ဒီလို ညမှာ …

ကျွန်တော် ချစ်ရတဲ့ သူကပြောဘူးတယ်

ကောင်းကင် ကြီးလိုလည်း …

ကြယ်တွေ ကို … ရင်ဘတ်ထဲထည့်ဝှက်

အပိုင်သိမ်းမထား ရက်ဘူးတဲ့ ………

 

 

ကုမုဒြာ ပန်းလေးလိုလည်း …

လရောင် ရဲ့ အနမ်းအောက် မှာ

 သူ မဘ၀ကို …. …..

ကျမပျောက် လိုက်ချင်ဘူးတဲ့…..

 

 

 

စ်ကယ်တော့ … သူမဟာ

နေမင်း ရဲ့ ….မှော်အလင်းတွေနဲ့ 

သံယောဇဉ်  မကင်းလိုတဲ့ ….

နေကြာ ပျို မလေးတစ်ပွင့် သာ

ဖြစ်လိုခဲ့ … သူပါတဲ့ …

 

 

ဆိုင် … မဆိုင် တော့ မသိဘူး …

အဲဒီ … ည

လရောင် မျက်ရည် …

မြေ သို့  ကြွေ ကျ ခဲ့တယ် ….။။။။

 

 


 

 

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF