Be careful your hand, after used computer!

zaylayJuly 5, 20101min531

ကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့်တယ်ထင်လို့ပါ
ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ ့အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ ့။

မယုံမရှိကြပါနဲ ့။ London National Laboratory တစ်ခုရဲ ့တိကျသေချာသော
သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ ့Reslut တစ်ခုပါ၊

Computer တခုရဲ ့ Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
ရှင်သန်နိူင်ကြောင်း လေ့လာတွေ ့ရှိရသည်။

ထို Bacteria များသည် လူတို ့အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ
တွင်မအီမသာဖြစ် ပြီး ဝမ်းလျောခြင်း ) မှ အစ သေစေနိူင်လောက်သည့် ရောဂါ
များ အထိ ဖြစ်ပွား ပျံ ့နှံ ့စေနိူင်သည်။

ပြီးခဲ ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြိ ု့တွင် လူမသိသူမသိ
အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ ့သည်။

တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်
တစ်ဦးကို ဆုံးပါးသွားစေခဲ ့သည်။

အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို ့တွင် အသက် ၃၀
ကျော်မှ ရသောကလေးလေး ဖြစ်သည်။

အသက်ကြီးမှ ရသောကလေးမို ့မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )
လေး ဖြစ်သည်။

အဖေဖြစ်သူက Computer Programmer – တနေကုန် Computer ရှေ ့တွင် အလုပ်ရှုပ်နေသူ

ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို
ချီပြီး နမ်း တတ်သည်။

ကလေးက မွေးကင်းစ (Baby ) လေး ။ ၁ဝ ရက်သားခန် ့သာရှိသေးသည့်
တအားနုနယ်သည့်ကလေးလေးပေါ့။

သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ
ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(Neonatal
Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို ့ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နိူ ့တိုက်သည် မှအပ
တခြားအချိန်တွင်အထိအတွေ ့နည်းသည်။
နိူ ့တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ် ့သန့်သန် ့ရှင်းရှင်း
စနစ်တကျရှိလှသည်။ တခြားထိတွေ ့သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို
ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ ့ကိုသူ သံသယဝင်ပြီး
သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ
့လက်မှာ ရှိတဲ ့Bacteria တွေကို
Culture လုပ်ကြည့်တော့ တွေ ့လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်
Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်
(immature baby) လေး ကို သေသွားစေခဲ ့ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ
ဖြင့် သေချာစွာဆေးကြောကြပါ။
ဒီနေ ့ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ
စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက
အသေအချာပင်။
ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့် ကို
ဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို ့အင်တာနက်ဆိုင်တွေ ရဲ ့သန်
့စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်များရှိသည်။
ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

မြန်မာနိူင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်
Spray ဘူးလေးများဆောင်ထားကြသည်။
သူတို ့အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်
့စင်ကြသည်ကိုတွေ ့ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲ
သန် ့စင်နိူင်သည်။
ထိုကဲ့သို ့ ပစ္စည်းမျိုးကို မသုံးနိူင်ရင်တောင်မှ ဆပ်ပြာနှင့်
သေချာစွာဆေးကြောသင့်သည်။

သင်တို့၏လက်ကိုသန်
့ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို ့ဘဝတွေပိုပြီး လှပသာယာနိူင်ကြပါစေ။

မြန်မာချက်အွန်လိုင်းမှ ကူယူဖေါ်ပြပါသည်။

One comment

  • etone

    July 6, 2010 at 2:41 am

    ကီးဘုတ်တွေကအလွယ်တကူဖုံသုတ်လို့မရတော့ ဘတ်တီးရီးယားတွေခိုအောင်းနေနိုင်တယ်လေ ။ ဒါပေမဲ့လည်း နေ့တိုင်းကီးတွေအကုန်ဖြုတ်ဆေးနိုင်တော့လည်း လက်ကိုပဲခဏခဏဆေးရတော့တာပေါ့ ။

Leave a Reply