ကမ္ဘာကြီးဟာရွာကြီးတဲ့လား? ဂေဇက်ကိုဝင်ဘို့ နက်ချိတ် မိုဇယ်ကိုတိတ်တိတ်လေးဖိတ်လို့
ရှိတ်လိုက်မယ်ဟဲ့လို့ ရင်ထဲကစာလေးတွေစီ အပီအပြင်နှိပ်ဘို့ပြင်ကာမှ လင်ကမရ မြင်ရတာ ဘ၀င်မကျ ထပ်ကာထပ်ကာနှိပ် လက်ကွက်ထိတ်မှာမီးလောင် ယောင်တောင်တောင် ပေါင်တောင်နဲ့
နက်ဝပ်ကနှေး အီးလေးကိုဝင်ပြန်တော့လည်း မျက်နှာမည်းပေါင်ချိန်က ဒီလိုအဖြစ်မျိုးရှိသလားဟဲ့ ဆိုပြီး အာရာတွေတက် သစ်ဇ်ပေ့ဂ်ျကန်နော့အိုးပန်းဆိုပြီး ငါ့အိပ်ကပ်ထဲက ချွေးနဲစာတွေတတိတိချွေ ဘေကိုတော့မလျှော့ သဂျီးကတော့ပြောသား သူ့ဆုကြေးကဘယ်ဆီနေမှန်းမသိ တရိရိနဲ့ ဖုန်းနဲ့မရလို့ ဆိုင်ကိုပြေး ခြေအေးလို့ဝမ်းယောင် ကြောင်တောင်တောင်နက်ဝပ် တဖြတ်ဖြတ်နဲ့ လင်လုပ်လို့မရတဲ့ဂေဇက် အနေခက်ရအောင် ရွှေလက်နဲ့စာလွှာရေး အတွေးလေးတွေစာစီလို့ မယားလုပ်မယ်ဟဲ့လို့ အလို ဟဲ့ရွာစား မတိမ်းမစောင်း ဘိမ်းမောင်းနဲ့ ငါ့စာလွှာကိုအမြန်ပို့ ဟဲ့ ရို့ရို့ ပလို့ပလို့ဂျိ

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..