***ကောင်းကင်တု***

 

 

မနေ့ ကအတိုင်း … မှိုင်းနေတဲ့ ကောင်းကင်
မနေ့ ကအတိုင်း … ဆိုင်းမဆင့် ဗုံမဆင့် ရွာလိုက်
ကမ္ဘာကြီးကို ရေတိုက်လိုက်ပါ ကွယ့် …………..၊

ပက်ကြားအက် ရင်ဘတ်တွေ စီးမျောပါ သွားလိုက်
ရေလိုက်ငါးလိုက် မျှော်လင့်ချက်တွေရဲ့ …. အဆုံးစွန်ထိ
တိုက်စား ပစ်လိုက်ကြ …..၊
သန့် ရှင်းမှ  …. ပြန်လာပါ
ဖန်တစ်ရာ တေအကြောက်တရား …. ထားခဲ့ကြတော့
ဘ၀တွေ ကို …. မျက်နှာပြန်သစ်စို့ 
အိပ်မက်မြစ် ရေစီးကြောင်း …. ထဲ ……
ပီအိတ်(ခ်ျ)ဆဲဗင်း (န်) တွေ …. သွန်ချ
ဒဏ်ရာနဲ့  … ညတွေထဲက … နိုးထကြမယ်လေ ….၊

ချစ်သူတွေ …. ချမ်းမြေ့ပါစေ
ရန်ငြှိုးတွေ …. လန့် နိုးပါတော့
အနာဂတ်ပျိုးခင်းထဲ … ကလေးငယ်တွေ
လွတ်လပ်ပါစ  ရဲရင့်ကြလေ … ၊
လူ့ ရေး လူ့ ရာ  အဖြာဖြာကြား
မော်ကြွား ပါစေ … သမိုင်းအမွေ ချန်ရစ်
မျက်နှာ သစ်လော့ ……၊

ဆေးကြောလိုက်ပါ  … မိုးဒေ၀ါ
ခေတ်သစ်ဂီတ ဝေမျှခံစား  လက်တွဲထား ပါ ….
အမှားမြင် ကြ …. ပြင် ရရဲ့လား
မုန်တိုင်းကြား မှာ  လမ်းအမှား စွန့်  …
မတွန့် မဆုတ်   ခေါင်းမကုတ်နဲ့ 
လုပ်မှ လှုပ်မယ် …. သဘော ရယ်က
ရှေ့မယ် ပျပျ   မြင်ကြလားကွယ့်
နောက်ကျန်ခဲ့ တာ  … များလှ ပြီ …၊

မနေ့ ကအတိုင်း …. ရိုင်းနေတဲ့ ကောင်းကင်
မနေ့ ကအတိုင်း … မုန်တိုင်း ပဲလား
ကြုံတိုင်း ရင်ဆိုင်   အားအင် ပြည့်ဝ
အတွေ့ အကြုံ များလှ  … ဒီဘ၀ ကို
အရေထူ သွားမှာ  …. စိုးလှတယ် …။။။

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၂.၈.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF