ကမ္ဘာမှာ…
တချို့နိုင်ငံတွေမှာတော့ လူအများစု ကိုးကွယ်တဲ့ ဘာသာရေးကို နိုင်ငံ
တော်ဘာသာရယ်လို့ အခြေခံ ဥပဒေမှာ သတ်မှတ်ထားတယ်..

တချို့နိုင်ငံတွေမှာတော့ ဘာသာရေး အကြီးအကဲတွေက နိုင်ငံကို
ကြိုးကိုင်ထားကြတယ်..
အဲဒီလိုနိုင်ငံမျိုးကို Theocratic State လို့ခေါ်တယ်။အဲဒီနိုင်ငံမျိုးတွေဟာ
ကမ္ဘာမှာ..အနည်းအကျည်းလောက်ဘဲ ကျန်တယ်လို့ သိရတယ်…

မြန်မာနိုင်ငံဟာ ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားအုပ်ချုပ်တဲ့
အုပ်ချုပ်ရေးစနှစ်ဖြစ်ပါတယ်..
အဲဒီလို အုပ်ချုပ်တဲ့ နိုင်ငံကို Secular Stateလို့ ခေါ်တယ်.
မြန်မာနိုင်ငံဟာ အဲဒီလို နိုင်ငံမျိုးဖြစ်တယ်…

Secular State နိုင်ငံဖြစ်ပါလျှက် ..နိုင်ငံ အကြီးအကဲထဲက
သာသနာရေးဝန်ကြီးဆိုပါတော့…သာသနာရေးဝန်ကြီး ဆိုတာနဲ့ ထေရ၀ါဒဗုဒဘာသာ
သာသနာရဲ့ အရေးအရာတွေ အတွက်သာ ဆောင်ရွှက်ပေးရတဲ့ ၀န်ကြီးလို့သိနေရင်မမှန်
ပါဘူး…နိုင်ငံမှာ…ထေရ၀ါဒ သာသနာတခုတည်းရှိတာ
မဟုတ်လို့ဘဲ…ခရစ်ယာန်သာသနာ၊ အစ္စလာမ်သာသနာ၊ ဟိန္ဒူသာသနာ၊ မဟာာနသာသနာ၊
ပစ္စုပန်ကမ္မ၀ါဒ သာသနာ၊ ဘိုးတော်သာသနာ၊ နတ်ဒေ၀ါတာ သာသနာ၊
ကိုယ်ယုံကြည်ကိုးကွယ်နေတဲ့ အဆုံးအမသာသနာတွေက ဒုနဲ့ဒေးရှိတာဘဲ…

ဒါတွေဟာ အမြင်မတူရာကနေ အခြေခံတာဘဲ…ဒီအမမြင်မတူတဲ့ လူတွေအချင်းချင်း
အတူတကွအေးချမ်းစွာနေနိုင်ဖို့ဆိုတာ…အုပ်ချုပ်တဲ့လူတွေမှာ…တာဝန်ရှိပါတယ်..
အုပ်ချုပ်တဲ့
လူတွေမှာ..ဥပဒေပြဋ္ဌာန်းတဲ့ အတိုင်းမဆောင်ရွှက်ဘဲ..အင်အားကြီးတဲ့ လူတအုပ်စု
အတွက်ဘဲ အလုပ်လုပ်ပေးမယ်ဆိုရင်…တကယ်ငြိမ်းချမ်းတဲ့ ပြည်ထောင်စု
ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး…

ယနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေ၊ ဓမ္မ၊ အဓမ္မ
အငြင်းပွားမှုတွေကို ကြည့်ပြီး…တရား ဓမ္မဆိုတာဘာလဲ? လို့ကိုယ့်ကိုယ်ကို
မေးခွန်း အကြိမ်ကြိမ် မေးမိတယ်..

တကယ်တော့ ဓမ္မဆိုတာမှန်ရင်..ဘယ်သူမှ ဖျက်စီးလို့ မရဘူးဖြစ်ရမယ်…အခုတော့
ဓမ္မစက်တည်မြဲဖို့ အာဏာစက်ရဲ့ အကူအညီကို တောင်းခံနေရရင်…ဓမ္မဆိုတာ ဘာလဲ?

ဓမ္မ္မဟာ ဓမ္မမစစ်တော့လို့ ဓမ္မဟာ ဓမ္မအဖြစ် မရပ်တည်နိုင်တော့မှာ
စိုးလို့..အာဏာစက်ရဲ့ အကူအညီကို ယူနေရတာပါ…ဓမ္မစစ်ရင် ဘယ်သူမှ
ပျက်အောင်ဖျက်လို့ မပျက်တာဖြစ်လို့ ဘယ်အာဏာမှ ကယ်ပါယူပါလို့ခေါ်ဖို့
မလိုဘူး..

ဒါပေမဲ့ ဒီလိုခေါ်ခဲ့ရတာတွေထောက်ပြီး ထောက်ခံမထားရင်လည်း လှဲကျတော့မည့်
ဓမ္မဖြစ်ရင်..အထောက်အခံခေါ်ရမှာပါ…အဲဒါရှေးမင်းတွေလက်ထက်က တစ်ခေါင်း
တစ်ဦးနှောက် အုပ်ချုပ်ရေးဆိုတော့..အာဏာအကူတွေပေးကြတာဘဲ..ဒီနေ့တော့
အဲဒီခေတ်လည်းကုန်နေပါပြီ…လူအများဆန္ဒနဲ့ရေးဆွဲ အတည်ပြုထားတဲ့ ဥပဒေအုပ်
ချုပ်တဲ့ခေတ်ထဲ ရောက်နေပါပြီ…အဲဒီဥပဒေကလည်း…လွတ်လပ်စွာ
ကိုးကွယ်ခွင့်ကို ပေးထားတဲ့ ဥပဒေဘဲ….

လွတ်လပ်စွာ ကိုယ်းကွယ်ခွင့် ရှိတယ်ဆိုပေမဲ့ သူ့ဝိုင်းထဲမှာ သူမကြိုက်တာ
ကိုးကွယ်ခွင့် ရှိတယ်..လို့ဆိုလိုတာ မဟုတ်ပါဘူး…သူ့ပိုင်နက်ထဲ မနေရင်
ကိုယ်ကိုးကွယ်တာကို ဘယ်သူ့ကမှ မကန့်ကွက်နိုင်တာ လွတ်လပ်စွာ
ကိုးကွယ်ခွင့်ဘဲ…

လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးချင်သူတွေက ဘာသာတခု ထားခဲ့တာကို
အားကိုးကြတယ်…”သာသာနာဟာ မင်းအမှီမှာ တည်တယ်” လို့ပါဘဲ…ဒီတော့ သာသနာဟာ
လောကရဲ့…ထိပ်တန်းဘယ်ရောက်တော့မလဲ..မင်းလိုလိုက် မင်းကြိုက်နေ သာသနာ
ဖြစ်ပြီပေါ့…
အဲဒီမင်းကလည်း တိုင်းသူပြည်သား ရဲ့အကျိုးကို အုပ်ချုပ်တာဘဲ လုပ်မှာဆိုတော့
အံကိုက်ပေါ့…

အခုခေတ် အစိုးရဟာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊စီးပွားရေး
အစစတွေစုံအောင် ဆောင်ရွှက်နေရတဲသူတွေဘဲ…ကိုးကွယ်မှုကို မှီပြီးရပ်တည်နေကြသူ
တွေလည်း မဟုတ်ကြတော့ဘူး..ဒါကြောင့် သာသနာကို
ကြိုးမကိုင်တော့ဘဲ…လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဥပဒေထဲ ထည့်သွင်း
အုပ်ချုပ် သူတွေဖြစ်ကြပါတယ်…

လွတ်လပ်စွာကိုးကွယ်ခွင့်ဟာ လူ့လောကကြီးတိုးတက်မှု အတွက် အရေးပါတာကို
ကမ္ဘာ့နိုင်ငံတိုင်းလိုလို သိလာကြပြီ…ဒါကြောင့် လွတ်လပ်စွာ
ကိုးကွယ်ခွင့်ကို တကမ္ဘာလုံးနီးနီး အရေးတယူရှိလာကြတယ်…လွတ်လပ်စွာ
ကိုးကွယ်ခွင့်ရမှ ကိုယ့် အသိနဲ့ကို ကိုးကွယ်ကြရမှာပေါ့…အဲဒီကိုးကွယ်သူ
အချင်းချင်း ကိုယ်းကွယ်တာကို အကြောင်းပြပြီး…အမှား အမှန်ဖလှယ်ကြတာ
မှားတာကို ကျောခိုင်း…မှန်တာ ရှေးရှု့
ဖြစ်ပြီး…မှားရာက မှန်ရာကို..အရောက်လှမ်းနိုင်ကြမယ် မဟုတ်လား…

ကိုယ်က အသာစီးရနေတိုင်း ကိုယ့်ဟာ အမှန်ဘဲလုပ်ပြီး မျက်နှာတင်းပြနေတာမျိုး
ဟာ အလုပ်မဖြစ်ဘူး…မှန်တယ်တာ ထင်နေတာ ဘာမှလည်း လုပ်ပြမရတော့
ပိုဆိုးတာပေါ့..
ဒါလည်း အသာမနေဘူး..နောက်ဘ၀ကျ ရမှာလို့က မလျှော့တမ်း လုပ်နေသေးတယ် ဆိုတော့
ကိုယ့်သာသနာက ထားတဲ့ သဿတမိစ္ဆာဒိဋ္ဌိ ငြိပြီး သာသနာ အပြင်ပကို အလိုလို
အရောက်ခံရတော့ ပြောစရာကုန်ရော့ဘဲ…

ဘုရားဟောတဲ့ သာသနာ့ အနာဂတ်ဘေးနဲ့ သူတို့ပြတဲ့ သာသနာဘေးဆိုတာက
တခြားစီဘဲ…သူတို့ပြတဲ့ သာသနာ့ဘေးက သူတို့သာသနာရဲ့ အပြင်ဘက်မှာဘဲ…
ဘုရားဟောတဲ့ သာသနာ့ဘေးက သူတို့ အတွင်းမှာရှိတာကို ပြတာဘဲဖြစ်တယ်..
သူတို့သာသနာတွင်းမှာ ရှိတာတော့ သူတို့လုပ်ကြပေါ့…အပြင်မှာ ရှိတာလုပ်ဖို့
ဘာကြိုးစားဖို့လိုသလဲ?..

မင်းအာဏာဆိုတာကို သူတို့ရထားတယ်
ထင်လို့နဲ့တူပါတယ်..မင်းကသူ့စည်းဝိုင်းထဲနေပြီး..သူ့ကိုဆန့်ကျင်နေသူကိုသာ
အရေးယူပေးမှာ…ဒီလိုမဟုတ်ဘဲ…အရေးယူဖို့ပြောတိုင်း..အရေးယူတာကို
ဘယ်လုပ်မလဲ…လုပ်ရင်လည်းသူများနိုင်ငံက လက်ပိုက်ကြည့်နေကြမှာ မဟုတ်တာဘဲ..
ဝိုင်းဝန်းရှုတ်ချခံ ထိမှာဖြစ်တော့ လက်ရှောင်ရမှာပေါ့..

နောက်ဆုံးအနေနဲ့ အာဏာစက်သည် မသိသူ၊ မကျင့်သူ၊ မလွတ်မြောက်သူ လူများကိုသာ အာဏာထားခြင်းဖြစ်သည်.. တရားသည့်လူ့စည်းကမ်း၊ လူ့တန်ဖိုးကို ပြသောတရားဖြစ်သည်.. ဓမ္မစက် လှည်ပတ်နေသူသည်…အာဏာနှင့်လူသတ်မှတ်သောစည်းကမ်း အမျိုးမျိုးတို့သည်..ကင်းလွတ်ရမည်…

မှတ်ချက်…
ရွှက်မကြွေတောကျောင်း ဆရာတော်၏ပေးစာနှင့် ဦရွှေဘို၏ မြို့ပြလူနေမှု…စာအုပ်မှ.ပြန်လည်ကောက်နှုတ် ထားပါသည်…


About me dain

me dain has written 5 post in this Website..