တမနက်ပေါ့ … နိုးနေတာ ၅နာရီလောက်ကြီး…

(ရှားရှားပါးပါး..)

အဲ့လာ ကင်မလာ ကောက်ဆွဲပြီး ..အိမ်ရှေ့ ပန်းခြံထဲ ဆင်းလာခဲ့တယ်…

 

တကယ်က သူများ အခန်းတွေက စိုက်ထားတဲ့ ပန်းအိုးတွေ ကို သက်သက် ဖလာကျိတ် ချင်တာ …

နေရောင်လေး မပွင့် တပွင့် ဆိုပါတော့ ….

မိုးက ရွာထားပြီးသား …သည်လို အချိန် ဒါ့ပုံရိုက်ကောင်းတယ်လေ…

သိတဲ့အတိုင်း .. မိုးစက် လေး ဘာလေး တွေ့လို့ တွေ့ညား…

အဟိ…

နောက်တာပါ ..ကဲ တင်ပြီဗျာ..

အင့်..

 

 

၁။ အဲ့သည့်နေ့က မိုးရွာတယ်..

f/3.2
1/80s
ISO-3200
f-90mm

 

၁။ အဲ့သည့်နေ့က မိုးရွာတယ်..

 

 

 

 

 

၂။ မိုးစက်တွေနဲ့အတူ

f/3.2
1/80s
ISO-800
f-90mm

 

၂။ မိုးစက်တွေနဲ့အတူ

 

 

 

 

၃။ ဆွဲငင်အားကို တောင့်ခံရင်း..

f/ 3.2
1/250s
ISO-400
f-90mm

 

၃။ ဆွဲငင်အားကို တောင့်ခံရင်း..

 

 

၎။ အစိမ်းရောင် ပျိုမြစ်မှု

f/3.2
1/125s
ISO-400
f-90mm

 

၎။ အစိမ်းရောင် ပျိုမြစ်မှု

 

 

၅။ ငွားငွား စွင့်စွင့်

f/3.2
1/2000s
ISO-400
f-90mm

၅။ ငွားငွား စွင့်စွင့်

 

 

 

၆။ တခါတုန်းက ပိုးတုံးလုံး…

f/3.2
1/400s
ISO-400
f-90mm

၆။ တခါတုန်းက ပိုးတုံးလုံး…

 

သည်တပါတ် မှာ ကျနော် ဘာလို့ f/3.2 တွေချည်း သုံးထားသလဲ မေး ရင် ဖြေစရာ အဖြေ ရှိပါတယ်ဗျ…

သည်လိုပါ .. lens ၁ လုံးမှာ သူ့ရဲ့ sweet spot ဆိုတာရှိပါတယ်… ပုံရိပ် ကို အပြတ်သားဆုံး ထုတ်ပေးနိုင်မယ့်…

သူ့ရဲ့ f number ပါ …။ sweet spot ကို တင်စားရရင်တော့ ပျားရည် ဆိုပါတော့..

 

အနှီ f number ကို ဘယ်လို ရှာ သလဲဆိုတော့ .. lens ရဲ့ အကျယ် ဆုံး ဖွင့်နိုင်တဲ့ aperture ကို 1 or 2 stops

ပေါင်းထည့် ပါတဲ့ ..သည်တော့ ကျနော့် lens က

Tamron SP AF 90mm f/2.8 Di Macro

 

ဆိုတော့ …  f/2.8 ရဲ့ +1 Stop ဟာ f/3.2 ဖြစ်လေတော့ ..

အနှီ f/3.2 ကိုပဲ အသေ ကိုင်ထားပြီး ရိုက်ကြည့် တာပါဗျို့ ….

ကျနော် နောက် တပါတ်တော့ f/3.5 ကို ထပ် စမ်းပါဦးမယ် …

ဘယ်ဒင်းက ပိုပြီး sweet မလဲ ပေါ့ဗျာ ..

 

 

တော်သေးဘီ…

 

ခင်တဲ့

ဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011

   Send article as PDF