နိုးမထခဲ့နံနက်ခင်းလေး

ချစ်သူပေးသော အကြင်နာတစ်ချို့နဲ့

ရင်မှာတိတ်တခိုး ချစ်ခဲ့မိပါသည်……….

မပန်ထိုက်တဲ့ ပန်းတစ်ချို့

မျှော်ကိုးရင်း ရင်တွေခုန်

ကြွေချိန်တန် စောင့်စားရင်း

ယုယစွာ ထွေးပိုက်ခွင့် ရချင်မိတယ်လေ……….

အလွမ်းဆိုတဲ့ စကားသံ

ငါ့နားကလက်မခံခဲ့

ကာရံမဲ့တဲ့ အချစ်ည

မင်းမရှိတာ ရက်ပေါင်းလဲ ရှည်ကြာလို့

မနေနိုင် ငါ့ရင်ခွင်တစ်နေရာက

ထာဝရ တစ်ဘ၀အတွက်တော့

မင်းလေးတစ်ယောက်သာ

စိုးပိုင်မှု ရယူလှည့်တော့ ချစ်သူရာ…………

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..