ရယ်ရယုံ (၂)

etoneJuly 6, 20101min871

*ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်*

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- “ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ..”
စားပွဲထိုး – “ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်.. အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့”

*ပူဆွေးလိုက်ပုံက*

အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ
သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း
အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။
ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း
အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
” မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ ”
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
” ကျွန်တော် ခင်ဗျားရဲ့ကို်ယ်ရေးကိုယ်တာပူဆွေးမှုကိုတော့
ဝင်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့
နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊
ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊
မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ ”
” ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ ”
” အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ ”
” သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က
သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ ”

*မင်းမှမရှိဘဲ*

သူငယ်ချင်းနှစ်ယောက် ညကမက်သော အိမ်မက်အကြောင်း
အပြိုင်အဆိုင် ပြောနေကြရာ တစ်ယောက် ကငါဂျပန်နိုင်ငံကို ယောက်သွားပြီး
မိုးပျံရထားကြီးစီးပြီးပျော်မြူးခဲ ့ရပုံများကိုပြော
ပြသဖြင့်နောက်တယောက်ကမင်းအိမ်မက်ထက်ငါ့အိမ်မက်က
ပိုကောင်းတယ်ကွ ၊ ငါနဲ ့ကိုရီးယား မင်းသမီးလေး အွန်စော
အခန်းထဲ မှာ နှစ်ယောက်ထဲ တွေ ့နေတဲ ့အချိန်မှာ တခါး ခါက်
သံကြား လို ့ထဖွင် ့လိုက်တဲ ့အချိန်မှာ ဘယ်သူလဲ သိလား ၊ကိုရီး
ယားမင်းသမီးလေး ဘိုရာ ဖြစ်နေပြန်ရော ဟုပြောလိုက်သဖြင် ့
သူငယ်ချင်းက မချင် ့မရဲဖြစ်ကာ…….
မင်းကလည်ကွာမင်းကြတော့ ဘယ်တစ်ယောက်ညာတစ်ယောက်
နဲ ့ငါ ့ကိုကြတော ့ တချက်တောင်လှမ်းခေါ် ဖော်မရဘူး ၊
ဘာကွမင်း
ကို ငါသတိရ လို ့ဖုန်း လှမ်းဆက်ပါသေးတယ်မင်းဂျပန်ကိုသွားတယ်
ဆိုပြီးမင်းအိမ်က ပြောလိုက် လို ့ကွ ။

*ဟောပင် ဘီးလွတ်*

တစ်ခါက ရွာတစ်ရွာတွင်အလွန်အကြွားသန်သော ကိုလေကြွားဆိုသူ
တစ်ဦးရှိလေသည်။တစ်နေ့သ၌ကိုလေကြွားတို့ရွာမှ
မြို့ကိုသွား၍တက္ကသိုလ်တက်ပြီးပြန်လာသောကိုလေကြွားငယ်သူငယ်ချင်းဖြစ်သူ၏သားနှင့်
လမ်းတွင်ဆုံမိသောအခါ –
ကိုလေကြွား – ဟာ ငါ့ကောင်ကြီး မြို့ ကြီးကပြန်လာတော့
တစ်သွေးတစ်မွေးနဲ့လှနေပါရောလားကွ၊
သူငယ်ချင်း (သား) – အဲဒီလောက်လည်း မဟုတ်ပါဘူး ဦးကြီးရာ။
ထိုအခါကိုလေကြွား၏ ထုံးစံအတိုင်းဝသီအရ စတင်ကြွားလုံးထုတ်လေတော့သည်။
ကိုလေကြွား – အေးကွာ တို့ငယ်ငယ်တုန်းကတော့ မြို့ ကြီးတွေမှာ
ကျောင်းမတက်နိုင်ပါဘူးကွာ။ ဟောပင်းဘီးလွတ်လောက်ပဲ တက်ခဲ့ရတာကွ။
သူငယ်ချင်း (သား) – ဘာတုံး ဦးကြီးရ၊ ပြည်ပတက္ကသိုလ်များလား။ တစ်ခါမှ
မကြားဖူးပါဘူး။
ထိုအခါ ကိုလေကြွားပြောလိုက်ပုံကြောင့် အနီးရှိရွာသူရွာသားများ
ငိုအားထက်ရယ်အားသန်ကြလေတော့သည်။
ကိုလေကြွား – ဒီလိုလေကွာ . . .ဟောပင်းဆိုတာက ဟင်းပေါ့။ ဘီးလွတ်ဆိုတာက
ကတုံးတွေဆိုတော့ ဘုန်းကြီးကျောင်းပေါ့ကွ။ အဓိပ္ပာယ်ကတော့ ဟင်းပေါတဲ့
ဘုန်းကြီးကျောင်းမှာ တက်ခဲ့ရတာပေါ့ကွာ။
သူငယ်ချင်း (သား) – ဟိုက် ကောင်းရောကွာ။

*ကုန်ထားတယ်*

မြို့တစ်မြို့တွင် ကျော်ကြီးဆိုသူ အလုပ်သမားတစ်ဦးရှိသည်။
သူသည် အလုပ်ပြီးသည်နှင့် အလုပ်ရှင်ထံတွင် ငွေတောင်းပြီး အရက်သွားသောက်လေ့ရှိသည်။
တစ်နေ့- ကျော်ကြီး အမူးလွန်ပြီး လမ်းတွင် လဲနေရာ
လူတစ်ယောက်က- ဟေ့လူ.. ထ ထ ၊ ခင်ဗျားအိမ်ကို ကျုပ်လိုက်ပို့ပေးမယ်။
ထိုအခါ ကျော်ကြီးက ပြောလိုက်သည်မှာကား
ဟေ့- ငါ့ကိုဘယ်သူ ထ ခိုင်းတာလဲကွ၊ ငါ့ကို လိုက်ပို့ရအောင် နေစရာအိမ်မရှိဘူးကွ၊
ငါ ဒီလို မူးပြီးလဲအောင်လဲ၊ ငွေ ဘယ်လောက်ကုန်ထားတယ် မှတ်လဲ

One comment

  • cum min

    June 24, 2012 at 2:38 pm

    ကျေးကျေးပါ
    ဆက်လက်ဖတ်ရှုလိုပါသည်..

Leave a Reply