ပုဂံ ဘုရားဖူး သွားကြမယ် (မြန် မာပြည် ရဲ့ အလှတရားများ)

မိုခ်ိဳAugust 2, 20122min34618

မြန်မာ မှန် လျှင် ပုဂံ ရောက်ဖူး ရမယ်တဲ့….အဲဒီ စကား ရဲ့ အဓိပ္ပါယ် ကို ကိုယ်တိုင် ပုဂံရောက် တော့ မှ နားလည်ခံစား မိတယ်။ လက် ညှိုး ထိုး မလွဲ များ ပြား လွန်း လှ တဲ့ စေတီ ပုထိုးတွေ က ခုမှ စပြီး မြင်တွေ့ ဖူးတဲ့ သူတိုင်း အတွက် ရင်သက် ရှုမော အံ့ ဩစရာ……။အဲဒီ စကား အရ ဆိုရင် ကျမ ကတော့ အသက်၃၅ နှစ် ရောက်မှ မြန်မာ ဖြစ်တယ် ပြောရ မှာ ပါ။ မန်းဂေဇတ် ထဲမှာ လည်း ရွာသူား အချို့ လည်း ပုဂံ အကြောင်းကို ရှုထောင့် အမျိုးမျိုး ကနေ ရေးပြီး တင်ပြီး ကြ ပါပြီ။ အဲဒီ ပိုစ့် တွေ ဖတ် ရ တုန်း ကလည်း မရောက်ဖူးသေးတဲ့ ကျမ အဖို့ ရောက်ဖူးချင်လွန်းလို့ တက် တခေါက်ခေါက် ၊ အသည်း တယားယား ပေါ့ လေ…….အခု ကျမ ရေးတော့ လည်း ကျမ အမြင် ကျမ အတွေး ပေါ့။

ကျမ ကတော့ ပုဂံ သွား ဖို့ စိတ်ကူးထားတဲ့ သူတွေ အတွက် အထောက် အကူ ပြုဖို့ ရည်ရွယ်ပြီး ဒီပိုစ့် ကိုရေးပါတယ်။ ကျမ တို့ဇနီးမောင်နှံ ရဲ့ တူညီ တဲ့ ခံယူချက် က ခရီး သွားရင် ခရီး သွား ကုမ္ပဏီ၊ အဖွဲ့ အစည်းတွေ နဲ့ ချိတ်ပြီး ဘယ်တော့ မှ မသွားပါဘူး။ စိတ်လက် အပန်း ပြေ ချင်လို့ ခရီး သွား ပါတယ်ဆိုမှ …. သူများ ချပေးတဲ့ အစီ အစဉ် နဲ့ သူများ ဆွဲပေး ထားတဲ့ အချိန် ဇယား အတိုင်း ကိုယ့် ကို ချည်နှောင် မထားနိုင် ပါဘူး။ စားချင်တဲ့ အချိန် စားချင် တဲ့ ဆိုင်မှာစားမယ် …. ခမ်းနားကြီးကျယ်တဲ့ ဆိုင်ကြီး ဖြစ် နိုင် သလို သန့်ရှင်း သပ် ရပ် တဲ့ လမ်း ဘေးဆိုင် လေး လည်း ဖြစ်ချင်ြ ဖစ် မယ်။  ဘုရား တစ်ဆူ မှာ ၁ နာရီ လောက် ကြာ အောင် ပတ်ချင် ပတ် နေ ပေမယ့် နောက် တဆူ ကျရင် ဦးချ ပြီး တာနဲ့ လှည့် ပြန်ချင် ပြန် မယ်။….. လမ်း ဘေး မှာ အကြော်ဆိုင် တွေ့ လို့ စားချင် ရင် ထိုင်စား လိုက် မှာ ဖြစ် သလို လမ်းဘေး သစ်ပင် အုပ်အုပ် လေး အောက် မှာ ရိုက် ထားတဲ့ ကွပ်ပျစ် တွေ့ လည်း စိတ် ကူးပေါက် ရင် ဝင် ထိုင် နား ပြီး လေညင်း ခံချင် ခံ မယ်။ …အဲဒီတော့ ကိုယ်သွားမယ့် ဒေသ နဲ့ ပတ်သတ် ပြီး လည်ပတ် ရမယ့် နေရာတွေ ၊ ဟိုတယ် တည်းခိုခန်းတို့ ၊စားစရာတို့၊ ကားငှား ခတို့ စတာတွေရဲ့ ပေါက် ဈေး တွေ ကို ရောက်ဖူးတဲ့ သူတွေ ဆီကနေ အရင် စနည်း နာ ရပါတယ်။ ကျမ က အခု အဲဒါ မျိုးလေးတွေ ကို ပြန်ပြော ပြ ပါမယ်။

ပုဂံ ကို express က ၁ ယောက် ကို ၁၀၄၀ဝ ကျပ်ပါ။ ပခုက္ကူ အထိ ရောက်ပါတယ်။ ရေသန့် ၁ လီတာ ၁ဘူး၊ စနိုးတာဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး စတာတွေ ပေးပါတယ်။ ဒရိုင် ဘာ ကားမောင်း ရင်းဖုန်း ပြော က လွဲ လို့ ဝန်ဆောင်မှု ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ တိုးရစ် တွေနဲ့ လုပ်နေ ကြမို့ ထင်ပါရဲ့…..ရောက် မယ့် အချိန် တွေ ဘာတွေလည်း မေး လို့ ရတယ်။ ကျမ တို့ လို လွတ်လွတ် လပ်လပ် ခရီး သွား ရ တာကြိုက် တဲ့…. ခရီး သွားအေဂျင်စီ နဲ့ မသွားတဲ့…. တိုးရစ် တွေလည်း express ပေါ်မှာ အသွားရော အပြန် ရော အတော်များများ တွေ့ပါတယ်။

ပုဂံ ညောင် ဦး ဆင်း မယ့် သူက ရွှေစည်းခုံ ဘုရား နားက ကား ဝန်းမှာ ဆင်း ရပါတယ်။ ကိုယ်တည်း မဲ့ နေ ရာ အထိ ကားလေးတွေ နဲ့ အရောက် ပို့ ပေး ဖို့ ကား ဂိတ်က စီ စဉ် ပေးပါတယ်…. အဲဒီ အတွက် ထပ် မပေးရ ပါဘူး။ တည်းမဲ့ နေ ရာ စီစဉ် ပြီးသား မရှိ ရင် လိုက် ပို့ပေး တဲ့ ကား သမား ကို အဆင် ပြေမဲ့ တည်း ခိုခန်း တခုခု လိုက် ပို့ ခိုင်း ၊ စိတ်ကြိုက် မတွေ့ မချင်း လိုက် ပတ် ပို့ ခိုင်း လို့ ရပါသေးတယ်။ အဲဒီ အတွက် ကိုလည်း ကိုယ် စေတနာ ရှိသလောက် ပဲ ပေးလို့ ရပါတယ်။ သူတို့ မျှော်လင့် တာက ဘုရား စုံ ပတ်ဖူးတာနဲ့ ပုပ္ပား စတဲ့ ခရီးတို တွေ အတွက် သူတို့ ကားလေးတွေ ကို ငှား ဖို့ ပဲ ဖြစ်ပါတယ်။ ကျမ တို့ ကိုယ်တိုင်လည်း အဲဒီ ကားဂိတ် က  ကား လေး နဲ့ ပဲ တောက်လျှှောက် လည် ဖြစ်ပါတယ်။

ည ကားထက် စာရင် နေ့ ကား က ပို စိတ်ချရ မယ် လို့ ယူဆ တာရယ်….ရှုခင်းကြည့် ချင် တာ ရယ်ကြောင့် ရန်ကုန်က မနက် ၈နာရီ ခွဲ ထွက်တဲ့ နေ့ ကား စီး တာ ပုဂံ ကို ညနေ ၅ နာရီ ကျော်လောက် ရောက်ပါတယ်။ သူငယ်ချင်း စီစဉ် ထားပေးတဲ့ အတိုင်း ရွှေစည်းခုံ ဘုရား နား က အလိုတော် ပြည့်  ကျောင်း တိုက် ကို သွားလိုက် တော့ အိမ်သာ ရေချိုး ခန်း တွဲ လျက် အဲကွန်း ပါ အခန်း ( ကားသမား အပြော အရ ဗွီအိုင်ပီခန်း) ၂ ခန်း ကို ၁ ည ပဲ ရမယ် လို့ အခန်း နေရာချပေး တဲ့ ဦးဇင်းက ပြောပါတယ်။ နောက် ရက်မှာ …DSA က ကျောင်း သား နဲ့ အရာရှိ တွေ…. ပေါင်း ….၆၀ဝ ကျော်ရောက်မှာ ဖြစ်တဲ့ အတွက် ကျမတို့ ကို သီးသန့် ခန်း ၂ ခန်း ဆက် ပေးထား နိုင်မှာ မဟုတ်ကြောင်းနဲ့ ….အဲကွန်း ပါတဲ့ အခန်း ကျယ် ၁ ခန်း ကို ပြောင်း ပေးရမှာ ဖြစ်ကြောင်း ….ကျမ တို့ လာတဲ့ အချိန် ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ် ရလို့ အားနာ ပါကြောင်း…မိန့် ပါတယ်။ ဦးဇင်း က ဆက်ပြော ပါတယ်….. မြန်မာ ပြည် အရပ်ရပ် က ဘယ်သူ မဆို ဦးဇင်း တို့ ကျောင်းမှာ တည်း ခို နိုင် ပါတယ်….တဲ့….. အခန်းတွေ အားရင် အား သလို စီစဉ် ပေးပါတယ်….တဲ့… ကဲ….ကျမတော့ facility အပြည့် နဲ့ တည်း လို့ရတဲ့ ဘုန်းကြီးကျောင်း ရှိတာ လက် တို့ လိုက် ပြီ နော်။

ကျမ တို့ လည်း ….ပြောခဲ့ သလို စိတ် အပန်းဖြေ ဖို့ ခရီး ထွက်လာ တာမှာ ကျောင်း ဝင်း တစ် ဝန်း ထဲ လူ ၆၀ဝ ကျော် ကို မျက်စိရှုပ် နားရှုပ် မကြုံ ချင်တာနဲ့ … ဦးဇင်း ကို ၁ ညတာ ပဲတည်း ခွင့် ပြုဖို့ လျှောက်ထား ပြီး ပစ္စည်းတွေ ချပြီး သကာလ ….လိုက်ပို့ ပေးတဲ့ ကားလေးနဲ့ ပဲ နောက်ရက်တွေ အတွက် တည်းခိုခန်း အရှာ ထွက်ကြ ပါတယ်။ ညောင်ဦး တဝိုက်မှာ တည်းခိုခန်းတွေ အများကြီး ရှိ ပြီး ဈေး လည်း သင့် ပါတယ်။ ၃ ယောက် နေလို့ ရပြီး အိမ် သာ ရေချိုး ခန်း တွဲ လျက် အဲကွန်း ပါ အခန်း တွေ က ၁၀၀၀၀၊ ၁၂၀၀ဝ လောက် က စ ရှိပါတယ်။ ၂၀၀၀ဝ ဝန်းကျင်ဆို ရင် ဟော်တယ် လောက် ကောင်း ပါတယ်။ ကျမတို့ လည်း ကိုယ် နဲ့ အဆင်ပြေတဲ့ တည်း ခိုခန်း တခု မှာ စရံ ပေး..၂ ခန်းစာ ဘွက်ကင် လုပ်ပြီး ဘုန်းကြီးကျောင်း ပြန် ခဲ့ တယ်ပေါ့။

 

အမြန်လမ်း  မ ကြီးဘေး  ပဲခူူး ရိုး မ တောင် စွယ် တန်း ပေါ် က ဘုရား တွေ ကို ကား ပေါ် က လှမ်း ရိုက် ခဲ့ တာ

အမြန်လမ်း  မ ကြီးဘေး  က ရွာ ကလေး

အမြန်လမ်း  မ ကြီးဘေး  က ပန်းချီ ဆန် တဲ့ ရှုခင်း ၁

အမြန်လမ်း  မ ကြီးဘေး  က ပန်းချီ ဆန် တဲ့ ရှုခင်း၂

အမြန်လမ်း  မ ကြီးပေါ် က နေ ကျောက် ပန်း တောင်း သွား တဲ့ လမ်း ခွဲ ပေါ် ကွေ့ ပြီး တဲ့ အချိန်  အမြန်လမ်း   မကြီး ကို ပြန် ရိုက် ထား တာ

ရှု ခင်း ကို ပြောင်း သွားတဲ့ လမ်းဘေး မြင်ကွင်း

လမ်း ဘေး က အညာ ကျေးလတ် အိမ်ဝိုင်းလေး

အညာ မှာ ပဲ တွေ့ ရတဲ့   သဲချောင်း….ကျမ အတွက် တော့ သဲချောင်း အကျယ် ကြီး တွေ ကို ပထမဆုံး တွေ့ ဖူးတာပါ။

အလိုတော် ပြည့် ကျောင်း ဝင်း ထဲ က အညာ ရဲ့ သင်္ကေတ .. မကျည်း ၊ တမာ၊ ထနောင်း

နေရောင်အောက် မှာ ရွှေ ရောင် တောက် နေ တဲ့ရွှေ စည်း ခုံဘုရား။

 

နောက် နေ့ ဆက်ပါအုံးမယ်။

18 comments

  • သကြားလုုံးကြော်

    August 2, 2012 at 2:37 pm

    ဆက်ပါဦး မမိုုချိုရေ။ ကိုုယ်တိုုင် စီစဉ်ပြီး သွားတဲ့ လူတွေကိုု တကယ်အားကျပါတယ်။ မသွားခင် အတော်စဉ်းစနစ်နာ ပြီး စုုံစမ်းပြင်ဆင်ရတာ မသက်သာဘူး။
    ဘုုန်းကြီးကျောင်းမှာ အဲကွန်ူနဲ့ ဟိုုတယ်လိုု တည်းလိုု့ရတယ်ဆိုုတာတော့ ထူးဆန်းတယ်ထင်တယ်။ ဘုုန်းကြီးတွေ မျက်စိမနောက်ဘုူးလား မသိ။

  • mocho

    August 2, 2012 at 2:51 pm

    ခေါင်း စဉ် မှာ မှ ဖူး ကို ဝစ်စပေါက် ကျန် ခဲ့ပြီ၊ ပြန်ထည့် ချင်လိုက် တာ။ တတ်နိုင် သူ များ ကူညီ ကြပါအုံး။
    သကြားလုံး ရေ
    အလိုတော် ပြည့် ကျောင်း မှာ ရှိပါတယ်။ လူတော့ ကြည့် ပြီး လက်ခံ မယ် ထင် တယ်။

    • ပင်လယ် ပျော်

      August 2, 2012 at 6:42 pm

      ဟုတ်ပါတယ်ဗျာ…အလိုတော်ပြည့်ကျောင်းမှာရှိပါတယ်…”ဘုရားလည်းဖူး လိပ်ဥလည်းတူး” မို ့လို ့ အဲ ဘွာတေး ဘွာတေး ခင်လို ့နောက်တာပါ…ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးမို ့လို ့ အရမ်းကိုအားကျမိပါတယ်ဗျာ……

  • ရွှေစည်းခုံ အတော်လေးသပ္ပါတယ်နော်။
    တစ်ခါမှ ပုဂံကို လက်မဆော့ဘူးသေးဘူး။
    ဆောင်းတွင်းသွားရင် ပိုကောင်းမယ်ထင်တာဘဲနော်။

    • မောင်ပေ

      August 2, 2012 at 7:48 pm

      “ ဆောင်းတွင်းသွားရင် ပိုကောင်းမယ်ထင်တာဘဲနော် ”… သိပ်မှန်တာပေါ့
      ဟက်ပီးနယူးရီးယားကျရင်
      အတူတူသွားကြမယ်ဗျား

  • စံပယ်တင်မှဲ.လေး

    August 2, 2012 at 3:25 pm

    မမမိုချိုရယ်…..ညလေးဘုရားလာဖူးသွားပါတယ်ရှင်….
    ပြီးတော့….ဈေးဆိုင်နားလေးက ပုန်းရည်ကြီး….အကုန်မသွားပြီနော်….

  • mocho

    August 2, 2012 at 3:29 pm

    ဟုတ် တယ် လေးပေါက်ရေ
    ရွှေ စည်းခုံ ဘုရား ပုံ တွေ က ပြန် ကြည့် တော့ မှ ကိုယ် ရိုက် ထားတာ ဟုတ် ရဲ့ လား တောင် ထင် မိတယ်။ ရွှေ စည်းခုံ မှ မဟုတ် ဘူး ၊ ရိုက် ခဲ့ သမျှ ပုံတွေ အတော် များ များ လှ ကြတယ်။ နဂို လှတဲ့ နေရာ တွေ မို့ ထင်ပါရဲ့ …ကိုယ်ရိုက်ခဲ့ တဲ့ ပုံတွေ ကြည့် ပြီး ကိုယ့် ဘာ သာ သဘော တွေ ကျနေမိတော့ တယ်။

  • mocho

    August 2, 2012 at 3:30 pm

    ခေါင်း စဉ် ပြင် ပေးတဲ့ သူ ကို ကျေး ဇူးတင် ပါတယ်။

  • MaMa

    August 2, 2012 at 7:15 pm

    အားကျတယ် မိုချိုရေ။
    အဲဒီလိုမျိုး အပန်းပြေခရီးသွားချင်ပေမယ့် မိသားစုများတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုရင် ပင်ပန်းလို့ အလွယ်တကူ ခရီးစဉ်အတိုင်းပဲ လိုက်ဖြစ်တာများတယ်။
    တကယ်ဆိုရင် ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသတခုမှာ အေးအေးဆေးဆေး လမ်းလျှောက်သွားပြီး ရှု့ခင်းကြည့်၊ ဒေသအစားအစာတွေ စားရတာကို သဘောကျတယ်။
    မိုချိုရဲ့ ပုဂံခရီးအတွက် လမ်းညွှန်ပေးတာလေးက တကယ်အကျိုးရှိလို့ သဘောကျတယ်။ [:)]
    ဒိ့ပြင်ခရီးတွေသွားဖြစ်ရင်လည်း ဒီလိုလေး ရေးပြပေးဦးနော်။

  • htoosan

    August 2, 2012 at 10:36 pm

    စီးခဲ့တဲ့ express ကားလိုင်းနံမည် လည်း ပြောပြပါဦး ..
    ယာဉ်မောင်း ဖုန်းပြောတဲ့ အကြောင်း ရေးထားလို့ အားနာတာ နဲ့ မပြောဘဲ မနေပါနဲ့ .. 😀

  • may flowers

    August 2, 2012 at 11:46 pm

    ဖတ်ပြီးမှတ်သွားပါတယ် မိုချိုရေ…ခုလိုအသေးစိတ်ပြန်ပြောပြပေးတဲ့ အတွက် ကျေးဇူးပါနော်။

    နောင် သွားချင်သူတွေအတွက်လည်း ခုလိုအပြည့်အစုံလေးရေးပေးလို့ ပိုအဆင်ပြေတာပေါ့။

  • nozomi

    August 3, 2012 at 12:40 am

    ဒေါ်မိုးချိုရေးတဲ့ ပို့စ် လေးတွေ ဖတ်ဖြစ်ပါတယ်
    ပို့စ် တိုင်း မှာ ရေးသူရဲ့ စေတနာလေးတွေ တွေ့ရတယ်
    မမန့်ဖြစ်ပေမဲ့ အားပေးနေပါတယ်
    ပုဂံသွားခဲ့ရတဲ့ အတွေ့အကြုံကတော့ အမြဲအမှတ်ရနေမှာ အသေအချာပဲ

    အချိန်ရရင် စလုံးက အကြောင်းလေးတွေ လဲ ရေးပါဦး
    အဲဒီမှာရောက်နေတဲ့ ရွှေတွေရဲ့ ဘဝအတွေ့အကြုံလေးတွေ ပျော်ရ မောရတာတွေ
    လက်ပ်တော့ က ကွဲသွားတာရော လဲပြီး ပြီလား

  • P chogyi

    August 3, 2012 at 10:50 am

    ရွှေစည်းခုံစေတီတော်ကို ရိုက်ထားတာအရမ်းကောင်းပါတယ်
    ကူးသွားပါတယ်။

  • Ma Ei

    August 3, 2012 at 12:18 pm

    မိုချိုရေ…
    ရွှေစည်းခုံ စေတီတော်ကို ကြည်ညိုစွာ ဖူးလိုက်ပါတယ်..
    ပန်းချီ ဆန် တဲ့ ရှုခင်း ၁ ၊ သဲချောင်းကျယ်ကျယ်
    ရှုခင်းတွေ လှလိုက်တာနော်…

  • mamanoyar

    August 3, 2012 at 12:21 pm

    ပုဂံဘုရားဖူးသွားရတာ
    အရမ်းကိုစိတ်ကြည်နူးဖို့ကောင်းတာပဲ
    နေရာတကာ ဘုရားတွေနဲ့လေ
    ရွှေစည်းခုံစေတီတော်မြတ်ကြီးကို ဖူးမျှော်သွားပါတယ်နော်

  • ကြည်ဆောင်း

    August 3, 2012 at 12:46 pm

    ပုဂံ ကိုရောက်ပြန်ဆိုသလောက်ဘဲရောက်ခဲ့ဖူးတယ်
    ဒီလိုမျိုးသေသေချာချာလေး တမေ့တမောကြီး လည်ချင်လိုက်တာ….

  • manawphyulay

    August 3, 2012 at 12:54 pm

    ပုဂံ၊ ညောင်ဦး ပုပ္ပါးကိုမရောက်တာအတော်ကြာလို့ ကြည့်ရ မြင်ရတာ အတော်ကို ကြည်ညိုစရာ ကောင်းပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင်။ မရောက်တာကြာလို့ ခုလိုဖူးမြော်ရတဲ့အတွက်ပေါ့။

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 1:20 pm

    မမမိုချိုရေ တည်းခိုဖို ့အတွက် ကုန်ကျငွေသက်သာပါ၏။ကျနော်တို ့
    ငပလီမှာတော့ အဲ့ဈေးနဲ ့အနားမကပ်နိုင်ပါ။လာသမျှခရီးသွားများ
    လက်လန်၍ ပြန်သွားရပါသည်။

Leave a Reply