1 တံတားရေပြင်နဲ့ ကြာဖက်ကလေးများ တွဲစပ်နေပုံကလှမှလှ

2 အတွင်းဘက်မြင်ရတဲ့ ကားလမ်းနံဘေးက တောအုပ်ကလေး

3 ဟိုးအဝေးမှာက ရန်ကင်းတောင် တိမ်အရိပ်တွေရေထဲကျပုံက လှမှလှ

4 မြစိမ်းရောင်………………………….

5 ညီညီညာညာ ကောက်ပင်စိမ်းစိမ်း

6 စိမ်းစိမ်းလဲ့လဲ့ ယိမ်းနွဲ့တဲ့ကောက်ပင်ပျို

7 ရှမ်းရိုးမအပြာရောင်စပါးပင်က စိမ်းနုရောင်

8 စိမ်းမြမြကွင်းပြင် ရူ့ခင်းတွေက တမျော်တခေါ်စိုပြေ…………………………(မြို့မငြိမ်း)

9 အနီးကပ်ကြည့်ရတဲ့ကောက်ပင်လေးတွေ

10 ရေထွက်ပေါက်ကို ပိတ်ပြီး ငါးဖမ်းထားတာလေ

11 ရူ့မဆုံးတော့သည် စိမ်းလဲ့လဲ့………………………….(မြို့မငြိမ်း)

12 ကျနော်ချစ်သော………………

13 စိမ်းမြစိုလွင်

“စိမ်းလဲ့လဲ့ ယိမ်းနွဲ့နွဲ့ စပါးပင်နဲ့အလှဆင် တဲ့အောင်ပင်လယ်”

 

 

 

ကျနော် အောင်ပင်လယ် လယ်ကွင်းတွေရဲ့မြောက်ဘက်ခြမ်းကနေ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတာကို

တောင်ဘက်ခြမ်းက လယ်တဲအိမ်က လူတွေကလှမ်းကြည့်နေကြပါတယ်။

ဟိုဘက်နဲ့ဒီဘက်ကူးတဲ့တံတားလေးကို တံခါးလေးနဲ့ပိတ်ထားတော့ အလွယ်တကူ ကူးလို့မရပါဘူး။

တံတားကလဲ အခိုင်အမာကြီးဆောက်ထားတာမဟုတ်။

လူသွားသာရုံပျဉ်ချပ်ကလေးထိုးထားတာပါ။

သူတို့ဘက်ခြမ်းမှာကြည့်လိုက်တော့ အောင်ပင်လယ် စပါးခင်းကြီးက စိမ်းစိုလဲ့လဲ့။

ဒါနဲ့ကျနော်လဲ အဲဒီဖက်ကလူတွေကို လှမ်းအော်ရပါတယ်။

ဓါတ်ပုံရိုက်ချင်လို့  အဲဒီဘက်ကိုလာပါရစေပေါ့။

ဟိုဘက်က လူတွေကလဲ သဘောကောင်းပါတယ် ။

လာခဲ့ဘို့ခွင့်ပြုပါတယ်။

 

အဲဒါနဲ့ တံတားလေကို သတိနဲ့ကူးရပါတယ်။

လူက၀တုတ်ဖက်တီးဆိုတော့ ရေထဲပြုတ်ကျမှာကြောက်လို့ပါ။

ဟိုဘက်ရောက်တော့ သူတို့နဲ့ အလ္လာပ သလ္လာပပြောရပါတယ်။

ငယ်ငယ်တုန်းက ကြာအိုင်ကြီးလာဓါတ်ပုံရိုက်တာပါပေါ့။

သူတို့ကလဲ ဒီကြာအိုင်ကြီးကိုနှမျောပါသတဲ့။

ဘက်ဖိုးနဲ့မထိုးခင်တစ်ရက် က သူ့သမီးတွေကြာအိုင်ကြီးနဲ့ဓါတ်ပုံရိုက်ထားပါသတဲ့။

သူတို့ကဂျာနယ်ထဲ ထည့်ဖို့လားလို့မေးပါတယ်။

ကျနော်လို့ကင်မရာတစ်လုံးနဲ့လာ လက်ဆော့ ဟိုလျောက်ထဲ ဒီလျော်ထဲ့လူတွေကို ကြုံဘူးတယ်နဲ့တူပါတယ်။

ဒါနဲ့ဘဲ သူတို့လယ်ကွင်းထဲကို ဓါတ်ပုံတွေရိုက်။

ချောင်းထဲက ကြာပင်တွေရိုက် ။

ရန်ကင်းတောင်ကြီးကိုလှမ်းရိုက်။

ဟို့……..အနောက်ဖက် က လယ်ကွင်းစိမ်းစိမ်းနဲ့ တိမ်တွေကိုရိုက်။

စိမ်းလဲ့နုဖတ်နေတဲ့ ကောက်ပင်တွေကို ရိုက်။

ရိုက်………ရိုက်…………….ရိုက်…………………

မြင်မြင်သမျှ ရိုက်လို့မ၀နိုင်အောင်ပါဘဲ။

အတော်ကြာကြာရိုက်ပြီးလို့ နားလိုက်မှ လူတစ်ကိုယ်လုံးချွေးတွေနဲ့ရွှဲနစ်။

အဲတော့မှ နေပူကြီးထဲ ဓါတ်ပုံရိုက်နေတယ်ဆိုတာကို သတိရမိပါတယ်။

အိမ်ကလေးကိုပြန်လာ ကျေးဇူးတင်စကားပြောတော့အိမ်ရှင်အမေကြီးက

“ချွေးတိတ်အောင်နားပါအုံးကွဲ့ အခါးရည်လေးသောက်အုံး”လို့ပြောတော့

ဒါမြန်မာ့ရဲ့ချစ်စရာကောင်းတဲ့စရိုက်လို့ဆိုပြီးကြည်နူးမိပါတယ်။

ကျနော်က ရေနွေးသောက်လေ့မရှိတော့ မြေရေအိုးလေးထဲက

အ၀ီစိရေ အေးအေးလေးကိုသောက်လိုက်တော့ တစ်ကိုယ်လုံးကအပူတွေငြိမ်းသွားသလို။

အဲဒါနဲ့သူတို့ကိုနုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။

ဒါပေမယ့်ရိုက်လို့က မ၀သေး။

အဲတော့ ဘယ်နေရာမှာဓါတ်ပုံရိုက်ကောင်းမလဲလို့စဉ်းစားလိုက်တော့

အလာလမ်းတုံးက မရပ်ဘဲဖြတ်လာခဲ့တဲ့……………………………………..

 

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

27-8-2012

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။