1 စွယ်တော်စေတီ အ၀င်ဝ

2 တိမ်တွေမိုင်းနေတဲ့ အောက်က စေတီ

3 စွယ်တော်ကိုစောင့်တဲ့ခြင်္သေ့

4ဖြူလွလွတိမ်တောင်ထု အောက်က စွယ်တော်

4 ကောင်းကင်ပြာ ပြာ စွယ်တော်စေတီက ၀ါဝါ

5 အဖြူမှာအပြာစွက်

6 ရွှေရောင်ဝင်းလဲ့စေတီနဲ့ ဖြူပြာလွင်တဲ့တောင်တန်း

7 ဖူးမဝ

8 အဖြူအမဲ လက်ဆော့ကြည့်တာပါ

9 ဒါကလဲ လက်ဆော့ချက်တစ်ခု

 

10 ပိုစတာပုံစံ ရိုက်ထားတာပါ

11 အရှေ့ဘက်က ဖူးမြင်ရတာပါ

12 တိမ်အလွင့်

13 အတွင်းကဆင်းတုတော်

14 တောင်ဘက်က မတ်ရပ်ကိုယ်တော်

15 ဖူးမျော်ကန်တော့

 

16 စေတီပေါ်က တိမ်အပြေး

17 တောင်ဘက်က ဆင်းတုတော်

18 မိုးပြန်အုံ့လာတဲ့ အချိန်လေး

19 အမှတ်တရအရောင်းဆိုင်လေး

20 ကျနော်ရဲ့လက်ဆော့ တဲ့ပုံကလေးပါ

 

“အပြာရောင်ကောင်းကင်အောက်မှ တောင်ကြီးက စွယ်တော်စေတီ-၄”

 

 

ရှမ်းကပွဲလေးကြည့်ပြီးလမ်းလျောက်ပြန်လာကြတဲ့အခါ မနက်ဆယ်နာရီကျော်ကျော်လောက်ဘဲရှိပါသေးတယ်။

အစောက ရွာနေတဲ့မိုးကလဲ တိတ်ပြီးကောင်းကင်ကြီးက ကြည်လင်ပြာလဲ့။

အောင်ပန်းသွားဘို့ကလဲ နေ့လည်တစ်နာရီမှာဆိုတော့ အချိန်တွေပိုနေသေးပါတယ်။

အဲဒါနဲ့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်တော့ စွယ်တော်ဘုရားက စိတ်ထဲရောက်လာပါတယ်။

ဈေးတောင်ဘက်က ကားဂိတ်ကို ကားမေးကြည့်တော့ အသွားနှစ်ထောင့်ငါးရာ။

အသွားအပြန်ဆိုရင် ဘုရားဖူးတာသိပ်မကြာရင်စောင့်ပေးမယ် အသွားအပြန်ဆိုရင်ငါးထောင်လို့ပြောပါတယ်။

ငါးထောင်မနှမျောပေမယ့် စောင့်ပေးမယ်ဆိုတာက သိပ်မကြာရင် စကားခံထားတော့ စိတ်ထဲမှာမလွတ်လပ်။

တောင်ဘက် ကားဂိတ်လေးကိုဆက်လျောက်တော့ “ကားထွက်တော့မယ် တစ်ယောက်၂၀၀” ဆိုတာနဲ့

တက်လို်က်ခဲ့ပါတယ်။

စွယ်တော်စေတီနားရောက်တော့ဆင်းပြီးရင်ပြင်ပေါ်တက်ခဲ့ပါတယ်။

ရင်ပြင်တော်ပေါ်ရောက်တော့ မဒမ်ပေါက်က  ဘုရားထဲဝင်သွားပါတယ်။

မိုးရွာထားတဲ့နေ့ဖြစ်တာ့ လူရှင်းပါတယ်။

မနက်တုံးက တောင်ခိုးတွေဝေနေခဲ့တဲ့ တောင်တန်းကြီးကလဲ ကြည်လင်စိမ်းစို။

အနောက်ဖက်ကိုလည်ပြန်ကြည့်လိုက်တော့ အပြာရောင်နောက်ခံမိုးသားကြီးရှေ့မှာ

အဖြူရောင်တိမ်လိပ်တွေက လေထဲမှာလွင့်လို့။

ရွှေရောင်တောက်နေတဲ့စေတီတော်ကို ဖူးမြင်ရတာကြည်နူးစရာ။

အဲတော့လဲ ထုံးစံအတိုင်းလက်ဆော့။

နောက်တော့မှ မဒမ်ပေါက်ရှိတဲ့ စေတီတော်ထဲဝင်လို့ မတ်ရပ်ကိုယ်တော်တွေကိုရိုက်ဖြစ်ပါတယ်။

ကဲ ဘုရားဖူးလိုက်ကြပါအုံးနော်။

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီးအောက်တိုဘာ ၎

12-10-21

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။