တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့် အသုံးပြုထားကြောင်းတွေ့ရှိရ၍ သြစတျေးလျနိုင်ငံတွင် Cheryကားများပြန်သိမ်းနေပြီး စင်ကာပူနိုင်ငံတွင်လည်း Chery ကားများကို စစ်ဆေးနေကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။

Chery ကားများတွင် Asbestos (ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်မှုန့်) များထည့်သွင်းအသုံးပြုထားပြီး အဆိုပါ Asbestos မှာ ကြာရှည်ရှုရှိုက်မိပါက အဆုတ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

သြစတျေးလျနိုင်ငံတွင်စတင် တွေ့ရှိခြင်းဖြစ်ပြီး Chery J3 Sedan နှင့် Chery T11 SUV ကား အမျိုးအစားများကဲ့သို့ တန်ဖိုးမြင့်ကားများတွင် တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် အစီးရေ ၂၃၀၀၀ အား ပြန်သိမ်းနေကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၅၀ ကျော်မှ Asbestos အသုံးပြုခြင်းအား ကန့်သတ်ထားပြီး သြစတျေးလျနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစ၍ ကားများ၌ Asbestos သုံးခြင်းကို တားမြစ်ထားကြောင်း၊ စင်ကာပူတွင်လည်း ၁၉၉၅ ခုနှစ်မှစ၍ ကား များတွင် Asbestos သုံးစွဲခြင်းကို တားမြစ်ထားကြောင်းသိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံထုတ် Chery ကားများကို တင်သွင်းအသုံးပြုမှု များပြားလာကြောင်း၊ ကိုယ်တိုင် စီးနင်းခြင်းထက် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အသုံးပြုမှု ပိုမိုများပြားလျှက်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံတွင် တင်သွင်းအသုံးပြုနေသည့် Chery ကား များတွင်မူ စစ်ဆေးမှုမရှိ၍ Asbestos ပါဝင်ခြင်းရှိမရှိကို မသိရှိနိုင်ပါ။

ပြန်သိမ်းမည့် အစီအစဉ် ရှိမရှိ ဆိုသည့် မေးခွန်းမျိုး လွှတ်တော်သတင်းများတွင် မဖတ်ဖူးပါ။ ။

ref; Eleven Media

About ကို သာ

ကို သာ has written 41 post in this Website..

   Send article as PDF