစားနေရတာလဲရှင်……အမှန်အတိုင်းပြောပါဆရာရယ်…….”
“အင်း ဆေး မှတ်တန်းတွေအရတော့ ၆လ လောက်တော့ရှိနေပါပြီ…….”
“ဆရာရယ် ကျမ သားလေးကိုကယိပါအုံးဆရာရယ်……ထွန်းဇော်မင်းသူငယ်ချင်း ကို ကယိပါအုံးကွယ်…..”
“အဒေါ်ရယ် စိတ်ကိုထိမ်းပါ……အတက်နိုင်ဆုံး သက်ပိုင်ကို စိတ်ချမ်းသာအောင် ထားဖို့ ပါပဲ………..”
“ဟုတ်ပါတယ် လူနာကိုစိတ်ချမ်းသားအောင်ထားနိုင်ရင်…….သက်တန်းပြည့် နေနိုင်မှာပါ……….”
“ဟာကွာ…….သက်ပိုင် မင်းနဲ့ ငါ လဲလို့ ရရင် သိပ်ကောင်းမှာပဲသက်ပိုင်ရယ်………………….”
သိပ်ပျှော်တက်တဲ့ သူငယ်ချင်းသက်ပိုင် ဖြစ်ချင်လွန်းလှသည့်  အဆိုတော် ဖြစ်ခွင့် ရတဲ့ အချိန်မှာ မင်းက ငါတို့ နဲ့ အဝေးဆုံးကိုသွားတော့မယ်……..ငါဘယ်လိုဖြေရမလဲ သက်ပိုင်ရယ်………………
အားလုံးးကိုခင်မင်လေးစားလျှက်………..ရှေ့ သို့ ဆက်ပါအုံးမည်။…………………..။……………………….
ဇါတ်လမ်းက ပေါ်လိုက်ပျောက်လိုက်နဲ့ မို့ မေ့တေ့တေ့တောင် ဖြစ်နေပြီ
ဒီပိုစ့်ထဲက ဇါတ်လမ်းကတော့ နဲနဲအိုဗာဖြစ်နေသလိုဘဲ ( စာဖတ်သူ ဝေဖန်ချက် )
ဆိုတော့
ှဇါတ်သိမ်းမှာ အဆိုတော်နဲ့ သူ ချစ်တဲ့ကောင်မလေး
ကျိတ်ကြွေနေတဲ့ အဆိုတော်နဲ့  ကိုယ့်ကို ချစ်ရေးဆိုထားတဲ့ တစ်ယောက် ဟာ အတူတူပဲလားဆိုတာ မသိသေးတဲ့ကောင်မလေး ကို ပေါင်းပေးမှာလားဆိုတာ စောင့်ဖတ်နေမယ်ဗျို့ 
Was this answer helpful?
LikeDislikeခပ်စိတ်စိတ်လေး ဖြစ်အောင်ရေးပေးစေလိုပါ၏။
နှလုံးရေဂါ=silent killer
Was this answer helpful?
LikeDislikeခပ်စိတ်စိတ်လေး ဖြစ်အောင်ရေးပေးစေလိုပါ၏။
နှလုံးရောဂါ=silent killer
Was this answer helpful?
LikeDislikeအင်းမနည်းဆက်စပ်ယူနေရပြီ။ ဖတ်တာတွေကများနေတော့ကာ ဆက်ပါဦးနော်။
Was this answer helpful?
LikeDislike