25.7.2012 နေ့ တွင် ပေါင်းတည်ဗီဒီယို အခြေခံ အဖွဲ့  ၊ မူပိုင်ရှင်များ၊ဗီဒီယို အခွေအငှားဆိုင်ပိုင်ရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် လုပ်ငန်းလိုင်စင်မရှိဘဲ မူပိုင်ရှင်၏ခွင့်ပြုချက်မရရှိေ

သာ တရားမ၀င်မြန်မာဗီဒီယို ဇာတ်ကားခွေ များ ကော်ပီပွား ကျယ်ကျယ်ပြန့် ပြန

့်  ခိုးငှားနေသော ပေါင်းတည်မြို့  ပုတီးကုန်းလမ်းနေ ဦးစန်းမြင့် ဒေါ်ဌေး တို့ ၏ နေအိမ်သို့  ၀င်ရောက်ရှာဖွေရာတွင် ပထမတစ်ရက်24.7.2012 ညနေပိုင်း ကတည်းက ပေါင်းတည်ရဲစခန်းမှ နယ်ထိန်း ၀င်းဇော် ဆိုသူက ၄င်း လမ်းထိပ်တွင် နေသူတစ်ဦး နှင့် ၄င်း လမ်းထဲရှိ တရားမ၀င်နှစ်လုံး၊သုံးလုံးထီ ရောင်းချနေသည့် ( အမည်မဖော်ပြလိုပါ)သူ နှစ်ဦးအား “ ဦးစန်းဝင်း ဆိုတာ လမ်းထဲမှာ ဘယ်သူလဲ ” မေးသဖြင့် ၄င်းသူများက “ ဦးစန်းဝင်းဆိုတာ မရှိဘူး၊ဦးစန်းမြင့် ဆိုတာတော့ရှိတယ် ဘာဖြစ်လို့ လဲ” ပြန်မေးသောအခါ ထို နယ်ထိန်း ၀င်းဇော်မှ “ သူ ကအခွေငှားတယ် မဟုတ်လား၊ငှားရင်သိမ်းထားလိုက်တော့ မနက်ဖြန် လာဖမ်းဖို့ ရှိတယ် စခန်းမှူးကလည်း သိပ်ဖမ်းပေးချင်တာမဟုတ်ဘူး”ဟု ပြောသဖြင့် နှစ်လုံးထီ၊သုံးလုံးထီ ရောင်းသူမှ ကြိုတင်သတင်းပေး သိမ်းဆည်းခိုင်းထားသဖြင့် မည်သည့်  မြန်မာဗီဒီယို ဇာတ်ကားခွေ ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။ထို ကဲ့ အဂတိလိုက်စားသော
အကျင့်ပျက် ရဲဝန်ထမ်းကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်စေရန် တင်ပြ အပ်ပါသည်။

About TRUTH

L L has written 5 post in this Website..

I like truth.

   Send article as PDF