အခု စရင် မှီသေးတယ်
နေ့လည်က သူငယ်ချင်းတစ်ယောက် ဖုံးဆက်လာတယ် ..မနွယ် ဆုံးပြီတဲ့ မနွယ်ဆိုတာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲက တစ်ယောက်ရဲ့ အမျိုးသမီးပေမဲ့ သဘောကောင်းပြီး ဆက်ဆံရေးကောင်းတာမို့ သူငယ်ချင်းထက်တောင် အားလုံးက သူ့ကိုပိုခင်ကြသေးတယ် ၊ ဘာရောဂါနဲ့ဆုံးတာလဲ မေးကြည့်တော့ သူလဲ သေချာမသိသေးဘူး မနက်ကထိ အိမ်မှာ အကောင်း၊ အိမ်အလုပ်တွေ လုပ်ရင်းကနေ မောတယ်ဆိုပြီး ဆေးခန်းသွားပြရင်း ကနေ ဆုံးသွားတာတဲ့ ၊ ပြီးခဲ့တဲ့ ရက်တွေထဲကတင် သူနဲ့ ဖုံးပြောဖြစ်သေးတယ် နေမကောင်းဘူးဆိုတဲ့ အသံလဲ မကြားရ ၊ အကောင်းကြီးကနေ ဘယ်လိုဖြစ်သွားရတာလဲ ….. ဘာရောဂါမှလဲ ရှိတယ် မကြားရ ၊ အသက်အရလဲ ၄ဝ ကျော်ရုံ နေမယ်ဆို အချိန်တွေအများကြီးကျန်သေးတယ် ၊ စိတ်ထဲမှာ မယုံတဝက် ယုံတဝက်နဲ့ တခြားသူငယ်ချင်းတွေကို အကျိုးအကြောင်းဆက်ပြောရင်း ကျန်ခဲ့တဲ့ သူငယ်ချင်းနဲ့ သူ့သားငယ် မိသားစုအတွက် ဘာကူညီနိုင်မလဲ ဆိုတာစဉ်းစားရတယ်…..
ညနေအလုပ်ကပြန်တော့မှ သူ့အိမ်ကို ပြေးရတယ် ၊ အကျိုးအကြောင်းမေးကြည့်တော့ ထူးထူးခြားခြား ဘာရောဂါမှလဲ မရှိ မနက်ကထိ အလုပ်သွားခါနီး ရေနွေးအိုးတည်နေသေးတယ် ခဏနေ မောတယ်ဆိုလို့ ပုံမှန်မဟုတ်တာနဲ့ အိမ်နားက ဆေးခန်းတစ်ခု သွားပြရင်း ဆုံးသွားတာပဲတဲ့ ၊ နှလုံးရောဂါထင်လို့ အရင်ကရော မောတာမျိုး ဆေးခန်းပြရတာမျိုး ရှိသေးလား ဆိုတော့ အရင်ကတော့ တစ်ခါတစ်လေ မောတယ်ဆိုတာမျိုး ပြောဘူးတယ် ဒါပေမဲ့ အလုပ်သွားခါနီး အလုပ်ကပြန်အလာ အချိန်မရလို့ မြန်မြန်အလုပ်လုပ်တော့ သာမန်မောတယ်ပဲ ထင်တာပေါ့ ၊ သူကလဲ နောက်ထပ်ဘာမှ ထပ်မပြောတော့ ဆေးခန်းလဲ မပြဖြစ်ပါဘူး ၊ မနေ့ကညနေဘက်က မောတာက သာမန်ထက်ထူးခြားနေလို့ ဆေးခန်းသွားပြတော့ အီးစီဂျီဆွဲကြည့်ပါဆိုလို့ ဒီပိတ်ရက်ကျ သွားဆွဲမလို့ ၊ အခုတော့ အီးစီဂျီတောင် မရိုက်လိုက်ရပါဘူးကွာတဲ့….
သူငယ်ချင်းက လာသမျှ ဧည့်သည်တွေကို လက်ခံစကားပြော နေချိန်မှာ လေးနှစ်အရွယ်ပဲ ရှိသေးတဲ့ သူတို့ရဲ့ တစ်ဦးတည်းသော သားလေးက ဟိုဟာလုပ်ချင်တယ် ဒီဟာလုပ်ချင်တယ် ပူဆာလိုက် ဆော့လိုက်ခဏနေတော့ မေမေ ပြန်မလာသေးဘူးလားလို့ မေးလိုက်နဲ့မို့… ဘေးကမြင်ရတဲ့ သူတွေက ဝမ်းနည်း စိတ်မကောင်းဖြစ်နေချိန်မှာ သူငယ်ချင်းက တည်တည်ငြိမ်ငြိမ်နဲ့ လာသမျှဧည့်သည်တွေကို မနက်တုန်းက အလုပ်သွားခါနီးလေ အစချီတဲ့ ဓါတ်ပြားချပ်ကြီးကို အကြိမ်ကြိမ်ဖွင့်ပြနေရတယ် ၊ အင်းပေါ့လေ ဒီအချိန် ဝမ်းနည်းကြေကွဲနေလို့လဲ သေသောသူက ပြန်ရှင်လာမှာမှ မဟုတ်တာ သူတို့သားလေးအတွက် အခုကစပြီး သူပဲ အဖေ သူပဲ အမေ ဖြစ်သွားပြီ ခါတိုင်းမိသားစုစီးပွားရေးကို လင်မယားနှစ်ယောက် ရှာဖွေနေရာကနေ အခု သူတစ်ယောက်ထဲရှာရတော့မယ် ၊ ဒီအချိန်ကစပြီး …….
မနွယ် မဆုံးခင်ရော အရင်ကပါ သာမန်နေထိုင်မကောင်းဖြစ်တာ နဲနဲမောတာမျိုး ဖြစ်တတ်လို့ ဆေးခန်းပြရတာမျိုးတော့ ရှိတယ် ၊ သူ့မှာဖြစ်ဘူးတာကို ဆရာဝန်တစ်ယောက်မေးကြည့်တော့ သူ့ထင်မြင်ချက်ကို ပြောပြတယ် အမှတ်တမဲ့ ဖြစ်နေကြတဲ့ သတိထားစရာလေး တစ်ခု သွားတွေ့တယ် မနွယ်က အရင်ကရော မကြာခဏပါ လည်ပင်းနာတတ်တယ် ဆေးနဲနဲပါးပါးသောက်ရင် ပျောက်သွားရော အဲဒီလို လည်ပင်းနာတာကို သေချာပျောက်ကင်းအောင် မကု ဆေးပတ်လည်အောင် ဆေးသောက်တာမျိုး မလုပ်ရင် လေးဘက်နာဖြစ်တတ်တယ် လေးဘက်နာကနေ နှလုံးကို ဒုက္ခပေးတတ်တယ်တဲ့ ၊ ဝမ်းကိုက်တယ်ဆိုလဲ သေချာအရှင်းမပျောက်ရင် ဝမ်းကိုက်ပိုးက အသဲကို ဒုက္ခပေးနိုင်ပါတယ်တဲ့ ဒါလဲ သတိထားစရာပါ ၊ မနွယ် တစ်ယောက်လဲ ဒါမျိုးကနေ နှလုံးကို ဒုက္ခပေးနေတာ ကို သတိမပြုမိဘဲ ဒါမှမဟုတ် သိပေမဲ့ မိသားစု အတွက် ငဲ့ညှာပြီး တစ်ယောက်ထဲ ကျိတ်ခံရင်းက ဒီလိုများ ဖြစ်သွားရတာလားလို့ လဲ တွေးမိသွားတယ် ….
နောက်ထပ်ဧည့်သည်တွေ ရောက်လာတာနဲ့ ခဏနေတော့ ကျွန်တော်တို့လဲ သူ့ကို နုတ်ဆက်ပြီး ပြန်လာကြတယ် ၊ အိမ်အပြန်လမ်းတစ်လျှောက် တွေးလက်စ အတွေးကရပ်ပစ်လို့ မရဘူး ဖြစ်နေတယ် ၊ အခုတော့ ဧည့်သည်တွေ တရုံးရုံး လုပ်စရာအလုပ်တွေ ကို မရပ်မနားလုပ်ရင်းနဲ့ ဒီအဖြစ်ကို ခဏမေ့ထားလို့ ရပေမဲ့ တစ်ယောက်ထဲ ကျန်ခဲ့တဲ့အချိန်ကျရင် ဪ ဒီအချိန်ဆို သူထမင်းချက်နေပြီ ဒါလေးက သူဝတ်နေကျ အင်္ကျီလေး ဆိုတဲ့ အမှတ်ရစရာတွေကို မေ့ပစ်နိုင်ပါ့မလား သူရှိတုန်းက သူ့အလုပ်တွေ ငါ ကူလုပ်ပေးခဲ့ရမှာ ဒါဆို သူဒီလိုဖြစ်ချင်မှ ဖြစ်မှာ ၊ သူမောတယ်ဆိုတုန်းက စောစောစီးစီးသာ ဆေးခန်းပြခဲ့ရင် ရောဂါကို ကြိုသိပြီး ကုသနိုင်ခဲ့ရမှာ အခုတော့ အီးစီးဂျီတောင် မရိုက်လိုက်နို်င်ဘူး၊ သူ ဒီလိုဖြစ်မယ်မှန်းသာ သိရင် သူ မကြိုက်တာတွေ မလုပ်ပါဘူး ရန်လဲဖြစ်မိမှာ မဟုတ်ဘူး ၊ သူရှိတုန်းကသွားချင်တယ် ဆိုတဲ့ နေရာတွေကိုလိုက်ပို့ခဲ့ရမှာဆိုပြီး နောင်တရနေမလား..
အဲဒီမှာ အတင်းမေ့ထားတဲ့ ကိစ္စက အတင်းကို ပေါ်လာတယ် ၊
ငါ ဆိုရင်ရော ….
ငါ သေသွားရင်…
ငါ့ မိန်းမသေသွားရင် ….
ငါ့မှာရော နောင်တရစရာတွေ ဘယ်လောက်တောင် ရှိနေပြီလဲ ငါလဲ မသေချင်သေးဘူး ၊ ငါ့မိန်းမလဲ မသေစေချင်သေးဘူး ငါ့သားသမီးတွေလဲ မသေစေချင်သေးဘူး မိသားစုအတွက် သားသမီးတွေ အတွက် လုပ်ချင်တဲ့အရာ လုပ်ရမှာတွေ အများကြီး…. အင်း ဒါပေမဲ့ ဒီကိစ္စက မဖြစ်ချင်ဘူး ဆိုလို့ မဖြစ်တာမျိုး ကြိုတင်ညှိနှိုင်းလို့ ရတာမျိုး မှ မဟုတ်တာပဲ ဘယ်သူက ဘယ်အချိန် ဘာရောဂါနဲ့ ဘယ်နေရာမှာ သေရမယ်ဆိုတာ မသိနိုင်တာမို့ ကိုယ့်အတွက် ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် ကံ ၊ ဉာဏ် နဲ့ အသက် ကို စောင့်ရှောက်ရင်း အသက်ရှင်နေခိုက်လေးမှာ စိတ်ကောင်းမွေး သူတစ်ပါးကို တတ်နိုင်တာကူညီ ဒေါသမောဟ မာန်မာနတွေ လျော့ရင်း ကိုယ့်အနီးဆုံးက လူတွေကို စိတ်ချမ်းသာအောင်ထားကြရအောင်ပါ ။
အခု စလိုက်နိုင်ရင်ကို နောက်မကြ လောက်သေးပါဘူး …
48 comments
ကိုရင်မောင်
August 29, 2012 at 3:17 pm
ကိုနိုဇိုမီရေ…ခင်ဗျားရဲ့ပို့စ်ကိုဖတ်ပြီး အတွေးများနဲ့
ဆင်ခြင်စရာတွေ တစ်ပုံကြီးရလိုက်ပါတယ်ဗျာ….
ကိုနိုဇူမီရေ ကျေးဇူးပါ………….
အမေ Mobile (MGZ ပါတီ)
December 15, 2012 at 12:08 am
အားပေးသွားပါတယ်ဗျား
Khaing Khaing
August 29, 2012 at 3:21 pm
ကိုနိုဇိုမီရေ မှန်လိုက်တာ …….. ကိုယ့်ဘေးပတ်ဝန်းကျင် အဓိကက အနီးအနားမှာရှိတဲ့ မိသားစုတစ်ခုခုဖြစ်ရင် မပေ့ါလျော့သင့်ဘူး ………. ဖြစ်ပြီးမှ နောင်တဆိုတာအတော်ခံစားရတယ် (တရား သဘောမရှိဘူးလို့ပြောချင်ပြောပါ) ….. အခိုင်ကတော့ ကိုယ့်မိသားစုဘာဖြစ်ဖြစ်ပျာပျာသလဲဖြစ်မိတယ် …. တစ်ချို့လူတွေကပိုတယ်လို့ပြောကြတယ် ….. ရောဂါတစ်ခုဖြစ်ရင် ပိုတယ်လိုတယ်ဆိုတာမရှိပါဘူး …. အပ်နဲ့ ထွင်းရမှာကို စောက်နဲ့ထွင်းရမယ့်အဖြစ်မျိုးမဖြစ်တော့ဘူးပေ့ါ ………
Inz@ghi
August 29, 2012 at 3:35 pm
ပုဆိန်နဲ့ ပေါက် မဟုတ်ဝူးလား ဂျီးတော် ရယ်..
Khaing Khaing
August 29, 2012 at 4:23 pm
ဟုတ်လား …. အဲဒါဆိုလည်း ……. သများရေးတာမှားရင် အူးဂီပြောသလိုသာ ပြောင်းဖတ်ပေး ပါနော် ………
ဘဲဥ
August 29, 2012 at 3:29 pm
သေရင် ဘာပါသွားမလဲ စဉ်းစားကြည့်လိုက်တော့
တော်တော်ကြောက်စရာကောင်းတာ
နေဠု ဝင်း
August 29, 2012 at 3:43 pm
သေတော့သေရမှာပဲ မသေခင်ကောင်းတာတွေလုပ်ဖို့ပဲလိုတယ်။ပို့စ်လေးကကောင်းပါတယ်။
ဆူး
August 29, 2012 at 3:54 pm
ရည်ရွယ်ချက် ကောင်းတဲ့ ပိုစ်လေးပါပဲ။
လူတိုင်းတော့ ဒီလမ်းကိုပဲ လျှောက်ရမှာပါပဲ။
သူများလည်း သွားသလို ကိုယ်လည်း သွားရမှာပါ။ အချိန်မတန်သေးလို့ အခု ငုတ်တုတ်ထိုင်ပြီး စာရိုက်ပြီး ကွန်မန်းပေးတာပါ။ သေရင်တော့ ဘာမှ မပါပါဘူး။ သေမယ် ဆိုတာ သိသိကြီးနဲ့ သေမှာကို ကြိုတွေးပြီး တုန်လှုပ်တဲ့ ဘဝ ကြီးမှာတော့ မနေချင်ဘူး။ သေခြင်း တရားကို ရင်ဆိုင်ရန် အသင့်အနေထားနဲ့ စောင့်နိုင်ရင်တော့ သိပ်ကောင်းပါတယ်။
အစစ ပြင်ဆင်နိုင်ပါစေ။ အခုက စရင် မှီပါသေးတယ်။
ဦးဦးပါလေရာ
August 29, 2012 at 3:55 pm
ကိုနို်ရေ-
ဆိုက်ထဲဝင်ဝင်ချင်းဖတ်မိတော့
ရုတ်တရက်ကွယ်လွန်သွားသူနဲ့ ကျန်ရစ်သူမိသားစုအတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်။
ပြီးတော့ ကိုယ့်အလှည့် ဆိုတာကိုတွေးမိပြီးလဲ သတိသံဝေဂ ရမိပါတယ်။
ကိုယ်သေသွားရင် ဆိုတာမျိုးကို မကြာခဏတွေးမိပေမယ့်
တွေးမိတိုင်း သေဖို့အဆင်သင့်မဖြစ်သေးတာကိုပဲ အထပ်ထပ်သတိပြုမိတယ်။
တကယ်တော့ ကိုယ်ဆိုတာ ကိုယ်တယောက်ထဲမဟုတ်ပါဘူး..
ကိုယ်ဆိုတာ ကိုယ့်တိုင်းပြည်ရဲ့ အစိတ်အပိုင်းတခုပါ
ကိုယ်ဆိုတာ ကိုယ်ကျင်လည်ရာဝန်းကျင်ရဲ့ အစိတ်အပိုင်းတခုပါ
ကိုယ်ဆိုတာ ကိုယ့်မိသားစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းကြီးတခုပါ
ဒါကြောင့် ကိုယ့်ကိုယ်ကို ၊ ကိုယ့်အချိန် ကိုယ့်ဘဝတွေကို
စိတ်ထင်တိုင်း သုံးဖြုံးခွင့်မရှိပါဘူး
စိတ်တိုင်းကျ အလွဲသုံးစားလုပ်ခွင့်မရှိပါဘူး
စိတ်အလိုလိုက်ပြီး အချည်းအနှီး ကုန်ဆုံးစေခွင့်မရှိပါဘူး..။
တနည်းအားဖြင့်လဲ
ကိုယ့်ကိုယ်ကို ကောင်းကောင်းစောင့်ရှောက်တာဟာ
ကိုယ့်မိသားစု ၊ ကိုယ့်ဝန်းကျင်၊ ကိုယ့်တိုင်းပြည်ကို
တဖက်တလမ်းစောင့်ရှောက်ရာမည်ပါတယ်… လို့ပဲ
သုံးသပ်မိပါတယ် ကိုနိုဇိုမီရေ…
YE YINT HLAING
August 29, 2012 at 4:00 pm
ဦးပါရဲ့ သုံးသပ်ချက်လေးတွေကို နှစ်သက်စွာ လက်ခံမိရင်း ပို့ ( စ ) ကောင်းလေးကိုလည်း ဖတ်ရှုသွားပါတယ် !
မွန်မွန်
August 29, 2012 at 4:14 pm
ကျွန်မကတော့ ဘာမှ မပြင်ဆင်ရသေးပါဘူးရှင်။ ကျွန်မကိုယ်တိုင် သေသွားရင်လည်း ဘာမှ ပါမှာမဟုတ်သလို တစ်ဦးတည်းသော အမေကိုလည်း ကျေနပ်လောက်အောင်ကျေးဇူးပြန်မဆပ်ရသေးပါဘူး။
အမြဲတွေးမိပြီးအမြဲကြောက်နေတတ်တဲ့ အရာတစ်ခုပါ။ ထပ်သတိပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ကို ခင်ခ
August 29, 2012 at 4:26 pm
ကိုနိုဇိုမိရေ နှလုံးသွေးကြော ၃ ကြောလုံးပိတ်တာဆိုရင်တော့ မူးတယ်လို့ဆိုတဲ့အချိန်နဲ့ ဆုံးတဲ့အချိန် သိပ်မကွာဘူး၊ နှလုံးသွေးကြောပိတ်တာက အခုလိုဘဲ ချက်ချင်းဖြစ်တတ်တာ၊ အဖေတုံးကဆို အဲဒီမနက် ဆံပင်သွားညပ် ရေချိုး ထမင်းစား နေ့ခင်းပုံမှန်အတိုင်း ဘုရားရှစ်ခိုးတရားနာ နေရင်း အိမ်သာထသွားပြီး အထွက်မှာ မူးတယ်ဆိုပြီးဖြစ်တာနဲ့ ချက်ချင်းအာရှတော်ဝင်ပို့တာ ဟိုရောက်တော့ ဆေးသွင်းကုနေလို့ အဖေက မေတ္တာသုတ်ရွတ်နေရင်း အသက်ထွက်သွားတယ်လေ။ မူးတယ်ဆိုတဲ့ အချိန်နဲ့ ဆုံးတဲ့အချိန် ၄၅ မိနစ်လောက်မျှသာကွာတယ်။ ဒါတောင် ဦးလေးကဆရာဝန်မို့ နှလုံးသွေးကြောပိတ်မှန်း သိလို့ဆေးရုံ ချက်ချင်းပို့တာနော်။ ပြီးခဲ့တဲ့ ၂ ပတ်က အသိတယောက်လဲ ရေချိုးခန်း အဝမှာ ဆုံးနေတာတဲ့ သူလည်းနှလုံးသွေးကြောပိတ်တာလေ၊ နှလုံးသွေးကြောပိတ်တာခါနီးမှာ ဝမ်းသွာချင်စိတ်ဖြစ် တတ်တယ်၊ ဒါပေမယ့် ဝမ်းမသွားတော့ အားစိုက်ပြုကြပြီး အမောဖောက်လာတတ်တယ် မူးတတ်တယ်တဲ့။
အဖေဆုံးပြီးမှ ဆရာဝန်ကြီးကပြောတာကို ကြုံတုံးဗဟုသုတလေးမျှဝေတာပါ။မိဘတွေ ရှိရင် အရွယ် ၅ဝ ကျော်ဆိုရင် အဆီ၊အစိမ့်တွေ ရှောင်ဖို့ သတိပေးသင့်တယ်နော်။ အဖေက အဆီ၊အစိမ့်အရမ်းစား တာမို့။ ကိုယ်ခန္ဓာက ချေဖြတ်နိုင်စွမ်းနည်းလာပြီလေ။
we R one
August 29, 2012 at 4:31 pm
သေခြင်းတရားဆိုတာ ဘယ်အချိန်မှာ မဆိုဝင်လာနိုင်တယ်..။ မမျှော်လင့်ပဲ ရုတ်တရုတ် အချိန်မရွေးဝင်လာနိုင်တယ်… ဆိုတာ ကို ကျွန်မ အစ်ကို ရုတ်တရက် ဆုံးသွားပြီးကတည်း က နားလည်သဘောပေါက်သွားခဲ့တယ်..။။
လူတိုင်း တရား အသိလေးတွေနဲ နေနိုင်ကြပါစေ…။
etone
August 29, 2012 at 4:41 pm
သေသွားတဲ့အစ်မက ဦးနိုတို့သူငယ်ချင်းဆိုတော့ .. သူ့အသက်ရွယ်နဲ့ဆိုလျှင် အရွယ်ကောင်းပါပဲ ။
ကလေးငယ်လေးလည်း ကျန်ခဲ့တာ..စိတ်မကောင်းပါစရာပဲ ဦးနိုရေ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်ဆုံးပါးသွားရတဲ့ကလေးကိုလည်း စာနာစိတ်ဖြစ်မိပါတယ် ။
အခုနောက်ပိုင်း နှလုံးနဲ့ ပတ်သတ်လို့ အဖြစ်များနေတာကတော့ … နှလုံး သွေးငတ်တဲ့ ရောဂါပါ ။ အီးစီဂျီဆွဲကြည့်မှ သိတတ်တာမျိုးပေါ့ ။ နှလုံးက စည်းချက်ညီညီမခုန်ပဲ … ခဏရပ်တာ .. နှေးတာတို့ဖြစ်သွားတဲ့အခါမျိုးမှာ နှလုံးသွေးငတ်တာကို ခံစားရပါသတဲ့တဲ့လေ …. ။ ကျန်းမာရေးနယ်ပယ်ထဲက မဟုတ်လို့ သေချာအသေးစိတ်မသိပါဘူး ။ နှလုံးဖြစ်လျှင် ကောက်ခါ ငင်ခါကြီး သေတော့တာပါပဲ ။ စည်းချက်မှန်မှန်လေးခုန်နေတဲ့ နှလုံးကို … သတိထားဖို့ မေ့နေတဲ့အခါ … အခုလို အဖြစ်မျိုးနဲ့ ကြုံရရှာတာပါပဲ … 🙁
nozomi
August 29, 2012 at 5:01 pm
ကျွန်တော့် အဖြစ်က ကလေးနှစ်ယောက် အဖေဖြစ်တော့မှ မိန်းမဆီက ချစ်ပါတယ် ဆိုတဲ့ အဖြေ ရလို့ ရင်ခုန်ရသလိုပဲ
ပို့စ် တွေ မတင်ဖြစ်တာ နဲနဲကြာသွားပြီး ပြန်တင်တော့ ပေးလာတဲ့ ကွန်မန့်တွေ ဖတ်ရတာ (အခုမှ စ ရတာ မဟုတ်ပေမဲ့) ပထမဆုံးပို့စ် မှာ ပထမဆုံး ကွန်မန့်တွေကို တွေ့ရတဲ့ ဝမ်းသာမှုထက် မလျော့တာတော့ အမှန်ပဲ
ကိုရင်မောင် ၊ ခိုင်ခိုင် ၊ ဂီ ၊ ဘဲဥ ၊ နေဠု ဝင်း ၊ ဆူး ၊ ဦးပါ ၊ ကိုရဲရင့်လှိုင်၊ မွန်မွန် ၊ကိုခင်ခ ၊ဝမ်း နဲ့ အိတုန်
တို့ကို ကျေးဇူးတင်ပါတယ်
ထောင့်ပေါင်းစုံ ကနေ စဉ်းစားပေးကြတာမို့ ပို့စ် ထက်တောင် စိတ်ဝင်စားဘို့ ပိုကောင်းနေသေးတယ်
ဦးပါ ရေ ငှက်ကဌ ကြီးကတော့ ငှက်ကဌကြီးပါပဲ လို့….
မဟာရာဇာ အံစာတုံး
August 29, 2012 at 5:08 pm
“Late is better than Never ….”
ဒီပို့စ်ကို ဖတ်အပြီး ကျနော့် ဆရာကြီး ပြောဖူးတဲ့ ဒီစကားကို အမှတ်ရမိသွားလို့ပါ ..
ဒီအထဲက ရုတ်တရက် ကွယ်လွန်သွားတဲ့ မနွယ်နဲ့ သူ့မိသားစုအတွက်
စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါပဲ …
ပြီးတော့ ဦးဦးဦး ပြောသလိုဘဲ အတတ်နိုင်ဆုံး စိတ်ကောင်းလေးမွေးပြီး နေသွားပါမယ် ..
သေတော့ မသေချင်သေးတာ အမှန်ပဲ .. (မိန်းမတောင် ရသေးဘဲနဲ့ .. )
moonpoem
August 29, 2012 at 5:33 pm
ဒီလိုမျိုးသံဝေဂစရာလေးတွေ တွေးမိ၊ဖတ်မိတဲ့ အချိန်ဆိုရင် စိတ်ကောင်းနှလုံးကောင်းဝင်မိ၊ သည်းခံပေမယ့်လို ့ ပုထုဇဉ်ဆိုတော့လည်း ကိုယ့်အပေါ် မကောင်းတာတွေ၊ယုတ်မာလာတာတွေ ခံစားရတဲ့အခါ တရားမမှတ်မိဘဲ တောက်ခေါက်မိတာ အမုန်းပွားမိတာတွေ ဖြစ်နေလို ့မကြာခဏဆိုသလို ထိန်းနေရပါတယ် ကိုနိုဇိုမိရေ။
pooch
August 29, 2012 at 8:28 pm
ကွေးသောလက် မဆန့်မှီ ဆန့်သောလက်မကွေးမှီ ဆိုတဲ့စကားလေးအတိုင်းပါပဲ လုပ်စရာရှိတာ မှန်သမျှ အချိန်မဆွဲပဲ သွက်သွက်လေး လုပ်ထားရမယ်။
ကိုယ်လည်း ဘယ်နေ့ ဘာရောဂါနဲ့ ဘယ်လိုသွားရမယ် မသိဘူး။
ကြီးသည် ငယ်သည် မဟုတ်ဖူးဆိုတော့ တီချယ် တခါက ရေးတဲ့ အားသွားပြီလား သူငယ်ချင်းဆိုတဲ့စာလေးကို ပြန်သတိရမိတယ်။
စာမရေးတာ အတော်တောင်ကြာနေပါပေါ့လား။ မကြာမကြာ ရေးပါအုန်း။ ကိုဘလက်တယောက်လည်း မမြင်တာ ကြာပြီနော်။ ရွာကို လာလည်ပါအုန်းလို့ ပြောလိုက်ပါအုန်းနော်။
မောင်ပေ
August 29, 2012 at 10:27 pm
တစ်ရက်က မောင်ပေနဲ ့မဒမ်ပေ တို ့အချေအတင် စကားများကြတယ်
တစ်ယောက်နဲ ့တစ်ယောက် အပြစ်တွေ အပြန်အလှန်တင်ကြရင်းနဲ ့…….
တစ်ကယ်တမ်းကြ အဖြစ်မှန်က အဓိပ္ပါယ်နှစ်ခွရှိတဲ့ စကားတစ်ခွန်းကို အဓိပ္ပါယ်တစ်မျိုးဆီနဲ ့တွေးကြရင်းနဲ ့လွဲချော်မှုတွေ ဖြစ်ကုန်တာ ။ သွေးအေးသွားတဲ့အချိန်ကြမှ တစ်ယောက်နဲ ့တစ်ယောက် အပြန်အလှန် ပြန်တွေးကြရင်း တစ်ယောက်ကို တစ်ယောက် ပြန်ချော့ကြရတယ်ဗျာ
ဘဝဟာတိုတိုလေးပါ လို ့
အသက်ရှင်နေတဲ့ အချိန်ရှိသမျှအားလုံး
မင်းနဲ ့အမြဲချစ်နေချင်တယ်လို ့
မင်းကို ငါ့ဘေးမှာ အမြဲရှိနေချင်တယ်လို ့
ဆိုပြီး
နှစ်ယောက်သား မျက်ရည်ဝဲစွာနဲ ့
ပြန်ပြီး အိုခေသွားခဲ့ပါတယ်
( မှတ်ချက် ကိုနိုဇိုမိ့ ပို ့စ်နှင့် မဆိုင်ခဲ့လျှင် ခွင့်လွှတ်တော်မူပါ ခင်ဗျား )
nozomi
August 30, 2012 at 11:26 am
ကိုအံစာတုန်း အားပေးတာ ကျေးဇူးပါ ၊ လူပျိုကြီး ဖြစ်ကြောင်း ကြေငြာသံက ဒီရက်ထဲ နဲနဲပိုကျယ်လာသလားလို့ ဘယ်သူကြားအောင် ပြောနေမှန်း သိချင်ပါဘိ
မှန်ပါ့ လမင်းကဗျာရေ ၊ အတူတူပါပဲ ထိန်းထားနိုင်တဲ့ အချိန်လေး ကြာအောင်ပဲ ကျိုးစားနေရတာပါ
ဒေါ်ဒေါ်ပု အားပေးတာကျေးဇူးပါ ၊ ဒေါ်ပုလဲ မရေးတာကြာလှပေါ့ ဖတ်ချင်လို့ မျှော်နေပါတယ် အမြဲမဝင်ဖြစ်ပေမဲ့ အားတဲ့အခါတိုင်းတော့ ရွာထဲ ဝင်မွှေဖြစ်ပါတယ် ၊ကိုချောကတော့ ကျွန်တော်ထင်တဲ့ အတိုင်းဖြစ်နေပြီ ထင်ရဲ့ 😀
ကိုပေ ရေ လင်နဲ့မယား လျှာနဲ့သွား ဆိုတာလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ကတော့ ရှိနေမှာပဲ
ဖြစ်တဲ့ အကြိမ်ရေ မများဘို့ရယ် ၊ ပြန်မခေါ်နိုင်လောက်တဲ့အထိမဖြစ်ဘို့ ၊ သူ့မာန ကိုယ့်မာန ထိခိုက်စေမဲ့ အပြုအမှု အပြောအဆို မလုပ်မိဘို့ပဲ လိုမယ်ထင်ပါတယ် ၊ ကိုပေက စာရေးကောင်းသလို အပြောကောင်းတာမို့ မိန်းမရဲ့ ချစ်ခြင်းခံရသူဖြစ်မှာပါ
ကိုဆာမိရေ အားပေးပါတယ် ပြင်လဲပြင် ရွာ့အတွက် ဘောလုံးပွဲလို ပို့စ်လေးတွေလဲ ရေးပါဦး ခင်ဗျ
surmi
August 29, 2012 at 11:59 pm
အစ်ကို့စာကိုဖတ်ပြီး မေ့မေ့နေတတ်တာလေးသတိယသွားတယ် ။ ဟုတ်တယ် …..သွားကိုသွားရမယ့်
ခရီးအတွက် ဘာတွေများလုပ်ပြီးပြီလဲလို့လေ ။ အထုပ်အပိုးပြင်ရမယ် …ရိတ်ခါယူရမယ် ..ပြီးတော့ …..
လာခေါ်မယ့်သူကိုစောင့်နေရမယ် …..။ ခေါ်တဲ ့သူအံ့ဩသွားအောင် ခေါင်းမော့ ရင်ကော့ပြီး လိုက်သွား
နိုင်အောင်လို့ …….အခုပဲ ပြင်တော့မယ် ကိုနိုဇိုရေ …………..။
kai
August 30, 2012 at 1:28 am
ဟုတ်ပါတယ်..
သူများနိုင်ငံတွေကို.. မှီသေးတယ်..။
မှီဆို..အခုထလုပ်မယ်ဆိုရင်.. ဘယ်တော့မှလည်း.. နောက်မကျပါဘူး..
လူတိုင်းကျမ်းမာရေးစောင့်ရှောက်မှုရအောင်.. အစိုးရကိုတွန်းအား..ဖိအားပေးကြရမယ်..
ဈေးသက်သက်သာသာနဲ့.. ပုံမှန် သွေးစစ်..ဆေးစစ်နိုင်ကြအောင်.. ဝိုင်းစဉ်းစား..ငွေထည့်..အဖြေရှာကြရမယ်..
လူမှုဖူလုံရေးနဲ့..ကျမ်းမာရေးအာမခံမှုတွေရအောင်.. လုပ်ကြရမယ်..
လူမှာဖြစ်တဲ့..ရောဂါတော်တော်များများက.. ကြိုသိရင်.. ကုသလို့ရပြီး.. သာမန်လူ့သက်တန်းအပြည့်( အသက်၇ဝလောက်) အထိ..နေနိုင်ကြတာပါ…။
ရဲစည်
August 30, 2012 at 1:47 am
မနက်ဖြန်ဟာ ပျော်စရာ ကောင်းမလား
……………… ?
တင်ကြို ပြင်ဆင်ထားတာ မမှားလောက်ဘူး ထင်ပ
တခါတလေ ရတဲ့ နောင်တတွေက ပြန်အဖတ်ဆယ် နိူင်ပေမဲ့
တခါတလေ …
တချို့သော အရာတွေကျ .. 🙁
အင်း ..
နောက်မကျကောင်းသေးရဲ့
အရီးခင်လတ်
August 30, 2012 at 5:17 am
ကိုနိုရေ
ဖတ်ရင်း စိတ်မကောင်းလိုက်တာ။
ကျန်ရစ်သူတွေ အတွက်ရော၊ ထွက်သွားရသူ အတွက်ရောပါဘဲ။
အဆင်ပြေပြေ လေးရှိသွားကြပါစေလို့ ဆုတောင်းပါတယ်။
တနေ့က သတင်းထဲမှာ နာတာရှည် ဖြစ်နေလို့ သူ့ကို သေဆေးထိုးပေးဖို့ တောင်းဆိုခဲ့တာ မနိုင်လို့ ဒီအတိုင်း နေနေရ သူတစ်ယောက် လုပ်သွားပြီ လို့ ဖတ်လိုက်ရတယ်။
သူ့လို သေနေ့ကို မျှော်နေရတာထက်စာရင် ဖြတ်ကနဲ ထွက်သွားသူ ဟာ ပိုပြီး ကံကောင်းသလား။
ကျန်သူတွေ ကတော့ မချိတင်ကဲ ဖြစ်ခဲ့ရမှာပါ။
ဒါပေမဲ့ ကျန်သူတွေ ကရော လက်တကမ်းမှာဘဲ ရှိနေတဲ့၊ မလွဲမသွေ တစ်နေ့တော့ သွားရမဲ့ အသေချာဆုံး လမ်းမို့ ဘယ်သူ ရှောင်နိုင်မှာမို့လဲ။
အရှေ့ကသွား နဲ့ အနောက်က လိုက် ဘဲ ကွာမှာပါ။
ငယ်တုန်းကတော့ သိပ်မတွေးတတ်၊ မမြင်တတ် ပါဘူး။
ကြီးလာလေ အဲဒီလမ်း ကို ပိုပိုပြီး မြင်လာလေ။
ကိုယ့်ရှေ့မှာ ကိုယ်ချစ်တဲ့သူတွေ တစ်ချို့ သွားနှင့်ကြပြီ။
ကံဖြတ်ချိန် မှာတော့ ဘာနဲ့မှ တားလို့မရပါဘူး။
အဲဒါကို တွေးကြောက်သင့်လား။
ကိုယ်တာဝန် မကျေဘဲ ထွက်သွားရမှာ ကို တော့ မလိုချင်ပေမဲ့ ဘယ်သူသိမှာလဲ။
ဆရာမဂျူး ရဲ့ စကားကို ငှားသုံးရရင် နံရံရဲ့ တစ်ခြားတစ်ဖက် မှာ ဘာရှိနေတယ် ဆိုတာ ဘယ်သူသိနိုင်မလဲ။
ဘာမှ မသိနိုင်မဲ့ အတူတူ အတိတ်ကံ အတိုင်း စီမံရာ ဖြစ်မှာဘဲ လို့ စိတ်မှာ ထားရင်း လက်ရှိမှာအကောင်းဆုံး ကြိုးစားနေတာက ပိုပြီး နေပျော်ပါမယ်။
မမျှော်မှန်းထားတာ တွေကြောင့် လက်ရှိမှာ ကြိုးစားတိုင်း မဖြစ်တာတွေလဲ ရှိပါတယ်။
အဲဒါတွေကတော့ ကိုယ့် ရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိတာ။
အဲဒါကို ဘာလို့ မဖြစ်တာလဲ လို့ လိုက်နေလို့ကတော့ အဆုံးရှိမှာ မဟုတ်တော့ပါဘူး။
တစ်ခါတစ်လေ အဲဒါဖြစ်ဖို့အတွက် ကို တမင် အကြောင်းတွေဖန်တတ်တာ ပါ။
အဲဒီအချိန်မှာ လက်ခံလိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။
ဖြစ်နိုင်သ၍ စိတ်ကို အညစ်အကြေးကင်းအောင် ထားနိုင်ဖို့ဘဲ ကြိုးစားနေမယ် ဆိုရင်တော့ နေ နေရသမျှ အချိန်တိုင်း က စိတ်အေးအေး ကြည်ကြည် နဲ့မို့ မြတ်တယ် လို့ ဆိုရမှာဘဲ။
ဒီတော့
ကိုနို သတိပေးသလိုဘဲ ကျွန်မတို့ စလို့ မှီပါသေးတယ်။
ကြိုးစားကြပါစို့။
မောင်ရဲစည်ပြောသလိုလဲ ကြိုတင်ပြင်ဆင် ထားကြပါစို့။
mocho
August 30, 2012 at 9:21 am
အိမ်ထောင်မကျ ခင် ကတော့ တရား စခန်းတွေ မကြာ ခဏ ဝင် ရင်း သေခြင်း တရား ကို မကြောက် သလို၊ ရင်ဆိုင် နိုင် သလို ကိုယ့် ကို ကိုယ် အတွေး ဝင်ခဲ့ဖူးတယ်။ အခု လို လင်နဲ့ ၊ သားနဲ့ ဖြစ်လာတဲ့ အချိန် ကျတော့ တရားမရှိ ဘူးပဲပြောပြော ..အကြောက်ဆုံး က သေခြင်းတရား ပဲ ။ ခင်ပွန်း သည် ကို အလုံး စုံ မှီ ခိုနေ ရတဲ့ ဘဝ မှာကိုယ်တိုင် သေမှာ ထက် သူအရင် သေသွား မှာ ကို အမြဲ ပဲ စိုး ရိမ်နေ မိတယ်။ အစား အသောက် အနေအထိုင်တွေ ကို အမြဲ ဂရု စိုက်ပေး ပြီး သူကိုယ် တိုင် လည်း သတိထား ဖို့ တတွက် တွက် နဲ့ ပြောနေ တတ်တယ်။ အစိုး ရိမ် ကြီး လွန်းတော့လည်း ကာယကံ ရှင် သူ ကိုယ်တိုင် နဲ့ အများ အမြင် မှာတော့ ချုပ်ခြယ် သလိုတောင် ဖြစ်နေတတ်တယ်။
တကယ်တော့ ရှင့် ကို ချစ်လို့ ၊ ခွဲ ရမှာ စိုးလို့ ဆိုတဲ့ စကား လုံး လှလှ လေး သုံး ဖြစ် ပေမဲ့ တကယ် တမ်း မှာ တော့ ကိုယ့် ကို ကိုယ် ပို ချစ်တဲ့ ၊ သူမရှိ ခဲ့ ရင် ခံ စား ရမဲ့ စိတ် ဒုက္ခ ၊ ကိုယ် ဒုက္ခ တွေ ကို မခံစား နိုင်တဲ့ အတ္တ က ပိုနေ တယ်ဆိုတာ တော့ ကိုယ့် ကို ကိုယ် ဝန်ခံ ပါတယ်။
ကြောင်ကြီး
August 30, 2012 at 10:06 am
ကျုပ်အဖေက အငြိမ်းစားအရာရှိတဦး။ အထူးကုဆေးခန်းမှာ အယ်ထရာဆောင်းလား အီးစီဂျီလား ရိုက်ဖို့သွားတယ်..။ ဆရာဝန် စောင့်ရတာကြာလို့ထင်ပါရဲ့ ငြိမ်ငြိမ်မနေပဲ ဆေးခန်းမှာ ဟိုကြည့်ဒီကြည့် လုပ်ပုံရပါတယ်။ အဲဒါ သူနဲ့ပြမဲ့ ဆရာဝန်လူငယ်က ဟောက်ထည့်လိုက်တာ တင်းသွားပြီး မပြဘဲ အိမ်ပြန်လာခဲ့တယ်။ အဲဒီဆရာဝန်ကလည်း ဒိုင်နိုဆောလောက်ရှိတဲ့ အကောင်ကြီးရဲ့သားတဲ့..။ ဖြစ်ချင်တော့ နောက်ဆေးခန်းတခုကို မသွားတော့ဘဲ အေးအေးဆေးဆေးနေလိုက်တယ်။ ဒီလိုနဲ့ ဖြစ်လာမှသွားတော့ ရောဂါကျွမ်းနေပြီ။ သတ္တဝါတခု ကံတခု…အနိစ္စ။
kyeemite
August 30, 2012 at 10:41 am
ကိုနိုရေ…စာမရေးပဲပျောက်နေတာကြာပေါ့..
ရေးတော့လည်း ခံစားချက်အပြည့်နဲ့ဆိုတော့ ..ရင်ဘတ်ကိုထိတယ်ဗျာ…
သူငယ်ချင်းမိသားစုလေးအတွက်လည်းစိတ်မကောင်းဖြစ်မိပါတယ်..
ကျုပ်ဆရာသမားပြောလေ့ရှိသလို“NATO” တဲ့
No action, talk only..ဆိုသလိုဖြစ်နေတာ ကြီးမိုက်ပါဗျာ..
မသိဘူးလားဆိုတော့..သိရဲ့
မလိုက်နာဖြစ်တာများနေတယ်..
ကိုပါလေရာပြောတဲ့..
စကားစုလေးကလည်း ကျုပ်ကိုဆုံးမနေသလိုပဲ….အော်ဒါ့ကြောင့်လဲ
ငှက္ကဋ္ဌ ဖြစ်ပေတာပဲ..
အမှန်ပါဗျာ..အခုစရင်မှီသေးတယ်…
nozomi
August 30, 2012 at 12:49 pm
ကိုရဲစည်ရေ ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့ဖူးတာလေး တစ်ခုရှိရဲ့
If you start now , you will never late. If you don’t start you must late.
( အတိအကျတော့ ဟုတ်ချင်မှ ဟုတ်မယ် )
ကျွန်တော်တို့ စလိုက် နိုင်ရင်ကို နောက်မကျသေးပါဘူး
အရီးလတ် ရေ ဒီ ကိစ္စတွေက အပြောလွယ်သလောက် လိုက်လုပ်ဘို့ ခက်ရဲ့
သူ့အတွက် ကြံဖန်ပြီး အကောင်းမြင်ကြည့်ရတာတော့ တချို့ဆို ရောဂါကို ခံစားရင် ဒုက္ခရောက် သေချင်တာ/သေစေချင်တာ ကို မသေနိုင် တာတွေထက်စာရင်တော့ ဘယ်သူမှ ဒုက္ခ မရောက်တာလဲ တော်သေးရဲ့လို့
မမိုချို ရေ အဲဒါမျိုးနဲ့ ပတ်သက်လို့ တွေးမိတိုင်း စိတ်ပူမိတာ ကလေးတွေ နဲ့ ကျန်ခဲ့မဲ့သူ အတွက်ပဲ ၊ သေသွားတဲ့သူအတွက်က ဇာတ်ထဲမှာလို စောစောသေရင် စောစောအိပ်ရတာပေါ့
ကျန်ခဲ့တဲ့သူအဘို့မှာ သားသမီး လူလားမြောက်အောင် ကျွေးမွေး ပြုစု စောင့်ရှောက် ပူပန် ရမှာတွေက အများကြီးရယ် ။ တစ်ခုတော့ ရှိတယ် ဒီလိုဖြစ်မှာစိုးလို့ ကြိုတင်တွေးပူနေရင်တော့လဲ မဟုတ်သေးဘူး ဖြစ်လာနိုင်တာတွေအတွက် စိတ်ဓါတ်နဲ့ လိုအပ်မှာ တတ်နိုင်တာ ကြိုတင်ပြင်ဆင်ထား ကျန်တာကတော့ this too, shall pass away ပါပဲ
ကိုကြောင်ကြီးရေ ကျွန်တော်လဲ ကြုံဘူးရဲ့ ကိုယ့်ရောဂါနဲ့ ကိုယ် စိတ်ညစ် နေရတဲ့ ကြားထဲ ဘာမဟုတ်တာနဲ့လဲ သူတို့က ထစ်ကနဲရှိ ဆူလိုက် အော်လိုက်ရမှ ၊ ကိုယ်ချင်းစာစိတ်တာ ရှိရင် ဒီလို ဖြစ်စရာမလိုပါဘူး ၊ အဲဒီအချိန်မျိုးဆို ဖြစ်ချင်တာဖြစ်ကွာဆိုပြီး သူအော် ကိုယ်အော်များ ပြန်အော်လိုက်ရရင်တော့……..
ဦးမိုက်ခင်ဗျာ ကျွန်တော်လဲ မန်မန်မျက်နှာနဲ့ ပုံမှန်ထက် အခု ရက် ပို ရှင်းနေရတဲ့ အထုပ်တွေကြောင့် မရေးဖြစ်တာပါ ၊ အချိန်ရသလောက်တော့ ရွာထဲဝင်ဖြစ် မန့်ဖြစ်ပါတယ် ၊ ပြီးခဲ့တဲ့ အပတ်ကတောင် ဧရာဝတီတိုင်း ရေကြီးတာ မြင်ရကြားရတော့ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတာလေး သတိရပြီး ပို့စ်လေး ရေးဘို့ ကြိုးစားသေးတယ် ရေးနေတုန်း အလုပ်ပေါ်လာလို့ ရပ်ထားလိုက်ရတာ ပြန်ရေးတော့ စိတ်က ပြန်သွင်းလို့ မရတော့ဘူး …
kai
August 30, 2012 at 11:57 am
ဒီပို့စ်ကို.. ခိုင်မမရဲ့..
အဲဒီပို့စ်နဲ့တွဲဖတ်သင့်တယ်..
http://myanmargazette.net/146905/creative-writing
ကော်မန့်တွေမှာ.. အဖြစ်တခုကို ချည်းကပ်ပုံခြင်းမတူကြတာတွေ့ရလိမ့်မယ်..
ကျုပ်ပြောပြောနေတဲ့.. “တယောက်သုံးကိုယ်ခွဲ” သဘောတွေလည်း တွေ့ရလိမ့်မယ်…
ဆိုတော့..
အခု ပြည်ထောင်စုကျမ်းမာရေးဝန်ကြီးနဲ့. အသစ်ဖြစ်လာတဲ့..ဒုဝန်ကြီးတို့က.. လူမှုဖူလုံရေး.. လူမှုကျမ်းမာရေးတွေကို.. သေသေချာချာကိုင်တွယ်မယ့် သဘောရှိပါတယ်..
သူတို့.. ယူအက်စ်လည်း.. လာလေ့လာသွားကြပြီးပြီ…။ ဆိုင်ရာနယ်တွေမှာ နှစ်ကြာအောက်ခြေကလုပ်တဲ့..သူတွေလည်းဖြစ်တယ်..။ စစ်သားတွေလည်း.. မဟုတ်ကြပါ..။
လူထုကြီးရဲ့..ထောက်ခံမှု..။ လူထုက..အသိသညာရှိမှု.. တိုက်တွန်းဆွေးနွေးမှု.. စတာတွေလိုပါတယ်..
တွန်းအားပေးကြရမှာပါ..။
ဒါဆိုရင်.. ကျမ်းမာရေးစောင့်ရှောက်မှု ချို့တဲ့..မပြည့်စုံမှုတွေကြောင့်.. ခံစားကြရတဲ့.. ဒုက္ခ.. တွေလျှော့နည်းသွားမှာဖြစ်ပြီး.. ဒီလိုလုပ်ကြတာမျိုးကမှ… လက်တွေ့ကျတဲ့…ချည်းကပ်မှုလို့ထင်မိပါကြောင်း…
ကိုယ်တိုင်တင်မက.. တပါးသူတွေပါ..နောင်မဖြစ်ကြအောင်.. အချိန်မှီကာကွယ်ခြင်းလည်း.. မည်ပါကြောင်း…
nozomi
August 30, 2012 at 1:04 pm
အနုပညာနဲ့ ပတ်သက်လို့ သဘောကျမိတာ
ဖန်တီးတဲ့ သူက သူမြင်သလို သူခံစားရသလို ဖန်တီးတယ်
ခံစားတဲ့ သူတွေက ဖန်တီးတဲ့ သူ မမြင်တဲ့ ထောင့်တွေကနေလဲ ခံစားနိုင်တယ် ကန့်သတ်ချက်မရှိဘူး..
ဒီပို့စ် မှာ မန့်ထားတဲ့သူတွေရဲ့ ထောင့်ပေါင်းစုံက အမြင်ကို တွေ့ရတာ တကယ် သဘောကျဘို့ကောင်းတယ်
ကျွန်တော်တို့ဆီမှာ လိုအပ်တာ လုပ်သင့်တာ လုပ်ချင်တာ တွေ အများကြီး
ဥပမာ- သူကြီးပြောတဲ့..
လူတိုင်းကျမ်းမာရေးစောင့်ရှောက်မှုရအောင်.. အစိုးရကိုတွန်းအား..ဖိအားပေးကြရမယ်..
ဈေးသက်သက်သာသာနဲ့.. ပုံမှန် သွေးစစ်..ဆေးစစ်နိုင်ကြအောင်.. ဝိုင်းစဉ်းစား..ငွေထည့်..အဖြေရှာကြရမယ်..
လူမှုဖူလုံရေးနဲ့..ကျမ်းမာရေးအာမခံမှုတွေရအောင်.. လုပ်ကြရမယ်..
အရင်ဆုံး လုပ်ရမှာသိဘို့လိုတယ် လုပ်ချင်တဲ့ စိတ်နဲ့ နိုင်တာလေးတွေ စ လုပ်ရမယ်
အခုဆို စာသုံးသူ ကာကွယ်ရေးအဖွဲ့ ဆိုတဲ့ အသံကြားနေရပြီ
ဒီ ကိစ္စတွေ ကျွန်တော်ရော သူကြီးရော တခြားရွာသူားတွေ ရော ဒီ ရွာထဲမှာ ခဏခဏ ပြောဖြစ်ကျတယ် ၊ တကယ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်တော်တို့ အားလုံး ရဲ့ လုပ်ချင်တဲ့ စိတ်ကနေ အစပြုလာတယ် လို့ ကျွန်တော်ကတော့ တွေးတယ်
ဒီ ပို့စ် တို့ မခိုင် ပို့စ် တို့ကလဲ သူကြီးတို့ ကျွန်တော်တို့ ဖြစ်လာစေချင်တဲ့ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေ စနစ်တွေ အတွက် အထောက်အကူဖြစ်မယ်လို့ ယုံတယ်
ဖြစ်ကို ဖြစ်လာရမှာပါ ၊
ထိချက်မှန်ဘို့ ခဲတစ်လုံပဲ လိုတယ်
မမှန် မချင်း ဆက်ပစ်နေပါမယ်
ကျွန်တော်တို့ ပစ် ရမယ် ဆိုတဲ့ အသိရအောင် ပစ်နည်းတွေ သိအောင် ဆက်ပစ်နိုင်အောင်
ဒီရွာလေးက အများကြီး ကူညီပေးနေပါတယ်
Foreign Resident
August 30, 2012 at 1:27 pm
ကဂျိုး ကဂျောင် တွေးမိတာလေးပါ ။
၁ ။ မိန်းမထက် စောသေမှ ဖြစ်မယ် ။
မိန်းမ နောက်မှ သေရင် ပြုစုမယ့်သူ မရှိဘူး ။
၂ ။ မိန်းမက အရင်သေသွားရင် ဘာဆက်လုပ်ရမလဲ ၊
ကျန်းမာရေး စောင့်ရှောက်မှု ကောင်းပေမယ့် ၊
ဆွေမရှိ မျိုးမရှိ ဩဇီမှာပဲ ခေါင်းချ ရမလား ။
၃ ။ သေပြီးနောက်တော့ နောက်ဘဝ ဘာဖြစ်ဖြစ် ၊
သိပ် စိတ်မဝင်စားလှပါဘူး ။ ဘယ်ရောက်ရောက်ပေါ့ ။
ကိုယ်လည်း မကောင်းမှု သိပ်ကြီးကြီးမားမားမှ မလုပ်ဘူးတာ ။
၄ ။ ၆ဝ လောက်မှာ သေလို့ရရင် ကောင်းမယ် ။
သိပ် မအိုသေးဘူး ။
၅ ။ euthanasia ကို ဩဇီမှာ ခွင့်ပြုရင် ကောင်းမှာပဲ ။
ကိုရင်စည်သူ
August 30, 2012 at 1:47 pm
ကိုရင်ကြီးနိုရေးတဲ့ ပို့စ်ကတော့ ကိုရင့်ဟတ်ကိုတည့်တည့် ထိသွားပါတယ်..
လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖြတ်သန်းနေတဲ့ ကိုယ့်ကိုယ်ကို
ပြန်ဆင်ခြင်မိတဲ့… ပြီးတော့ ဘုရားဟောတဲ့ ဒီစာပိုဒ်သွားသတိရမိတယ်..
အဝိဇ္ဇာနွံထဲမှ ကိုရင်စည်သူ
“အရာအားလုံးနှင့် ရှင်ကွဲသေကွဲ ကွဲရခြင်းကို အမြဲမပြတ် ဆင်ခြင်ပါ…”
”ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်” ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ ”ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာ အားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်” ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။
ရဟန်းတို့ သတ္တဝါတို့အား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလားစွဲမက်ခြင်း ‘ဆန္ဒရာဂ’ ဖြင့် စွဲမက်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော သူအား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ”ငါ၏ ချစ်ခင် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်” ဟု မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
”ငါတစ်ယောက်တည်းသာလျှင် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းဖြစ်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့သည် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေ၏” ဟု ဆင်ခြင်၏။
ထို (ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော ‘အနုသယ’ တရားတို့သည် ကင်းပြတ်ကုန်၏။
(ရ – (အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။)
ကိုရင်စည်သူ
August 30, 2012 at 1:49 pm
“သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…”
”သေခြင်း သဘောရှိ၏၊ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်ချေ” ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။
ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ ”ငါသည် သေခြင်း သဘောရှိ၏၊ သေခြင်း သဘောကို မလွန်ဆန်နိုင်ချေ” ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ် သနည်း။
ရဟန်းတို့ သတ္တဝါတို့အား အသက်ရှင်ချိန်၌ အသက်မာန် ယစ်ခြင်းရှိ၏၊ ယင်းအသက် မာန်ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(သေခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား အသက်ရှင်ချိန်၌ ယင်းအသက် မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်း ဖြစ်၏။ ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ”ငါသည် သေခြင်း သဘောရှိ၏၊ သေခြင်း သဘောကို မလွန်ဆန်နိုင်ချေ” ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
”ငါတစ်ယောက်တည်းသာလျှင် သေခြင်း သဘောရှိသည် ငါတစ်ယောက်တည်း သာလျှင် သေခြင်းသဘောကို မလွန်ဆန်နိုင်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့သည် သေခြင်း သဘော ရှိကုန်၏၊ သေခြင်း သဘောကို မလွန်ဆန်နိုင်ကုန်ချေ” ဟူ၍ ဆင်ခြင်၏။
ထိုသေခြင်း အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော ‘အနုသယ’ တရားတို့သည် ကင်းပြတ်ကုန်၏။
(ရ – (အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။)
zarlay
August 30, 2012 at 3:47 pm
ဟုတ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဇာ့အဖေလည်းဆုံးတာမကြာသေးဘူးလေ အကောင်းကြီးကနေသွေးတိုးရာကနေဦးနှောက်သွေးကြောပျက်သွားတာ ယုံတောင်မယုံနိုင်ဘူးလေ အဲဒီတုန်းကလဲ ကိုယ့်ကိုကိုယ်ရူးပြီလို့တောင်ထင်တာ အဖေ့ကိုအရမ်း ချစ်တော့လေ
weiwei
August 30, 2012 at 1:54 pm
လူတိုင်း တစ်နေ့သေရမှာမို့ သေမှာကိုတော့ ထူးပြီးမကြောက်လှဘူး …
အို နာ သေ အရေး ၃ ပါးမှာ နာ မှာကိုတော့ ကြောက်တယ် …
Novy
August 30, 2012 at 2:28 pm
“ဘယ်သူက ဘယ်အချိန် ဘာရောဂါနဲ့ ဘယ်နေရာမှာ သေရမယ်ဆိုတာ မသိနိုင်တာမို့ ကိုယ့်အတွက် ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် ကံ ၊ ဉာဏ် နဲ့ အသက် ကို စောင့်ရှောက်ရင်း အသက်ရှင်နေခိုက်လေးမှာ စိတ်ကောင်းမွေး သူတစ်ပါးကို တတ်နိုင်တာကူညီ ဒေါသမောဟ မာန်မာနတွေ လျော့ရင်း ကိုယ့်အနီးဆုံးက လူတွေကို စိတ်ချမ်းသာအောင်ထားကြရအောင်ပါ ။”
ဒီစာလေးထဲကအတိုင်းနောင်တမရအောင် ကြိုးစားနေထိုင်နေပါတယ်
လုပ်ပေးနိုင်တာတွေကို အတက်နိုင်ဆုံးလုပ်ပေးပါတယ်
ကြွေးဟောင်းတွေကိုဆပ်ပြီး ကြွေးသစ်တွေကိုလည်ချနေပါတယ်
တစ်ခါတစ်လေတော့လည်းစိတ်ကုန်ပေမဲ့
ကိုယ်စိုက်ပျိုးတဲ့ အပင်ကိုတော့ ကိုယ်ပဲရိတ်သိမ်းနေရတယ်ပေါ့
အဘဖေါလို မဖြစ်နိုင်တဲ့ ကဂျိုး ကဂျောင် အတွေးတွကိုလည်း
တွေးမိရင်လေ…..
zarlay
August 30, 2012 at 3:14 pm
နေ့မြင်ညပျောက်ဆိုတာ အဲဒါပဲလေ ဒါကြောင့်မသေခင်မှာ သေရင်ကိုယ့်နောက်ပါမယ့်အလုပ်တွေကို များများလုပ်သွားကြပါ။
Ma Ei
August 30, 2012 at 3:22 pm
ကိုနိုဇိုမီရေ…
Post နဲ့ Comment တွေဖတ်ပြီး
မှီသေးတယ် နောက်မကြ လောက်သေးပါဘူး …
ဆိုလို့ အခု စလိုက်ပါတော့မယ်…
Ma Ei
August 30, 2012 at 3:23 pm
ကိုနိုဇိုမီရေ…
Post နဲ့ Comment တွေဖတ်ပြီး
မှီသေးတယ် နောက်မကြ သေးပါဘူး …
ဆိုလို့ အခု စလိုက်ပါတော့မယ်…
nozomi
August 30, 2012 at 4:03 pm
ဦး FR ရေ
ကျွန်တော်လဲ ကဂျိုး ဂဂျောင် ပြန်စဉ်းစားကြည့်မိတယ်
မိန်းမက အသက်ကြီးသည်ထိ မနေပဲ အခုသေသွားရင်ရော
ကိုယ်စဉ်းစားသလို မိန်းမက စဉ်းစားနေရင်ရော
euthanasia ကို ဆေးပညာအရ ကျင့်ဝတ်အရ ခွင့်မပြုပေမဲ့ ကျွန်တော့သဘောကတော့ ချွင်းချက်နဲ့ ရှိသင့်တယ်လို့ထင်တာပဲ
ကိုရင်ကြီးနိုရေးတဲ့ ပို့စ်ကတော့ ကိုရင့်ဟတ်ကိုတည့်တည့် ထိသွားပါတယ်.. ဆိုတော့ အခြေအနေ ကောင်းပါတယ်နော စိတ်မပူရဘူး မို့လား တော်ကြာ ထိတာများသွားရင် မိုး တို့ စိုး တို့ နို်း တို့ ကို မေ့သွားမှာ စိုးလို့ပါ ( ကိုရင့် တရားလေးလဲ ဖတ်ရင်း နှလုံးသွင်းမိပါတယ်..)
အန်တီဝေ တို့လို လွတ်လပ်သူများ အဘို့ကတော့ ဘာပူစရာ ရှိမလဲ ၊ ကောင်းလိုက်တာနော
နာဘို့ကတော့ ဒီ ခေတ် ဆေး ဘိုး ဝါး ခ တွေနဲ့ မလွယ်ကြောင်းပါ
ဇာလေးရေ စိတ်မကောင်းပါဘူး ၊ အမေကတော့ ရှိဦးမယ် ထင်တယ် အမေ့ကို ပိုဂရုစိုက်ပေးပေါ့
မနို ကြွေးဟောင်း ဆပ်တဲ့ ပို့စ် လေး ဖတ်လိုက်ရတယ်
အနဲဆုံးတော့ ကြုံလာရင်တောင် နောင်တ မရတော့ဘူးပေါ့
ကောင်းတာစိုက်လို့ ကောင်းတဲ့ အသီးအပွင့်တွေ ခံစားရမှာပါ
မအိ ရေ ဘယ်ကိစ္စ မဆို မစ သေးတဲ့ သူ အတွက်သာနောက်ကျတာပါ
စလိုက်နိုင်ရင် နောက် မကျတော့ပါဘူး
MaMa
August 31, 2012 at 9:58 pm
ကွန်ညံ့ချက်ကတော့ ကွန်မန့်ဖို့တောင် စိတ်ပျက်ရတဲ့အထိ။ 🙁
ကောင်းတဲ့အလုပ်ဆိုတာ ဘယ်အချိန် စ စ၊ စ လုပ်နိုင်ဖို့သာ အရေးကြီးတာပါ။
ပါမောက္ခချုပ်ဆရာတော်ကြီး ဟောတဲ့ လူ့ပြည်ရောက် နတ်တမန်များ ဆိုတဲ့ တရားတော်ထဲကလို …
လူအို၊ လူနာ၊ လူသေတွေကို တွေ့တဲ့အခါမှာ သံဝေဂ ရသလား လို့ ယမမင်းက စစ်ဆေးတဲ့အခါ မေးမြန်းတယ်တဲ့။
လူတွေဟာ သံဝေဂ ရသင့်တဲ့အချိန်မှာ သံဝေဂ ရရင် (ကိုနိုကြီးလို) အဲဒါလည်း ကောင်းတဲ့စိတ်၊ ကုသိုလ်စိတ်ဖြစ်တယ်တဲ့။
အဲလို သံဝေဂရတဲ့စိတ်ကမှ ကောင်းမှုကုသိုလ်လုပ်ဖို့အတွက် အားကောင်းစေတယ်တဲ့။
🙂
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
surmi
September 2, 2012 at 9:19 am
အစ်ကိုရေ ဖိတ်စာပို ့ပြီနော်
၄ ရက်နေ ့ည ၉ နာရီနောက်ပိုင်း
ရွာသူားများလည်း ကြွရောက် ရှုစားကြပါဗျားးးး
Foreign Resident
September 2, 2012 at 9:26 am
ကို surmi
ဘာ ဖိတ်စာလဲဗျ ?????
surmi
September 2, 2012 at 9:39 am
အဘတို ့အဖွဲ ့ မပျက်မကွက်ပါနော
Foreign Resident
September 2, 2012 at 9:40 am
ဟုတ်ဖူးလေ ။
ဘာအတွက် ဖိတ်စာလဲလို့ ?????
surmi
September 2, 2012 at 10:25 am
သိချင်ရင် ရွာထဲကိုကြွခဲ ့ပါဗျားးးးးးး
မဟာရာဇာ အံစာတုံး
September 2, 2012 at 10:51 am
ကိုဆာမိ …
အဟမ်း .. ဟမ်း .. ဟမ်း ..
ဘုမသိ၊ ဘမသိနဲ့
ဖိတ်ဒယ်ဘဲ သိရဒယ် ..
အဲ့နေ့ညကျရင် တခုတ်တရ တက်ရောက်
အားပေးပါမည့်အကြောင်း …
_________
ဦးနိုဇိုမီဂျီး …
အနော် လူပျိုဂျီး ဖစ်ကြောင်း ကြော်ငြာရဒါဂလည်း
ဘာရယ် ဟုတ်ပါဘူး၊ ဂလိုဘာဘဲလို့ .. အဟီးး 😀
padonmar
September 4, 2012 at 12:55 am
ကိုမှို
မရေးမရေးနဲ့ ရေးမယ့်ရေးတော့လည်း တွေးစရာတွေအများကြီးပေးသွားပါလား။
(၁)သူကြီးလေနောက်လိုက်ရရင် ဘာကြောင့်ပဲသေသေ Non-accident sudden death တွေကတော့ တတ်နိုင်သ၍ ပပျောက်စေချင်ပါပြီ။
ကျန်းမာရေးစောင့်ရှောက်မှု စားရိတ်မကြီးတော့တဲ့အခါ၊လူတိုင်းမဖြစ်မနေ ကျန်းမာရေးစစ်ဆေးရမယ့် အချိန်အခါတွေ သတ်မှတ် ပြီး အခမဲ့ စစ်ဆေးပေးနိုင်လာမယ့်အခါ ဖြစ်လာတော့မယ်လို့ မျှော်လင့်ပါတယ်။
(ကျမတို့ တက္ကသိုလ်စတက်တော့ လူတိုင်းကျန်းမာရေးစစ်ပေးပါတယ်၊ဓာတ်မှန်ကို ကားပေါ်ပါ mobile machine နဲ့ ပုံသေးသေးလေးတွေရိုက်ရပါတယ်)
ငယ်ငယ်က မိခင်နဲ့ကလေးက အခမဲ့ဝေပေးတဲ့ လူရည်ချွန်နို့မှုန့်ခွဲတမ်းရဖူးပါတယ်။
ဆရာဝန်ဖြစ်စက မိခင်နဲ့ကလေးစောင့်ရှောက်ရေး အသင်းနဲ့ပေါင်းပြီး Unicef ကအခမဲ့ပေးတဲ့ ဆေးဝါးတွေကို ကိုယ်ဝန်ဆောင်တွေ၊ကလေးတွေကို ပေးရာမှာ ပါဝင်ခဲ့ဖူးပါတယ်။
ဓာတ်ဆားထုပ်၊တားဆေးကဒ်တွေ အခမဲ့ဝေပေးဖူးပါတယ်။
ကျန်းမာရေးပညာပေးဟောပြောပွဲတွေကို ကျောင်းတွေရပ်ကွက်တွေမှာ လိုက်ဟောပြောပေးဖူးပါတယ်။
မြန်မာပြည်နဲ့ အလှမ်းမဝေးသေးပါဘူး။လူအင်အားတွေလည်းရှိပါသေးတယ်။နည်းပညာနဲ့ စနစ်တကျ ကိုယ်ကျိုးမဖက် စီမံခန့်ခွဲမှုလိုနေတာပါ။
…………………………………
(၂) သေရာမှာတော့ အလွန်အားကျမိတဲ့ သေခြင်းတွေရှိပါတယ်။
ငယ်သူငယ်ချင်းတစ်ယောက်တည်း အနားမှာ တစ်လလာနေခိုင်းပြီး၊ငယ်ငယ်ကဘုန်းကြီးကျောင်းသားဘဝအကြောင်းတွေပြော၊တရားတွေဆွေးနွေးပြီး၊
တစ်လပြည့်တဲ့အခါ အိပ်အုံးမယ်ကွာလို့ပြောပြီး ကွယ်လွန်သွားတဲ့၊ခေါင်းအပြင်ကို ခြေတွေလက်တွေ ထုတ်ပြသွားတဲ့ ယောအတွင်းဝန်ဦးဘိုးလှိုင်လည်း တစ်ယောက်အပါအဝင်ပါ။
……………………………………………..
(၃)ဒီတစ်ပတ်သင်ရတဲ့စာလေးကောင်းလွန်းလို့ မျှဝေချင်ပါတယ်။
-ငါဆိုသော အတ္တကောင်မရှိ၊
-ထိုမရှိသော ငါအတွက် ဘယ်သူကမျှကြောင့်ကြစရာမလို၊
-သူတစ်ပါးဟူသော အတ္တကောင်မရှိ၊
-ငါကလည်း ထိုမရှိသော သူတစ်ပါးအတွက် ကြောင့်ကြစရာမလို၊
ဒီလို အနတ္တ ထင်အောင်ရှုရင် သင်္ခါရုပေက္ခာဉာဏ်ဖြစ်ပါမယ်တဲ့။
စာပဲနော် ၊လူကတော့ မလိုက်နိုင်သေးဘူး။
………………….
(၄)ငှက်ကဌကြီးလောက်တော့ တိုင်းပြည်ကြီးထိ မစဉ်းစားမိပါဘူး။ဒါကြောင့်လည်း ထာဝရငှက်ကဌကြီးပါလို့:D
…………………….
(၅) FR
euthanasia တော့ မလုပ်ပါနဲ့အုံးနော်။
နောက်ပြီး မဟာဂန္ဓာရုံဆရာတော်ကြီးဟောတဲ့ ရေချမ်းအမကြီးပြိတ္တာကြားဖူးတယ်မလား။
……………………………………………………….
(၆) ကိုမှိုပြောသလိုပဲ ကိုယ်ချစ်ရတဲ့ ပတ်ဝန်းကျင်ကို ကောင်းပေးဖို့ အခု(အခု)ကစကြရင် နောက်မကျလောက်ပါဘူးလို့ ထောက်ခံချင်ပါတယ်။
ဘယ်သူတွေဘာပြောပြောပေါ့နော။