မနက်ဖြန် ၂၇-၉- က World Tourism Day ပါ ။ မြန်မာနိုင်ငံ က ပထမဆုံး အကြီမ် အထိမ်းအမှတ် နေ့ လုပ်မည် ဖြစ်ပါသည် ။ဟိုတယ်ခရီး ၀န်ကြီး ဌာနမှ နေပြည်တော် တွင် အထိမ်း အမှတ် နေ့ အဖြစ် အစည်းအဝေး ခေါ်ထားကြောင်း သိရပါသည် ။ ဘာတွေ ဆုံးဖြတ်ချက်တွေ အဆိုအမိန့်တွေ လုပ်မည် မသိသော်လည်း ကထူးဆန်းကတော့ မိမိဘာသာ အဆိုတင်သွင်းလိုက်ပါသည် ။ :kwi:

(၁) credit card တွေ အမြန်ဆုံး သုံးစွဲ နိုင်ရေး နှင့် ထောင်မလဲ သဲကော် ငွေစက္ကူ သာ လက်ခံချင်သော နိုင်ငံ အဖြစ်မှ အမြန်ဆုံးကင်းလွတ်ရေး။

မြန်မာနိုင်ငံကို လာတဲ့ ဧည့်သည်တွေမှာ ဟိုတယ် ဈေးနုန်းတွေ တက်တာ ထက်အမြဲတမ်း ငြိုငြင်ခံရတဲ့ ကိစ္စပါ ။ သူတို့ နိုင်ငံမှာ မလာခင် us dollars အသစ်တွေ ရှာရတာ သူတို့ အတွက် ဒုက္ခ တစ်ခု ပါ ။ CB ဆို ရင် ဈေးလျော့တာ ၊ နဲနဲ နွမ်းရင် ၊ တံဆိပ်တုံး ပါနေရင် ၊ ခေါက်ရိုးကျိုး နေရင် ၊ ခဲခြစ်ရာ အမှတ်အသားပါနေရင် လက်မခံကြတာ ၊ ငွေ လဲလှယ် နုန်းလျော့ ပေးတာတွေ ဟာ သူတို့ကို စိတ် ဒုက္ခပေးပြီး နောက်ဆက်တွဲ အဆင်မပြေ မကျေချက်တွေ ပိုများ စေပါတယ် ။ကိုယ့်နိုင်ငံ ငွေစက္ကူတွေကျတော့ ဖာတစ်ရာ နဲ့ တိပ် နဲ့ ကိုင်ရ မှာ တောင် မသဒီ စရာ ဖြစ်နေတာ တွေ ကို တွေ့တော့ နိုင်ငံခြားသားများ နဲ့ ဆက်ဆံရတဲ့ ၀န်ထမ်းများ လည်း တော်တော် ဒုက္ခ ရောက်ပါတယ် ။ သူတို့ပေးတဲ့ ငွေ မယူလို့ နိုင်ငံခြားသားများရဲ့ ဆူပူခြင်းခံရပါတယ် ။ ယူမိလို့ အလုပ်ရှင် ရဲ့ ကြိမ်းမောင်းခြင်းခံရပါတယ် ။ နိုင်ငံခြားသားက တစ်ခါ ဘဲ တွေ့မှာ ။ အလုပ်ရှင်က နေ့တိုင်းတွေ့ရမှာ ဆိုတော့ အလုပ်ရှင် စကား နာယူပြီး လက်မခံကြတဲ့ အတွက် ဧည့်သည်များ ရဲ့ ဆူပူ ခြင်းများ နေ့စဉ်နီးနီး ခံကြရရှာပါတယ် ။

Credit Card မသုံးစွဲ နိုင်တဲ့ အတွက် ပိုက်ဆံ ယူလာရာမှာ စိတ်မချတာတွေ ၊ မလောက်မှာ စိုးရိမ်တာတွေ နဲ့ နိုင်ငံမှာလည်း ရသင့် သလောက် ၀င်ငွေ မရ ဖြစ်နေရပါတယ် ။ အခုတော့ ၂၀၁၃ လောက်ဆို credit card တွေ သုံးစွဲလို့ ရမယ် ဆိုပေမဲ့ ယုံရမှာလား ဟင် ဖြစ်နေရပါတယ် ။

ဘဏ်တွေမှာ ငွေ လဲလို့ ရနေပါပြီ အသံကောင်း ဟစ်နေတာ တနှစ် မကတော့ပါဘူး ။ လဲလို့တော့ ရပါတယ် ။ သတ်မှတ် ပမာဏ တစ်ခုဘဲရပါတယ် ။ လူတစ်ဦး တစ်ရာ နှစ်ရာ လောက်သာ ရပါတယ် ။ တစ်ခါ ကုမ္မဏီ မှတ်ပုံတင်ယူခဲ့ ဆိုပြီး တစ်ခါတော့ တစ်ထောင် လဲခွင့်ရပါတယ် ။ အဲ့ဒီလိုပုံနဲ့ အလုပ် ဘယ်လိုလုပ် ဘဏ်တွေကို ယုံကြည်ရမလဲဆိုတာ မသိပါဘူး ။

နိုင်ငံခြားကနေ ငွေလွှဲလို့ ရပြီဆိုလို့ မေးကြည့်တော့လည်း တစ်ရာ နှစ်ရာလောက်ပါတဲ့ ။ မနေ့ ကတော့ တစ်ထောင်လောက် အထိတော့ ရမယ် ပြောသံကြား လို့ အီးနံ့ရတဲ့ အကောင် လိုဘဲ ၀မ်းသာ အားရ စာရင်းဖွင့်ဖို့ လုပ်နေရပါတယ် ။ စာရင်းဖွင့်တော့လည်း ထုံးစံအတိုင်း တောင်းလိုက်တဲ့ စာရွက်စာတန်းတွေ ။ ကုမ္မဏီ အစည်း အဝေး ဆုံးဖြတ်ချက် ၊ မှတ်ပုံတင် ၊ Form 6 , 26 လျှောက်လွှာ ၊ အစုံပါဘဲ ။

အပြင်မှာကော ။ ဘယ်နိုင်ငံက လွှဲမလဲ ။ ဘယ်လောက် လဲမလဲ ။ ကြိုက်သလောက်လွှဲ ၊ ကြိုက်သလောက် ရောင်းလို့ ရနေပါတယ် ဆိုတော့ ၀န်ကြီးများ ကို လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမထုတ် တော့ဘူးလား လဲ သိချင်မိပါရဲ့ ။

ယနေ့ ပေါက်ဈေး ။ (၂၆-၉-၂၀၁၂)
အပြင်ဈေး .. 1 USD = 842 ကျပ် ။ ငွေလွှဲကောင်တာ ။ ၈၅၄ ကျပ် ။ sms message မှ ပို့သောဈေး= Forex USD rate= 862 kyats /

၂။ စစ်ဖြစ်နေသော ဒေသများမှ လွဲ၍ မြန်မာ တစ်နိုင်ငံလုံးသို့ လွတ်လပ်စွာ သွားလာခွင့်ရရေး ။ ၀င်ထွက်ခွင့်ရရှိရေး ။

မြန်မာနိုင်ငံ မှ တဆင့် (သို့) သို့ မှ တဆင့် အခြား အိမ်နီးချင်း နိုင်ငံများသို့ ၀င်ထွက် လိုသူများ ရှိပါတယ် ။
ဥပမာ – တာချီလိတ်က ၀င်ပြီး ရန်ကုန်မှ ပြန်ထွက် (သို့) မူဆယ် မှ တရုတ်ပြည် စသဖြင့် သွားလာ လိုသူများ ရှိပါတယ် ။ အချို့လည်း ရန်ကုန် မှ ၀င်ပြီး မြန်မာပြည်လည်ပါတ် ။ ကျိုင်းတုံ တာချီလိတ်မှ တဆင့် ချင်းမိုင် ၊ ထိုင်းနိုင်ငံ သွားချင်သူများလည်း ရှိပါတယ် ။ အဲ့ဒီလို ၀င်ထွက် သွားလာ နိုင်အောင် လုပ်ဆောင်ပေးသင့် သည့် အပြင် မြန်မာနိုင်ငံတွင်းမှာ သွားချင်လျှင် သွားခွင့် မရသေး (သို့) သွားခွင့် တင်ရတဲ့ ဌာနေ တွေ ရှိပါသေးတယ် ။ ဒါတွေလည်း ဖွင့် ပေးသင့်ပါပြီ ။

ရခိုင်ပြည်နယ်က သံတွဲ ငပလီ နဲ့ စစ်တွေ မြောက်ဦးကိုတော့ မာရှယ်လော ပြန်ရုတ်ပေးမယ်လို့ ကြားမိတဲ့ အတွက် တော့ ကြိုဆိုပါတယ် ။

၃။ ခရီးသွာ: အကြောင်းပြု လို့ မြေသိမ်းမှု့များ လျော့နည်း ရေး ။

ကထူးဆန်း ကတော့ ဥာဏ်ရည် နဲသူမို့ တစ်ကယ် နားမလည်နိုင်ပါဘူး။ ဟိုတယ် ဇုန်တွေ ဖော်မယ် ဆိုပြီး မြေသိမ်းဖို့ ကြံစည်နေတာကို ပါ ။
ဟိုတယ် တွေ မလို အပ်ဘူး မဟုတ်ပါ ။ လိုအပ်ပါတယ် ။ ဒါပေမဲ့ သူတို့ သိမ်းမဲ့ မြေဧက တွေ လောက် လိုပါ့မလားဆိုတာပါ ။ မန္တလေးဆိုရင် ဧက ငါးထောင်ကျော် ၊ အင်းလေး ဆိုရင်လည်း ဧက ရာချီ သိမ်းကြမှာပါ ။ ၀န်ထမ်းတွေ နေအိမ်ဆောက်ဖို့ ၊ ကျောင်းဆောက်ဖို့ ဘာညာ အကြောင်းစုံပြလို့ သိမ်းမလို့ လုပ်တာ တကယ် ကို နားမလည် နိုင်ပါဘူး ။ Sedona လို ဘက်ပြဲ ကြီး တည်ဆောက်ထားတဲ့ ဟိုတယ် က ၉ ဧက သာသာ ဘဲ ရှိပါတယ် ။ အထပ် ၁၂ထပ် ဆိုပေမဲ့ ၁၂ ထပ်မှာ ဘာအခန်းမှ မရှိပါဘူး ။ ထားပါ ။ အဲ့ဒီမှာ အခန်းရေ ၃၆၀ ကျော် ရှိပ်ါတယ် ။ တစ်ကယ်တော့ စဆောက်တုန်း က လေးရာကျော်ပါ ။ အခြေအနေ မကောင်းလို့ long stay apartment တွေ ထည့် လိုက်လို့ အခန်း ၃၆၀ ကျော် ဖြစ်သွားတာပါ ။ အဲ့ဒီလို အလုံးရေ တစ်ရာဘဲ ဆောက်ဦး ။ အခန်းရေ လေးထောင်ကျော် ထွက်လာမှာ ဖြစ်သလို ဧက ၉၀၀ သာ ကုန်မှာပါ ။ ဒါက ဆီဒိုနားလို ဘက်ပြဲဆောက်မှ ။ Traders လို သိုသိုသိပ်သိပ် business hotel အထပ်မြင့် ဆောက်မယ်ဆို ဒီလောက်တောင် မလိုပါဘူး ဆိုတော့ ကျန်တဲ့ ဧက တွေက ..

၎။ Outbound Tour Operator များ အမြန်ဆုံးခွင့်ပြုရေး

သိသလောက်တော့ မြန်မာ နိုင်ငံမှာ out bound tour operator လိုင်စင်များ ချမပေးထားပါဘူး ။ ယခု လက်ရှိလုပ်နေသူတွေ ဟာ တရားမ၀င်ပါဘူး ။ စည်းကမ်းလိုက်နာလို့ တရားဝင် ဘောင်ဝင် အရှုပ်အရှင်းကင်းစင်စွာ လုပ်ချင်သူ တွေမှာ လိုင်စင် ချပေးခြင်း မရှိသည့် အတွက် စည်းကမ်း မလိုက်နာ သူတွေ လုပ်ရဲသူတွေ လုပ်စား နေသလိုဖြစ်နေတာတွေကို စည်းဝင်ဘောင်ဝင် လုပ်ကိုင်ခွင့်များ ချပေးသင့်ပါသည်။

၅ ။ Visa Extension တိကျသော ၀ါဒ လမ်းညွှန်မှု့ နေရာ သတ်မှတ်ပေးရေး ။


မြန်မာ ပြည်မှာ အပျော်လွန်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်သွားသူများလည်း ရှိပါသည် ။ ထိုသူများ မှ visa extension လုပ်ဆောင်လိုသူများ အတွက် တိကျသော မှုဝါဒ ။ စည်းမျည်း ၊ နေရာ တို့ သတ်မှတ် လုပ်ဆောင်ပေးရန်လိုအပ်နေပါသည် ။ visa ကျော်လွန်နေသောကြောင့် ဟိုတယ်များ မှ လက်ခံခြင်း မပြု ကြပါ ။ ဟိုတယ်တွင် နေထိုင်လျှက် ရှိသူများ အား visa ရက်ကျော်လွန်နေသောကြောင့် ထွက်ခွာ ခိုင်းပါက ထွက်ခွာခြင်းမရှီ ဘဲ ဟိုတယ်များနှင့် စကားများ အနှောက်အယှက် ဖြစ်ကြပါသည် ။ airport တွင် တစ်ရက် သုံးဒေါ်လာ ပေး နေနိုင်သည် ဆိုကာ နေကြပါသည် ။ သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြား ခဲ့လျှင်လည်း အရေးယူ ဆောင်ရွက်ခြင်းမရှီပါ ။ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါလျှင်မှု visa ရက်ကျော်နေမှန်းသိလျှက် မည်သည့် အတွက်ကြောင့် လက်ခံရပါသလဲ ဆိုကာ ဟိုတယ်ငယ်ပိုင်ရှင်များ ဖြေရှင်းမရ အရစ်ခံရပါသည် ။

World Tourism Day အား ကြိုဆို ရေးသားလိုက်ပါသည် ။
:hee:

ခဲ နှင့် ပေါက်ကြပါ ။ :kwi:

About ကထူးဆန်း

has written 107 post in this Website..

   Send article as PDF