ဆိတ်တွေဟာအချင်းချင်းရန်ဖြစ်ရင် ခေါင်းချင်းဆိုင်ထားပြီး နောက်မဆုတ်တမ်း ခွေ့တတ်သလို ခွေးတွေဟာလည်း ကိုက်တတ်ဟောင်တတ်ပါတယ်၊
ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူလတ်တန်းစားများကားစီးနိုင်တဲ့အချိန်ကစပြီး မော်တော်ယာဉ်ပိုင်ဆိုင်မှုမြင့်တက်လာပြီး လမ်းမတွေပေါ်မှာကားတွေဟာ လမ်းတွေနဲ့မဆန့်အောင် ပေါက်ကွဲထွက်လာပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ကားပိုင်ဆိုင်ပေမဲ့ လောင်စာဆီကိုချွေတာ၊ မိမိကုန်ကျစားရိတ်ကိုချွေတာ(ချမ်းသာပေမဲ့) အလုပ်သွား၊ ခရီးထွက်၊ကျောင်းကြိုပို့၊အလည်အပါတ်သွားတာတောင် လိုင်းကား၊ခရီးသည်တင်ကား စီးကြတယ်လို့သိရပါတယ်၊ ဒီမှာကတော့ ဂုဏ်တု ဂုဏ်ပြိုင် ၀မရှိဘဲဝိလုပ်( ဒီနိုင်ငံမှာကကြွားဝါချင်တဲ့သူများတယ်) ကားမျိုးစုံနဲ့ ဖအေက အလုပ်သွားကားတစ်စီး မအေက ဈေးဝယ်ထွက်ကားတစ်စီး သားတွေ သမီးတွေက ကျောင်းသွားကားတစ်စီးစီနဲ့ လမ်းမတွေပေါ်မှာ ကားတွေဟာပြည့်ကြပ်နေပါတယ်။
သာမန်ချမ်းသာတဲ့သူတောင်ကားနှစ်စီးလောက်ပိုင်တာတွေ့ရပါတယ်။ ဒီတော့အခြေခံလူတန်းစားစီးတဲ့လိုင်းကားတွေဟာ လိုရာခရီးရောက်ဘို့ ကားလမ်းပိတ်ဆို့မှုကြောင့် (၀န်ထမ်း၊အလုပ်သမား) အချိန်တွေအကြာကြီး ကားပေါ်တွေမှာ အချိန်ဖြုန်းရပါတယ်၊ ဒီကြားထဲ လမ်းစည်းကမ်းကိုမလိုက်နာ လိုရာခရီးကို ဖြတ်လမ်းက သွားချင်တဲ့ လူ့အန္ဒတွေဟာ အတင်းတစ်ဖက်ယာဉ်ကြောက လုဝင် နောက်လဲမဆုတ်ပေး ကားခြင်းခေါင်းခြင်းဆိုင်ပြီး ခွေးတွေ၊ဆိတ်တွေလိုစောင်နေကြတာ ရန်ကုန်မြို့ ကားလမ်းဆုံတွေမှာ နေ့စဉ်တွေ့ရပါတယ် သူတို့ကြောင့်ယာဉ်ကြောပိတ်ဆို့ရတာကို ဖြေရှင်းဘို့ဘယ်လို လုပ်ကြရပါ့မလဲ။

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..