စကားပြောသော မျက်လုံးများ

ဒီရက်ထဲမှာ နေကခြစ်ခြစ်တောက်ပူလိုက်၊ တိုင်ဖုန်းက တစ်လုံးပြီး တစ်လုံးဝင်လိုက် နဲ့ အလုပ် လုပ်ရတာ တယ်ပြီး ခရီးမတွင်လှဘူး………

အားနေတော့လဲ တောင်စဉ်းစား မြောက်စဉ်းစား

မြန်မာလူမျိုး သူငယ်ချင်းကလဲ မရှိ၊ စကားပြောဖော်ကလဲ နထိ္ထ ဆိုတော့၊ ပျင်းစရာကြီးဗျာ

 

ကိုယ့်ဘဝ ကိုယ်ပြန်စဉ်းစားမိတော့လဲ ဟိုနိုင်ငံရောက် သည်နိုင်ငံရောက်နဲ့ အခြေဘဲမကျနိုင်သေးဘူး

တခါတခါ ဘာလို့များ ပိုက်ဆံရှာနေမိပါလိမ့် လို့တောင် အတွေးပေါက်မိတယ်။

 

တဘက်က စဉ်းစားကြည့်တော့လဲ နိုင်ငံစုံဗဟုသုတ ရတာပေါ့လေ

အဲ… လူအမျိုးမျိုး စိတ်အထွေထွေ တော့ ကြုံရတာပေါ့

 

မောင်ကျောက် ကနေ ကိုကျောက်၊ ကိုကျောက် ကနေ ခု ဦးကျောက် ဖြစ်လာပြီ ဆိုတော့

လုပ်ငန်းခွင်ထဲမှာလဲ အဆင့်တစ်ခုတော့ ရောက်ပြီပေါ့ဗျာ

 

အလုပ်က မတစ်ထောင် သားသမီးများကို အုပ်ချုပ်ရတော့ ကိုယ် “ထူ” ရင် ကိုယ်ခံရမှာလေ

ဦးကျောက် ကတော့ ဘယ်လောက် ယုံအောင် လာပြောပြော မျက်လုံးကို စိုက်ကြည့်ပြစ်လိုက် ပြီးမှ ဆုံးဖြတ်တယ်

ဟုတ်တယ်လေ တဖက်သားရဲ့ အဇ္ဈတ က သူ့မျက်လုံးမှာ အမြဲပေါ်ပါတယ်။

 

ဆိုကြပါစို့

ဘင်္ဂလားကုလားတွေရဲ့ မျက်လုံးထဲမှာ ရိုးသားမှုဆိုတာ ဘယ်လိုမှ ရှာလို့မတွေ့ပါ

ဒီလိုပါပဲ တရုတ်တော်တော်များများ ရဲ့ လောဘ၊ ဖား တွေရဲ့ မတည်ကြည်မှု၊ အဖြူတွေရဲ့ ဘဝင်မြင့်မှု တွေဟာ သူတို့ မျက်လုံးမှာပေါ်ပါတယ်

 

ကိုကျောက် လူမျိုးစုံ နဲ့ နိုင်ငံစုံ မှာ အလုပ် လုပ်ဘူးပါတယ်။ Middle East မှာလဲ သုံးနှစ်လောက် အလုပ်တာဝန်နဲ့နေခဲ့ဘူးပါတယ်။

Sheikh (စော်ဘွား) တွေနဲ့လဲ အလုပ်သဘောအရ ဆက်ဆံဘူးပါတယ်။

သူတို့က ကိုကျောက် ကိုဘယ်နိုင်ငံသား ဘယ်ဘာသာဝင်လဲ မေးပြီးရင် ကိုကျောက် တို့ နိုင်ငံမှာ မူဆလင်ဘယ်လောက်ရှိလဲ အမြဲမေးပါတယ်။

ပြီးတော့ သူတို့ဘာသာဝင်ဘို့ တိုက်တွန်းပါတယ်။ ဘာသာပြောင်းရင် လစာကောင်းကောင်းနဲ့ အလုပ်ပေးမည့် အကြောင်းလဲ ပါတာပေါ့ဗျာ

ကိုကျောက်ကတော့ NO ပါ၊ လွတ်လပ်မှုရယ် ဝက်သားရယ် သူရာရည်ရယ် ကို မစွန့်နိုင်ပါဘူး

အဲဒီ Sheikh တွေက အိမ်ကြီး ခြံကျယ် ထဲမှာ မယားများစွာ အခြွေအရံများစွာနဲ့ နေပါတယ်။ အ ဟိ…အားကျ စရာကြီး

 

အာရပ်တွေမှာ တစ်ခု သတိထားမိတာက ဘယ်လောက်ချမ်းသာချမ်းသာ ဘယ်လောက်ဆင်းရဲဆင်းရဲ သူတို့မျက်လုံးတွေထဲမှာ ကောက်ကျစ်ရက်စက်မှုကိုဘဲ တွေ့ရပါတယ်။

 

 

ကြုံလို့ပြောရရင်

Middle East ကိုလာတဲ့  မြန်မာနိုင်ငံက ရွှေကိုကို ရွှေမမ များရဲ့ “ဇ” ကလဲ မသေးပါဘူး

ရောက်လို့မှ တစ်လ မပြည့်သေးဘူး၊ အချင်းချင်း ငြိရင်ငြိ၊ မငြိရင်

ရွှေမမများက ကုလား ၊ ရွှေကိုကိုများက (အင်ဒို) “အ” မ “ဖား” မ များနဲ့ငြိပြီး

အိမ်ထောင်တွေပျက် ၊ ရှိတာတွေကုန်ပေါ့

 

တို့မြန်မာဂုဏ်သတင်းက မွှေးလှတာမို့ ကိုကျောက်ကို လုပ်ဖော်ကိုင်ဖက်များက မြန်မာ Girl Friend ရှာခိုင်းရင်

စိတ်နာနာနဲ့ ” ငါ _ ခေါင်း မဟုတ်” လို့ ရင့်ရင့်သီးသီး ငြင်းပြစ်လိုက်တာချည်းဘဲ

 

အဲ…..အဲ ရွှေမမများသာမဟုတ် ၊ ရွှေကိုကို လေး တစ်ယောက်ရဲ့ အကြောင်းလဲ  ပြောပါရစေအုံး!

 

တရက်သားမှာ ကိုကျောက်လဲ အရက် သောက်ဖော်မရှိလို့ မြန်မာများနေတဲ့ အဆောင်ကိုသွားပါတယ်

အားလားလား…သောက်ကျိုးနဲ၊ ရေချိုးခန်းထဲက

” မိန်းမရေ…!  သမီးလေး…!  ……လွမ်းလိုက်တာဟဲ့” လို့

စိန်အောင်မင်း အသံနဲ့ ငိုချင်းချ နေတဲ့ မောင်ရင်နဲ့တိုးပါလေရော

 

အနှီသတို့သားက အဲဒီနေ့ကမှ အသစ်ရောက်တဲ့သူပေါ့

အသားဖြူဖြူ လူရေသန့်သန့် ရိုးပုံရိုးဘန်း မျက်လုံး ကြည်ကြည် နဲ့ ပါ

ဟဲ…ဟဲ၊ မူးစစနဲ့ ကိုကျောက်လဲ သူ့ကို အားပေးစကားဆိုပါတယ်၊

” ကဲ ငါ့ညီရာ ငိုမနေပါနဲ့၊ ဘဝဆိုတာဒီလိုပေါ့ ၊ မင်း လဲ….မကြာခင် နောက်မိန်းမရ ပါလိမ့်မယ်”…..လို့

ဟုတ်တယ်လေ၊ မိန်းမကို သိပ်ချစ်တဲ့ ယောက်ျားဟာ၊ မိန်းမ မရှိရင် ဘယ်နေတတ်မလဲ. . .

 

အဟုတ်ဗျာ၊ ကိုကျောက် Middle East က Project  ပြီးလို့ နောက်တစ်နိုင်ငံ ရောက်တော့၊ အဲဒီ မောင်ရင်ရဲ့ သတင်း ကြားရတာဘဲဗျိုး!

 

Online မှာ Chat တော့ သူက ဝန်ခံပါတယ်။ သူနဲ့ငြိတာ မြန်မာမူဆလင် မိန်းခလေးတဲ့၊

အဟဲ…အချစ်စစ်…ဆိုဘဲ!

ကောင်မလေးက “ကျွန်မကို ချစ်ရင် မောင်ကြီးရယ်…..” ဆိုလို့ “ငပျောသီး ထိပ်ဖြတ် ကုလား ရှင်ပြု” လဲ လုပ်ပြီးပါပြီ တဲ့၊

ကိုကျောက် လဲ ” ကောင်းပါ့ဗျား…” လို့ဘဲ ထောပဏာ ပြုလိုက်ပါတယ်။

 

 

ဂလိုနဲ့…..ဂလိုနဲ့ ပေါ့ဗျာ…..

၂နှစ်လောက်ကြာတော့ အဲဒီ Middle East ကို ရုံးကိစ္စနဲ့ ခဏ ပြန်ရောက်ပါတယ်၊

မိတ်ဟောင်းဆွေဟောင်း များနဲ့ ပျော်ပျော်ပါးပါး ပြန်ဆုံကြသည် ပေါ့

အဲဒီမှာ အထက်က ပြောခဲ့တဲ့ မောင်ရင်လဲ ကိုကျောက် ကို  လာတွေ့ပါတယ်

 

သူများတွေပြောတာ အဟုတ်ဗျာ၊ မူဆလင်ဦးထုပ် ဆောင်းထားတဲ့ သူ့ကို မနဲပုံဖမ်းယူရတယ်၊ ပြောင်းလဲသွားလိုက်တာများ…..

ဖြက်ကနဲ သူ့မျက်လုံးတွေကို ကြည့်လိုက်မိတော့……..

.. အားပါးပါး….ပြောင်းလဲသွားလိုက်တဲ့.. မျက်ဝန်းထဲက အရောင်တွေ….

 

24 comments

  • စိန်ဗိုက်ဗိုက်

    August 4, 2012 at 5:20 pm

    ဪ..
    ရွှေကိုကို..ရွှေကိုကို..ခုတော့လဲ သူပါပြောင်းလဲသွားခဲ့ပါပကောပေါ့ဗျာ..
    ကိုယ့်ထိုက်နဲ ့ ကိုယ့်ကံပေါ့လေ..
    နဂိုကတည်းကမှ အမျိုးဘာသာကို စောင့်ထိန်းလိုတဲ့စိတ်မရှိတော့လဲ ဦးထုပ်ဆောင်းသွားတာ မဆန်းပါဘူး..သူ ့လိုလူတွေ အများသားရယ်..
    အဲတော့..လွတ်လပ်မှုရယ် ဝက်သားရယ် သူရာရည်ရယ် ကို ခိုးကြောင်ခိုးဝှက် သုံးစွဲရတော့မပေါ့နော..
    လူဒွေ..လူဒွေ…

  • မောင်ပေ

    August 4, 2012 at 6:39 pm

    ဦးကျောက် ရဲ ့စာဖတ်အပြီး
    ကျွန်တော်သတိထားမိသလောက်အရ
    မူဆလင်တွေ ရဲ ့မျက်လုံးမျက်ဝန်းတွေ က ဗမာတွေနဲ ့ယှဉ်ရင် ပိုလှကြတယ်ဗျ
    အဲဒါ ဝက်သားမစားလို ့ဖြစ်မယ်လို ့ကျွန်တော့်ဟာကျွန်တော် ကောက်ချက်ချမိတာပဲ။
    ဒါနဲ ့ “ ရွှေမမ ” တွေ ရဲ ့ဇါတ်စုံကိုလည်း ရေးတင်ပေးပါလို ့ခင်မင်စွာဖြင့် တောင်းဆိုပါရစေ ခင်ဗျား 🙂

  • Khaing Khaing

    August 4, 2012 at 6:56 pm

    ဦးကျောက်ရေ … တင်ပြတင်သူကတော့ သူပေးချင်တဲ့ ဟင့်ကိုပေးသွားတယ် …. ညီမကတော့ ကိုယ်နားလည်တဲ့ ဟင့်တစ်ခုကိုယူသွားတယ် … လူတစ်ယောက်ရဲ့မျက်လုံး အဲဒါလေးက တော်တော်စဉ်းစားရကြပ်တဲ့ အရာတစ်ခု ဖြစ်လာတယ် …. တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်ကိုဖတ်ပြီး ညီမအတွေးထဲမှာ တစ်ခုဝင်နေတာ …. တွေးစရာ တစ်ခုရသွားတယ်… ညီမ… မကြိုက်တဲ့မျက်လုံးတစ်စုံကိုတွေ့ဖူးတယ် …. ဒါပေမယ့် သူကတော့ ရိုးသားနေတယ်လို့ထင်ရတာပဲ အခုတစ်လောအတွင်းကမှ သိလိုက်ရတာ သူ့မျက်လုံးနဲ့သူ့စိတ်က ထပ်တူကျနေတာကို သိသိသာသာကြီး သိလိုက်ရတယ် ….. အဲဒီမျက်လုံးက ဘယ်လိုမျက်လုံးမျိုးလဲဆိုရင် တစ်ခုခုကို ခိုးကြည့်တတ်တဲ့မျက်လုံးပဲ … နေရာတိုင်းမှာ သူမသိမသာခိုးခိုးကြည့်နေတာ …… အဲလိုမျက်လုံးမျိုး ရှိတဲ့လူ နှစ်ယောက်ကိုတွေ့ဖူးတယ် ….. နှစ်ယောက်စလုံးက စကားတွေသယ်ယူပို့ဆောင်ရေး ကတုံးကတိုက်လုပ် တတ်တဲ့သူတွေဖြစ်နေတယ် …. ဒါပေမယ့် သူတို့က စကားပြောအလွန်ပါးနပ်တဲ့ သူတွေလည်း ဖြစ်ပါတယ်…..

  • ဇောက် ထိုး

    August 4, 2012 at 7:09 pm

    အင်္ဂဝိဇ္ဇာ အတတ်ပညာက မတတ်လေတော့…. ဘာပြောရမှန်းတောင် မသိသလိုပါပဲ။
    ချက်ခြင်းပေါ်လာတဲ့ အတွေးကတော့….သာသနာပြုပုံခြင်း မတူကြဘူး…

    သူတို့က ပေးပြီး…ကျွေးပြီး… တရားတွေကို အိမ်ပေါက်စေ့ အလကားလိုက်ပြောပြီး…. ဟောကြတယ်။ စည်းရုံးကြတယ်။
    ကျွန်တော်ထပ်စဉ်းစားမိတာက ကျွန်တော်တို့ ဗုဒ္ဓဘာသာက သီလရှင်တွေဟာ ခရစ်ယာန်က မိန်းကလေးတွေလို အိမ်ပေါက်စေ့ လိုက်ပြီး တရားကောင်းကောင်းဟောတတ်ရင် ကောင်းမယ်။

    ကုလားတွေ တယူသန်……
    တရုပ်တွေ ပလူပျံ….
    ဗမာတွေ အလှူခံတဲ့….. ကြားဖူးတာ……

    • ဦးဦးပါလေရာ

      August 4, 2012 at 7:54 pm

      သူများဟောတာပဲ နားထောင်တတ်ပါစေဦး ကိုဇောက်ရယ်။
      အင်း… ဘုန်းကြီးတွေရောပေါ့….
      (ဒီတခါတော့ကိုယ့်ပေါင်လေး နဲနဲနာသွားတယ်။ ဥုံ….ဖွ….)

      • ဇောက် ထိုး

        August 5, 2012 at 9:07 am

        ဦးဦးပါလေရာရေ…. နာမှာကြောက်လို့ ဘာမှမလုပ်ပဲထားရင် အကြောသေသွားတာမျိုးဖြစ်မှာ သိပ်စိုးတယ်ဗျာ…. တကယ်စိုးမိတာပါဗျာ….
        မညှာမတာ ဦးဦးပါလေရာ စဉ်းစားဝေဘန်ကြည့်ပေးပါ…..အချိန်များများစဉ်းစားကြည့်ပေးပါ….အဲဓိကကတော့…. နာတာ..မနာတာ.ထက် ကျွန်တော်တို့ ပေါင်လေးကောင်းဖို့..လှမ်းလျှောက်ဖြစ်ဖို့..အကိုက်အပြု မရှိဖို့က အရေးကြီးတယ်ထင်ပါတယ်ဗျာ….ကျွန်တော်တို့ ပေါင်သန်စွမ်းနေဖို့…လမ်းတွေလျှောက်သင့်ပါတယ်။ အပြေးတွေလေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ ဆေးလိမ်း ဆေးထိုးတွေလုပ်သင့်ပါတယ်။ နာမှာကြောက်လို့ပစ်ထားလိုက်ရင်…………….

        သူများဟောတာပဲ နားထောင်တတ်ပါစေဦး ကိုဇောက်ရယ်။ အဲဒီလိုလေး ပြောပေးတာ အထူးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…………………….

    • ဦး ကျောက်ခဲ

      August 4, 2012 at 8:12 pm

      အေးဗျာ ကျွန်တော်တို့ လူမျိုး ဗုဒ္ဓဘာသာဝင် တော်တော်များများက တခုခုဆို ကိုယ့်ဘက်က လျှော့ပေးလိုက်တာ ချည့်ဘဲ။ ကျွန်တော်က Free Thinker ဆိုပေမဲ့ ဒါမျိုးတော့ မကြိုက်ပေါင်!

      အဲဒီနေ့က အဲသည့် အမျိုးညံ့ရဲ့ မျက်လုံးထဲမှာတွေ့လိုက်တာက Brain Wash အလုပ်ခံထားရတဲ့ စဉ်းလဲမှုဘဲ ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 4, 2012 at 7:36 pm

    ကျောက်ခဲ ဖြစ်လို့ဒီလောက်
    စိန်ခဲ မြခဲ ဆို ဘယ်လောက်တောင် အရေးကောင်းမလဲမသိဘူး
    ဒီဖက်ခေတ်မှာတော့ သက်ဆိုင်ရာဘာသာတရားကို တစ်ကယ်ယုံကြည်သူဆိုတာ
    ( ပြောဘို့တော့အလိုမရှိပါဘူး )
    တစ်ခါတစ်လေ ကျုပ်ဆင်းစားမိတယ်
    ဒီနေ့ခေတ်မှာ သူ့ဘာသာမှန်တယ် ငါ့ဘာသာမှန်တယ်ထက်
    ဘာသာဆိုတဲ့ ဘယ်ဘာသာကို နောင်နှစ်အနည်းငယ်မှာ လူတွေ ထဲထဲဝင်ဝင်
    လက္ခံကြပါတော့မလားလို့ သံသယတော့ဖြစ်မိသား
    ကျုပ်လည်း မိန်းမဆယ်ယောက်လောက်ရနိုင်မယ်ဆိုရင်
    ထိပ်ဖြတ်မယ်လေ ကွိကွိ

    • စိန်ဗိုက်ဗိုက်

      August 4, 2012 at 7:39 pm

      အရင်းကပါ ဖြတ်မယ်ဆို နောက်ထပ် ဆယ်ယောက် အပိုထပ်ပေးမယ်ပေါဒယ်..

    • ဦး ကျောက်ခဲ

      August 4, 2012 at 9:47 pm

      ကျေးဇူး တင်ပါတယ် ခင်ဗျာ။ ကျွန်တော်မှာ ဒီလောက်အရည်အချင်း မရှိပါဘူး။ စိတ်ထဲရှိတဲ့ ဘဝ အတွေ့အကြုံတွေ လျှောက်ရေးတဲ့ အဆင့်ပါ။

      အဟဲ ဆရာပုမို့ မကြောက်မရွံ့ ဆယ်ယောက်လိုချင်တယ်…..

      • မောင်ပေ

        August 5, 2012 at 9:42 am

        ကောက်ညှင်းပေါင်းမစားဖူးလို့ ပြောတာပဲဖြစ်ရမယ်
        သေရချီရဲ့ဗျာ ၁ဝယောက် ၁ဝယောက်

    • myanmarcitizen

      August 5, 2012 at 3:30 pm

      ဈေးညှိလို့ရလို့ အလုပ်ဖြစ်သွားလို့ ဖြတ်ခံတဲ့အခါ သေချာ အမှတ်အသားလေးလုပ်ထား အုန်း တော်ကြာ ကိုဗိုက်ပြောသလို အရင်းကနေဖြတ်လိုက်မှ ငုတ်တုပ်မေ့သွားအုန်းမယ်

  • ကြောင်ကြီး

    August 5, 2012 at 12:39 am

    ကြောင်ကြီး ဘာသာပြောင်းစေချင်ရင် မဂိုမလေးတယောက်၊ ပန်းသေးမလေးတယောက်၊ အာရပ်မလေးတယောက်၊ ပါရှန်းမလေးတယောက် ရှာပေးဂျပါ။ 😎

    • ဦးကျောက်ခဲ

      April 16, 2015 at 11:55 am

      ကိုရင်ကြောင်လည်း မွတ်တစ်လုံး ရေလဲသုံးနေတော့…
      မကြာခင် “မောင်ကြွတ်” ဖြစ်ကိန်း မြင်နေတယ်ဗျို့…
      :k:

  • myanmarcitizen

    August 5, 2012 at 3:26 pm

    ဦးကျောက်ရေ ဗဟုသုတလေး များတော်တော်ရသဗျာ။ အတွေ့အကြုံတွေတော်တော်များမယ့်ပုံပဲ ထပ်ရေးပါအုန်းစောင့်ဖတ်ပါ့မယ်။ ဟိုမျိုးမစစ် ဦးထုတ်ဆောင်းသွားတဲ့ကောင်ကတော့ ဆိုးသဗျာ။

  • မဟာရာဇာ အံစာတုံး

    August 5, 2012 at 8:22 pm

    ခင်ဗျားရဲ့ အရေးအသားကို
    ရေလည် ကြိုက်တယ်ဗျာ …
    လောကကြီးအကြောင်းကို
    ရေလည် သဘောပေါက်ထားတဲ့ လူပဲဗျာ …
    အဖေဖိုးတေ၊ သားဆိုးပေ ဆိုတဲ့ မြန်မာဇာတ်ကား ထွေလာထဲက
    အဖေ လုပ်သူပြောတဲ့ “အော် .. မိန်းမ မိန်းမ .. ကျော်ကြီး မိန်းမ ..” ဆိုတဲ့ လေသံနဲ့ လူကြီးရဲ့ စတိုင်ကို ဦးကျောက်ခဲ ပုံနဲ့ ဖမ်းပြီး မြင်ယောင်လိုက်မိပါကြောင်း ….. 😀

  • ခင်ဇော်

    April 13, 2015 at 3:17 pm

    ဒီလို ဇာတ်လမ်းမျိုးတွေ ကြားရင်တော့ နှမြောသဗျာ။
    ကိုကိုကျောက်ဆီမှာ ဒီထက် စုံတဲ့ ဇာတ်လမ်းတွေ ရှိအူးမှာပဲ။
    ရေးပါအူးးး

    BTW
    တီချယ်ကြီး ဆီကနေ သင်ယူရခဲ့တဲ့ထဲမှာ အဲဒါလည်းပါတယ်ဗျ။
    နားထောင်ရင် ပြောတဲ့သူ မျက်လုံးကို စိုက်ကြည့်ပြီးမှ နားထောင်ရတဲ့ အလေ့အကျင့် လုပ်ပေးလို့ အကျင့်ပါသွားတယ်။။
    မျက်လွှာချလိုက် ခိုးကြည့်လိုက် မိန်းမစားထဲမပါတာ အသက် ၂ဝ လောက်ကတည်းကပဲ။
    ခွီးးးးး
    :k:

    • ဦးကျောက်ခဲ

      April 16, 2015 at 11:44 am

      ကိုယ်တွေ့ရော မျက်မြင်ရော ဇာတ်လမ်းစုံသလားတော့ မမေးနဲ့ …
      ဖာတလုံး ခေါင်းကျားလို “အို … အသင်လောက” လို့ တိုင်တည်လိုက်ချင်တာပဲ…
      :k:

    • ဦးကျောက်ခဲ

      April 16, 2015 at 11:46 am

      စိတ်ဓာတ်ခွန်အား ခိုင်ကျည်ဖို့ပဲ အရေးကြီးတာပါ မွန်မွန်ရယ်…
      စိတ်ထဲမှာ လာ “ဘတ်” နေတယ်ထင်ရင် ဒဲ့ ကြည့်ပြီး ပြောလိုက်… ခွိ
      :k:

  • uncle gyi

    April 15, 2015 at 11:13 pm

    ဟုတ်တယ်ဦးကေ ျာက်ရေမ ျက်လုံးကစိတ်ရဲ့တံခါးပေါက်ဆိုလားပဲ
    ဘာပြောပြောသူတို့အဆွယ်ကိုကြံကြံခံလာတဲ့ဦးကေ ျာက်ရဲ့ခံနိုင်အားကမသေးဖူးပဲ

    • ဦးကျောက်ခဲ

      April 16, 2015 at 11:48 am

      အဟိ အဟိ … အချီးမွမ်းမစောပါနဲ့ဦး အန်ကယ်ဂျီးရဲ့ …
      နတ်သတ်ကြွေ ဈာန်လျှောလောက်စရာလေးနဲ့ မတွေ့ခဲ့လို့ထင်ပါရဲ့… အား ဟိ
      :k:

  • naywoon ni

    April 15, 2015 at 11:37 pm

    ပို့စ်​​ဟောင်​း​လေး​တွေ ပြန်​ဖတ်​ရမှပဲ ငါ့တို့ရွာကြီးက တစ်​ချိန်​တုန်​းက အ​တော်​စည်​ကားခဲ့တာပဲ လို့ ပြန်​လွမ်​းမိသလိုလို
    ပိတ်​သတ်​ဂျီး မင်​ဂါဘာ
    ရွာထဲဂို ပျံလာခဲ့ဂျဘာအုံး

    • ဦးကျောက်ခဲ

      April 16, 2015 at 11:51 am

      ဟုတ်ပါ့ … အဘနီရယ် …
      တချိန်တုန်းက စာဖတ်သူတွေ စည်စည်ကားကားနဲ့မို့ စာရေးရတာ ပီတိဖြစ်စရာ…
      အချိန်ရရင် အရင်လို ခပ်သွက်သွက်လေးတွေ ပြန်ရေးပါဦးမယ်ဗျား….
      🙂

Leave a Reply