ဖြောင်းခွပ်..ဘုံး အင့်..။ “အောင်မလေး ကြောက်ပါဘီဗျ ချမ်းသာပေးပါ ကျန်းမာရေးပါ။ မသိလို့ လုပ်မိပါတယ်။” “ဘာကြောက်ပါပြီလဲ၊ သရဲဂေါင်းလိုလို သူဒေါ်စင်လိုလိုနဲ့ အမှောင်ထဲမှာနေပြီး ဟိုဟာထောင်ပြရဲတဲ့အကောင် (လက်သီး) ဆက်တီးကွာ.. ဒီလိုကောင်မျိုး အရှင်မထားနဲ့၊ ဖြစ်သမျှ ငါတာဝန်ယူတယ်။ စစ်ထောက်လှမ်းရေး အယာရှိကြေးမုံဂျီး ဟိန်းဟောက်သံဖြစ်သည်။ ကြောင်ပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးအဖွဲ့ဝင် ကြောင်ကြီးအား မြို့တွင်းဖောက်ခွဲရေး ကြံစည်သည်ဆိုကာ နှိပ်စက်ညှင်းပန်းနေသည်။ အစာမကျွေး အနားမပေး သုံးရက်တိုင် ကြာမြင့်နေသော်လည်း ဝန်ခံချက် တစုံတရာ မရသေးပေ။ သို့သော် ဗိုလ်ကြေးမုံဂျီး စစ်ကြောရေးစခန်းသို့ ရောက်သွားသူတိုင်း ပြန်လမ်းမရှိရကား ဂေဇက်ရွာသဂျီး ဗလီဆရာ အဗ္ဗဒူလာဥခိုင်၊ ရာအိမ်မှူး ရွှေတိုက်စိုး၊ အရက်ပုန်းရောင်းသူ ကပုတို့မှာ လွန်စွာပျော်မြူး နေကြသည်။ ကြောင်ကြီးသည် သူတို့အတွက် ခလုပ်ကသင်း မဟုတ်ပါလော..။ :P
သဂျီးဥခိုင်မှ သူဥပုသ်ထွက်လျင် ကိုဘေးနွားတကောင် ကင်ပေးမည်၊ ကပုမှ ဖားပြုတ်အရက်တပုံး ဒါနပြုမည်။ ရွှေတိုက်စိုးမှ ရွာကာလသားများအား တာဝန်ယူ ဖိတ်ကြားပေးမည် စသဖြင့် အောင်သေအောင်သားစားရန် စိုင်းပြင်းနေကြသည်။ ထိုအချိန်၌ အမှန်တယားမြတ်နိုးသူ ကြောင်ကြီးခမျာ အမြီးပင် မထောင်နိုင်ရှာတော့ပေ။ (အခြားဟာဆို ပြောမနေနဲ့တော့)။ ရက်ပေါင်းများစွာ ကြာခဲ့လေပြီ၊ စစ်မေးသူများ ခြေကုန်လက်ပန်းကျနေပြီ၊ မေးခွန်းများသည်လည်း အပ်ကြောင်းထပ်နေပြီ၊ အခြေအနေကား စိုးလျဉ်းမျှ တိုးတက်မှု မရှိသေး၊ ကြောင်ကြီးမှ ခေါင်းမာစွာ ဘူးခံလျက် ရှိဆဲပင်။ ဗိုလ်ကြေးမုံဂျီးဒေါသ ထိန်းမနိုင်သိန်းမရ အဆုံးစွန်သို့ ရောက်ရှိသွားပြီ :evil: “ဒီလောက်တောင် မာတဲ့ကြောင် မင်းကိုဖြတ်ပစ်မယ်။ ဝက်သားခုတ် ဓါးပြားဂျီးကိုင်လျက် စဉ်းနှီတုံးအား ဒုန်းကနဲထုရင်း အတံအလက်မှန်သမျှ အကုန်ဖြတ်မယ် လျှာပါမချန်ဘူး…။” :mad:
ကြောင်ကြီးအတွက် လွတ်မြောက်လမ်း မရှိနိုင်တော့၊ ကံစီမံရာ ခံရပေတော့မည်။ ကြေးမုံဂျီးပြုသမျှ နုရမည့်ဘဝ သေမထူး နေမထူးဖြစ်ပြီ။ ကြောက်လျင် ဘဝတွင် နှစ်ခါသေသည်၊ ထို့ကြောင့် ဟန်ကိုယ့်ဖို့ “ဟေ့.. ကြေးမုံဂျီး လည်မော့ပေးရမလား လည်စင်းပေးရမလား၊ သေမှာကြောက်ရင် တော်လှန်ရေး လုပ်ဘူးကွ။” “အေး.. ဖြတ်မှာ လည်ပင်း မဟုတ်ဘူး လဗြွတ် လဗြွတ်။ သောက်တုပ်ပလုပ်…သတ္တိခဲကြောင်ကြီး တုန်လှုပ်သွားသည်၊ မိုးစက်၊ ပုရှ်တို့နှင့် ရှင်ကွဲ ကွဲရတော့မည်။ ဧရာထွန်းဂလေးနှင့် သိကျွမ်းရသည်မှာ များမကြာလှသေး၊ ဦးကြောင်ကြီးအား အသဲနှလုံးမရှိသူဟု အထင်လွဲကြတော့မည်။ ပြန်လွတ်ခဲ့လျင် သူတို့ကို မည်သို့ရှင်းပြရမည်နည်း။ မဖြစ်ချေဘူး ကြေးမုံဂျီး ကြည့်ရတာ ဂျပန်ကင်ပေတိုင်ပုလိပ် ဝင်စားပုံရတယ်။ ဝန်ခံလိုက်မှ သက်သာမယ်။ ခွင့်လွှတ်ကြပါ ရဲဘော်တို့… ကြောင်ကြီးမှာ ရွေးစရာလမ်း မရှိတော့လို့ပါ။ :cry:
“ဟုတ်ပါတယ်၊ ကျနော့်မှာ လက်နက်ခဲယမ်းတွေ ရှိပါတယ်။ စာရေးကိရိယာဆိုင်က ဝယ်ထားတဲ့ ခဲတံချွန်ဓါး၊ ပေတံ၊ သရေကွင်းတထုပ် စာကြည့်စားပွဲ အံဆွဲထဲမှာ သိမ်းထားမိပါတယ်။” “လက်နက်တွေကတော့ ဟုတ်ပြီ၊ ခဲယမ်းမီးကျောက်တွေရောကွ” “ပြောပါ့မယ်ခင်ဗျာ..စားပွဲပေါ်မှာ ခဲဖျက်၊ ခဲတံ၊ ယမ်းမီးခြစ်၊ ဖယောင်းတိုင်တို့ တင်ထားပါတယ်။” “အဲဒါအကုန်လား၊ အခြား ဖောက်ခွဲရေးပစ္စည်းတွေ ရှိရအုံးမယ်။” “မလောက်သေးရင် အိမ်မှာရှိတဲ့ ဦးချိန်တီလျက်ဆားပုလင်း ရှာယူကြပါ၊ မတွေ့ရင် အိမ်နားက မာမူကြီးကုန်စုံဆိုင်မှာ မေးဝယ်လို့ ရတယ်။” “ဩော်…မင်းက တာလီဘန်တွေနဲ့ အဆက်အသွယ် ရှိတယ်ပေါ့၊ ရခိုင်အရေး ရီပို့တင်စရာရှိတာနဲ့ အတော်ပဲ၊ မင်းတော့ မိုးပေါ်က သိကြားမင်းဆင်းကယ်တောင် မလွတ်ဘူး။” 
ဖြောင့်ချက်ရယူပြီးနောက် ကြောင်ကြီးအား အကြမ်းဖက်မှု၊ နိုင်ငံဒေါ်ပုန်ကန်မှု၊ ဖောက်ခွဲရေးလက်နက်ပိုင်ဆိုင်မှု၊ သတ်ဖြတ်ရန် ကြံစည်အားထုတ်မှု၊ နိုင်ငံဒေါ်အေးဂျမ်းသာယာရေးဖျက်ဆီးမှု၊ အကြမ်းဖက်လက်နက်ကိုင်များနှင့် ဆက်သွယ်မှု အမှုပေါင်း တရာ့တမှုတို့ဖြင့် စွဲချက်တင်လိုက်သည်။ မတရားမှုများကား ဤမျှနှင့် အဆုံးမသတ်၊ စီရင်ချက်ချမည့် တရားသူကြီးအဖွဲ့ကို အောင်နက်၊ မဲလုံး၊ ဂုတ်ကျားအမည်ရှိ တရားသူဂျီး သုံးဦးဖြင့်ဖွဲ့ထားပြီး ဆွဲချအစိုးရရှေ့နေကား ကြွက်နီဆိုသူဖြစ်သည်။ ငှက်ကြီး၊ ငှက်လေး၊ ရွှေကျီးနှင့် မောင်ခိုတို့ကား တရားရုံးတွင် ဘက်မလိုက်ဘဲ မှန်ရာထွက်ဆိုကြမည့် သက်သေများပေတည်း။ :cool:
တရားရုံးတွင် ကြောင်ကြီးဘက်မှ စေတနာဖြင့် ရှေ့နေလိုက်ပေးမည့်သူကား လေတပ်ဗိုလ်ချုပ်ကြီး (အငြိမ်းစား) အေးရှားမာစတာဖြစ်သည်။ သူက ကြောင်ကြီးနှင့် လူဂျင်းမသိသော်လည်း စိတ်ချင်းအလွန် ရင်းနှီးနေသဖြင့် ပိုက်ဆံမယူဘဲ အမှုလိုက်ပေးလေသည်။ ကြောင်ကြီး ဝန်သာဝန်ခံလိုက်၊ ငြင်းရင်ပိုဆိုးမယ်။ ရှေ့နေဂျီးမာစတာ ပေးသောအကြံဖြင့် တရားသူဂျီးမေးသမျှ အကုန်လုံး ခေါင်းညိမ့်ရတော့သည်။ ညူကလီးယားဗုံး ဖောက်ခွဲဖို့ ကြံစည်တယ်ဆိုတာ ဟုတ်သလား၊ ဟုတ်ပါတယ်။ တိုက်ချင်းပစ်ဒုံးပျံနဲ့ နယ်စပ်ကနေပစ်မယ် ဆိုတာရော….၊ မှန်ပါတယ်။ အာကာသလွန်းပျံယာဉ်နဲ့ တပ်ချုပ်ကြီးအိမ် အသေခံထိုးစိုက် ဖောက်ခွဲမယ်ဆိုတာ တကယ်လား၊ ဝန်ခံပါတယ်။ :lol:
ဤသို့ဖြင် စီရင်ချက်ချမည့်နေ့ ရောက်ရှိလာလေပြီ။ “အမိန့်ချမယ် အားလုံးနားထောင်၊ တရားခံကြောင်ကြီး (အဖဦးကျား၊ အမိဒေါ်ခြင်္သေ့) တွင် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရ၍ သေဒဏ်ချမှတ်သည်။ အယူခံဝင်လိုက တပတ်အတွင်း ရုံးဒေါ်သို့ တင်သွင်းစေ။” စေတနာရှင် ရှေ့နေဂျီး အာရှမာစတာကား အဆင်းဘီးတပ်လေပြီ၊
“အယူခံမဝင်နဲ့ ကြောင်ကြီး..အခုဟာက သေဒဏ်တခါပဲ ရှိသေးတယ်၊ အယူခံဝင်လို့ သောက်မြင်ကပ်ကပ်နဲ့ သေဒဏ်နှစ်ခါဆိုရင် လွတ်လမ်းမရှိတော့ဘူး။” ဒီလိုနှင့် အယူခံလည်း မဝင်ဖြစ်ခဲ့ပေ၊ ကြောင်ကြီးသေဒဏ် ကျခံရတော့မည်လော။ မဟုတ်ချေ..ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကောင်းမှုဖြင့် သံမဒဂျီးဆိုသူမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လေသည်။ ကြောင်ကြီးလက္ခဏာတွင် ဥပစ္ဆေဒကံဖြင့် သေရန်ကိန်းမပါရှိချေ။ :neutral:
ကြောင်ကြီးပြန်လွတ်ကြောင်း သိလိုက်ရသော သဂျီးအဗ္ဗဒူလာဥခိုင်ခမျာ အလန့်တကြား တံတွေးမျိုချမိသဖြင့် ဥပုသ်ပျက်သွားသည်။ ရာအိမ်မှူးရွေတိုက်စိုးကား စွမ်းအားရှင်အင်အား ထပ်တိုးရန် လူမိုက်ရှာဖွေရလေသည်။ အရက်ပုန်းဆိုင်ပိုင်ရှင် မိုက်ကယ်ပုကတော့ သိမ်းထားသော အရက်များကို လျော့ဈေးဖြင့် တွန်းရောင်းသည်။ သူတို့စိုးရိမ်သလို ဖြစ်မလာချေ။ ပြန်လွတ်လာချင်းချင်း မိတ်ဆွေဂျီး အေးရှားမာစတာ ကူညီမှုဖြင့် တရုတ်ပြည်ရှိ ကျီးမုံဂျေး ဘာဘီကျူးဆိုင်တွင် စာရိတ်ငြိမ်း လခကောင်း အလုပ်လုပ်ရန် ထွက်ခွာသွားသောကြောင့်ဖြစ်သည်။ ဦးကြောင်ကြီး သူဌေးဖြစ်မည်လော၊ သို့တည်းမဟုတ် …………………………………………ဆက်ရန်မျှော်။ :eek:

ဦးကြောင်ကြီး တရုတ်ပြည်တွင် ဇိမ်ကျနေဗုံ

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF