တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း)

တိုက်ရိုက်ပါဝင်ပတ်သက်သော နိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ

သမိုင်းကြောင်းနဲ့ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေဟာ နိုင်ငံတခုချင်းရဲ့ မဟာဗျူဟာ တုန့်ပြန်ချက်များ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဘေဂျင်းရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာနဲ့အမျှ တောင်တရုတ်ပင်လယ်အရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေဟာ နယ်မြေပိုင်နက်အဆိုပြုချက်များကာကွယ်ရေးနဲ့ အင်အားကြီးအိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးတို့အကြားက ချိန်ခွင်လျှာညှိယူမှုတွေကို ပြုလုပ်လာကြရပါတယ်။ ဒီချိန်ခွင်လျှာညှိယူရမှုဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အတွက် အလွန်ပဲ ခဲယဉ်းလှပါတယ်။

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့အကြားမှာ (၂၀၀၉) ခုနှစ်ကစပြီး တင်းမာမှုတွေ ရှိနေပေမယ့် ဟနွိုင်းအနေနဲ့ အချုပ်အခြာဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မထိခိုက်သွားအောင် သံတမန်ဆက်ဆံရေးကို စနစ်တကျ စီမံခန့်ခွဲခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်၊ အလယ်ပိုင်းကစပြီး ဖိလစ်ပိုင်နိုင်ငံဟာ equally forceful position ကို ကျင့်သုံးခဲ့ပြီး၊ မလေးရှားနိုင်ငံကတော့ စီးပွားရေးဆက်နွယ်မှုကိုသာ အဓိက ထားခဲ့ပါတယ်။ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ စီးပွားရေးဟာ ပင်လယ်လုပ်ငန်းတွေအပေါ်မှာ အဓိက တည်မှီနေပြီး၊ ဗီယက်နမ်ရဲ့ စိးပွားရေးဟာ တောင်တရုတ်ပင်လယ်က စွမ်းအင်အရင်းအမြစ်တွေပေါ်မှာ မူတည်နေပါတယ်။ တင်းမာမှုတွေကြားမှာပဲ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အရင်းအမြစ်ထုတ်ယူသုံးစွဲရေး၊ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အင်အားကြီးအိမ်နီးချင်း နိုင်ငံနဲ့ ဆက်ဆံရေးအဆင်ပြေစေရေး စတာတွေကို မျှတအောင် ထိန်းသိမ်းဆောင်ရွက်နေကြရပါတယ်။

(က) ဗီယက်နမ်နိုင်ငံ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ

တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အဆိုပြု ရေပိုင်နက်တွေက အများအားဖြင့် တူညီနေပါတယ်။ ဒါကြောင့် တရုတ်နဲ့ ဗီယက်နမ်တို့ဟာ အချင်းချင်း အဓိကပြိုင်ဆိုင်သူများအဖြစ် သတ်မှတ်ရှုမြင်ထားကြပါတယ်။ (၁၉၇၄) ခုနှစ်နဲ့ (၁၉၈၈) ခုနှစ်တို့မှာလဲ နှစ်နိုင်ငံအကြား စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားခဲ့ဖူးပြီးသား ဖြစ်ပါတယ်။ ဒီစစ်ပွဲတွေအပြီးမှာ တရုတ်က Paracel Islands တွေကို သိမ်းပိုက်ခဲ့တာကြောင့် ဗီယက်နမ်လူမျိုးအများစုက တရုတ်ဟာ အချုပ်အခြာအာဏာဆိုင်ရာ အငြင်းပွားမှုတွေမှာ စစ်အင်အားသုံးဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။ ဒီလို ပဋိပက္ခအမွေဆိုးဟာ နှစ်နိုင်ငံလုံးက ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို နိုင်ငံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဆတ်ဆတ်ထိမခံ စိတ်တွေကို မြင့်မားစေပါတယ်။ ဗီယက်နမ်အမျိုးသားရေးစိတ်ဓာတ်ြပင်းထန်သူတွေက အစိုးရကို ဘေဂျင်းကို ရင်ဆိုင်ဖို့ ဖိအားပေးမှုတွေ ရှိပါတယ်။ တရုတ်ရဲ့ စစ်အင်အားက သာလွန်ပေမယ့် စစ်ရေးအရ ထိတွေ့မှုသာ ရှိလာခဲ့ရင် ဗီယက်နမ်ဘက်ကလဲ လွယ်လွယ်နဲ့ နောက်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ဆိုထားကြပါတယ်။

သို့ပေမယ့်လဲ ဗီယက်နမ်အနေနဲ့ တရုတ်နဲ့ စီးပွားရေးဆက်နွယ်မှုကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် သံတမန်ဆက်ဆံရေးကောင်းမွန်အောင် စနစ်တကျစီမံခန့်ခွဲ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တွေ့ရှိထားကြပါတယ်။ (၁၉၈၀) ကာလများကစပြီး တရုတ်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး၊ သွင်းကုန်များကို တရုတ်နိုင်ငံမှ အများဆုံး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ စက်မှုလက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတိုးတက်လာရေးအတွက် တရုတ်နိုင်ငံကတဆင့် ချေးငွေများနဲ့ ကုန်သွယ်ရေးသဘောတူညီချက်များ ရယူထားရပါတယ်။ ဗီယက်နမ်အခြေစိုက် စီးပွားရေးပညာရှင်များက တရုတ်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံကို ဖြိုဖျက်ချနိုင်စွမ်းရှိကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအရဆိုရင်လဲ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ၂၁ရာစုကမ္ဘာမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ ကွန်မြူနစ်တိုင်းပြည်များဖြစ်ြပီး၊ အုပ်ချုပ်နေတဲ့ ပါတီများအကြား တိုက်ရိုက်ဆက်သွယ်ရေး ရှိပါတယ်။ ကွန်မြူနစ်ပါတီက တာဝန်ရှိသူတွေအချင်းချင်း တိုက်ရိုက်ဆက်သွယ်လို့ရနေတဲ့အတွက် နှစ်နိုင်ငံအကြား မတော်တဆ စစ်ရေးထိတွေ့မှုဖြစ်ပွားခဲ့ရင်ေတာင် ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေရှိကြောင်း လေ့လာသူများက ဆိုထားကြပါတယ်။ သို့ပေမယ့်လဲ ဗီယက်နမ်အမျိုးသားရေးဝါဒီများက ဗီယက်နမ် ကွန်မြူနစ်ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီကို တိုင်းပြည်ရဲ့ အမျိုးသားစီးပွားတွေ ထိုးအပ်တယ်လို့ မမြင်သွားအောင် ဗီယက်နမ်ကွန်မြူနစ်ပါတီအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရတဲ့ အခြေအနေတွေလဲ ရှိပါတယ်။

(၂၀၀၉) ခုနှစ်မှာ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့ တွဲဖက်ပြီး တောင်တရုတ်ပင်လယ်ရေးရာ နယ်မြေပိုင်နက်အဆိုပြုချက်များကို UN Commission on the Limits of the Continental Shelf ကို တင်သွင်းလိုက်ချိန်မှာ တရုတ်နိုင်ငံက nine-dashed line map ကို ပြန်လည်တင်ပြခဲ့ပါတယ်။ ဒီမြေပုံအရ dashes နှစ်ခုဟာ ဗီယက်နမ်ရဲ့ exclusive economic zone (EEZ) ကို ဖြတ်တောက်ထားတာဖြစ်တဲ့အတွက် ဗီယက်နမ်တွေဘက်က စိုးရိမ်ပူပန်ကြောက်လန့်မှုတွေ ဖြစ်ပွားလာပါတယ်။ (၂၀၁၁)ခုနှစ်၊ မေလမှာ China Marine Surveillance ဌာနရဲ့ သင်္ဘောတစီးဟာ ဗီယက်နမ်ရဲ့ နိုင်ငံတော်ပိုင် စွမ်းအင်လုပ်ငန်းဖြစ်တဲ့ PetroVietnam က ပိုင်ဆိုင်တဲ့ oil and gas survey vessel ရဲ့ ကေဘယ်လ်ကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဇွန်လမှာပဲ တရုတ်ငါးဖမ်းသင်္ဘောတစီးက ဗီယက်နမ်ရဲ့ seismic survey vesselက ကေဘယ်လ်ကို ဖြတ်တောက်ပစ်လိုက်ပြန်ပါတယ်။ ဒီလို အခြေအနေတွေ ရှိတာကြောင့် ဗီယက်နမ်က ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ပြီး၊ ရုရှားကနေ စစ်ပစ္စည်းတွေ မှာယူတင်သွင်းလာပါတယ်။ အမေရိကန်နဲ့ ကာကွယ်ရေးအရ ဆက်နွယ်မှုတွေကို အားကောင်းလာအောင် မြှင့်တင်ပြီး၊ အာဆီယံအကူအညီနဲ့ ဒေသတွင်းနိုင်ငံရေးကို စတင်ကစားလာပါတယ်။ ဒါကြောင့် ဘေးဂျင်းက နှစ်နိုင်ငံဆက်ဆံရေးမှာ ပျော့ပြောင်းလာပြီး၊ သံတမန် ဆက်ဆံရေးကို တိုးမြှင့်လာပါတယ်။ တရုတ်ဘက်က ပြောင်းလဲလာတဲ့ ဆက်ဆံရေးအခြေအနေကြောင့် ဗီယက်နမ်ကလဲ တောင်တရုတ်ပင်လယ်အရေးကို အာဆီယံအနေနဲ့ ကိုင်တွယ်မယ်လို့ ကြွေးကြော်ထားရာက နှစ်နိုင်ငံအကြား သဘောတူညီမှု စာချုပ်တွေကို လက်ခံလာပါတယ်။ ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးက တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်ချိန်မှာ defence hotline တည်ထောင်ရေး အပါအဝင် အခြေခံသဘောတရားခြောက်ချက်ကို သဘောတူညီမှု ရရှိလာခဲ့ပါတယ်။

သို့ပေမယ့်လဲ (၂၀၁၂) ခုနှစ်၊ ဇွန်လမှာတော့ ဗီယက်နမ်က အငြင်းပွားရေပိုင်နက်မှာရှိနေတဲParacel နဲ့ Spratly Islands တွေအတွက် jurisdiction ရှိကြောင်း ဖော်ပြထားတဲ့ ရေကြောင်းဥပဒေတရပ်ကို ပြဌာန်းလိုက်ပါတယ်။ ဒီဥပဒေအရ ဗီယက်နမ်အာဏာပိုင်တွေကို အကြောင်းကြားပြီးမှသာ ဒီနယ်မြေထဲကို နိုင်ငံခြားစစ်သင်္ဘောတွေကို ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဒီဥပဒေကို ကန့်ကွက်ကြောင်း ချက်ချင်းကြေငြာခဲ့ပါတယ်။ တနေ့တည်းမှာပဲ တရုတ်နိုင်ငံက တရုတ်ဘာသာနဲ့ Yongxing Island လို့ခေါ်ဆိုတဲ့ Paracel’s Woody Island ပေါ်မှာ Sansha ဆိုတဲ့ မြို့တော်ကို တည်ထောင်ကြောင်းနဲ့ ဒီမြို့တော်ကနေ Paracels နဲ့Spratlys ကျွန်းတွေကို အုပ်ချုပ်မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒီမြို့တော်ကို ဗဟိုအစိုးရက တိုက်ရိုက်ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။

ဗီယက်နမ်အနေနဲ့ သူချမှတ်ထားတဲ့ ဥပဒေကို တရုတ်က ချိုးဖောက်လာပါက ပြည်သူလူထုရဲ့ အမြင်တင့်တယ်ဖို့အတွက် ပြန်လည်တုန့်ပြန်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ကလဲ အငြင်းပွားမှုဖြစ်ပွားရာ ဒေသမှာ အုပ်ချုပ်ရေးအာဏာ တိုးချဲ့ခြင်းအား သံတမန်ရေးအရကြည့်မယ်ဆိုရင် assertiveness ကို ပြသရာ ရောက်ပါတယ်။ နှစ်ဘက်စလုံးက သူတို့ရဲ့ ရွေးချယ်ခွင့်တွေကို ဘောင်ကျဉ်းစေတဲ့ မဟာဗျူဟာတုန့်ပြန်မှု ဂိမ်းတွေ ကစားနေကြကြောင်း မဟာဗျူဟာ ပညာရှင်များက မှတ်ချက်ပြုထားကြပါတယ်။

() ဖိလစ်ပိုင်နိုင်ငံ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ

(ပုံ ၉အငြင်းပွားရေပိုင်နက်တွင် တရုတ်နိုင်ငံက တည်ထောင်လိုက်သည့် Sansha မြို့တော်)

(၂၀၁၀) ခုနှစ်ကစပြီး၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံအကြားက တင်းမာမှုတွေ မြင့်မားလာပါတယ်။ (၂၀၁၀) မှာ တက်လာတဲ့ Aquino အစိုးရရဲ့ ရပ်တည်မှုဟာ provocative ဖြစ်တယ်လို့ တရုတ်က ရှုမြင်သုံးသပ်ထားပါတယ်။ (၁၉၉၄) ခုနှစ်မှာ တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်နိုင်ငံပိုင် Mischief Reef ကို တရုတ်က သိမ်းပိုက်ခဲ့ဖူးတဲ့ ဖြစ်ရပ်က တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်လူမျိုးတွေရဲ့ အတွေးအခေါ်တွေကို လွှမ်းမိုးထားပါတယ်။ ဒီကာလတွေမှာကတည်းက ဖိလစ်ပိုင်နိုင်ငံရေးသမားတွေအြကားမှာ သံတမန်နည်းလမ်းရဲ့ အားနည်းချက်တွေကို တွေ့မြင်ပြီး၊ ခေတ်မှီတပ်မတော် တိုးမြှင့်တည်ဆောက်ရေးအတွက် ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။

(၂၀၀၅) ခုနှစ်မှာ Joint Marine Seismic Undertaking (JMSU) သဘောတူညီချက်ရယူပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ် နိုင်ငံပိုင်ရေနံကုမ္ပဏီတွေက joint survey တခုကို တောင်တရုတ်ပင်လယ်အတွင်းမှာ လျှို့ဝှက်ပြုလုပ်ခဲ့ဖူးပါတယ်။ ဒီကိစ္စကို ဖိလစ်ပိုင်ပြည်သူတွေက သိရှိပြီး နိုင်ငံရေးအရ မီးမုန်တိုင်း ဖြစ်ခဲ့ပါတယ်။ JMSU ဟာ ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်တောင်းဆိုမှုကို အားပျောင့်စေတယ်ဆိုပြီး (၂၀၀၈) ခုနှစ်၊ ဇွန်လမှာ သက်တမ်းကုန်ဆုံးချိန်မှာ ထပ်မံတိုးမြှင့်ခြင်း မပြုတော့ပါဘူး။ နောက်ပိုင်းမှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က hydrocarbons တွေကို ရှာဖွေကြပေမယ့် တရုတ်နိုင်ငံက ဒါကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့အကြား လျှို့ဝှက်သဘောတူလုပ်တယ်လို့ ယူဆပြီး၊ တောင်တရုတ်ပင်လယ်မှာ ရေတပ်အင်အားကို ချဲ့လိုက်ပါတယ်။

(၂၀၁၁) ခုနှစ်၊ မေလမှာ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ Reed Bank မှာ seismic survey လုပ်နေတဲ့ ဖိလစ်ပိုင်သင်္ဘောကို တရုတ်ရဲ့ China Marine Surveillance သင်္ဘောနှစ်စင်းက နေရာကနေ အတင်းအကြပ် ထွက်ခွာခိုင်းခဲ့ပါတယ်။ ဖိလစ်ပိုင်ကလဲ အနောက်နိုင်ငံ ရေနံကုမ္ပဏီတွေနဲ့ ပူးတွဲလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဖိလစ်ပိုင်တနိုင်ငံကပဲ သယံဇာတတွေ ထုတ်ယူသွားမှုမျိုး ဖြစ်သွားမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် (၂၀၁၁) ခုနှစ်ထဲမှာတင် ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်သင်္ဘောတွေက နှောင့်ယှက်မှုတွေ ဆက်လက်ဖြစ်ပွားလာပါတယ်။ ဒါကို ဖိလစ်ပိုင်က တုန့်ပြန်တဲ့အနေနဲ့ တောင်တရုတ်ပင်လယ်ကို အနောက်ဖိလစ်ပိုင် ပင်လယ်အဖြစ် ဖိလစ်ပိုင်နိုင်ငံရဲ့ တရားဝင်ဆက်သွယ်ရေးမှာ အသုံးပြုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရက “what is ours is ours” လို့ ကြေငြာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အရေးကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပြီး၊ တောင်တရုတ် ပင်လယ်မှာ maritime boundary အဆိုပြုချက်များ ရှင်းလင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရေး၊ Peace, Freedom, Friendship and Cooperation ဇုန်များ တည်ဆောက်ရေး စတဲ့ ပရိုပိုဆာတခုကို (၂၀၁၁) ခုနှစ်မှာ အာဆီယံမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ထောက်ခံမှုမရရှိခဲ့ပါဘူး။ အာဆီယံနိုင်ငံများအချင်းချင်းအြကားက အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး အလွယ်တကူဖြေရှင်းလို့ ရနိုင်ကြောင်း ဖိလစ်ပိုင်က ယုံကြည်ထားပါတယ်။ ပြဿနာက တရုတ်နိုင်ငံဖြစ်ကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက အဆိုရှိပါတယ်။

ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး၊ တရုတ်နဲ့ ပတ်သက်တဲ့ “solid view” ကို အာဆီယံနိုင်ငံများအတွင်းမှာ ရဖို့ ခက်ခဲကြောင်း ဖိလစ်ပိုင်က လက်ခံထားတာကြောင့် ဒေသဆိုင်ရာနိုင်ငံရေးကစားကွက်ေတွနဲ့ တရုတ်ကို ရင်ဆိုင်တဲ့ မဟာဗျူဟာတုန့်ပြန်မှုတွေ ပြုလုပ်လို့ မဖြစ်နိုင်ကြောင်း ထင်မြင်ထားကြပါတယ်။ (၂၀၁၂)၊ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ Scarborough Shoal အရေးမှာတုန်းက ဖိလစ်ပိုင်နိုင်ငံက အကြီးဆုံးစစ်သင်္ဘောကြီးကို အခင်းဖြစ်ပွားရာဒေသကို လွှတ်ခဲ့ပါတယ်။ တရုတ်ဘက်ကလဲ Marine Surveillance vessels တွေ စေလွှတ်ပြီး ငါးဖမ်းသမားတွေဖမ်းဆီးမခံရအောင် ကာကွယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်သင်္ဘောအစား မနီလာက ကမ်းရိုးတန်းစောင့် သင်္ဘောတွေအစားထိုးပေးလိုက်ရပြီး၊ နှစ်ဘက် သင်္ဘောတွေဟာ နှစ်လကြာလောက် ရင်ဆိုင်ထိန်းချုပ်မှု ပြုလုပ်ထားခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြားက သံတမန်နည်းလမ်းဖြေရှင်းမှုတွေအားလုံး အလုပ်မဖြစ်ခဲ့ရုံမက စီးပွားရေးဆက်နွယ်မှုကိုပါ ထိခိုက်လာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက စီးပွားရေးသမားတွေကို မျိုးချစ်စိတ်ရှိကြဖို့နဲ့ တိုင်းပြည်အတွက် လိုအပ်လာရင် ဘယ်သူမဆို စွန့်လွှတ်အနစ်နာခံဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးလျော့ကျအောင်လဲ ကြိုးပမ်းခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေချိန်မှာ ဖိလစ်ပိုင်အစိုးရဟာ တရုတ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေဆဲမှာပဲ အာဆီယံကို ပါဝင်ကူညီပေးဖို့ တောင်းဆိုမှုတွေ၊ UNCLOS အရ လုပ်ဆောင်နိုင်မယ့် အရာတွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နဲ့ စစ်ရေးထိတွေ့မှုဖြစ်လာခဲ့ရင် guarantee of assistance ပေးဖို့အတွက် အမေရိကန်ကိုလဲ အကူအညီ တောင်းခံခဲ့ပါတယ်။ ဖြစ်ပွားချိန်က စတင်ပြီး ယနေ့အချိန်အထိ “Scarborough Shoal” အနီးတဝိုက်မှာ တရုတ်နိုင်ငံရဲ့ law enforcement vessels တွေ နေရာယူဖြန့်ကျက်ထားတာကို လုံးဝမရုတ်သိမ်းတော့ပါဘူး။ တရုတ်စစ်ရေးကျွမ်းကျင်သူတွေက ဒီမဟာဗျူဟာကို “Scarborough Shoal” model လို့ ခေါ်ဝေါ်သုံးစွဲလာကြ ပါတယ်။ ဖိလစ်ပိုင်အနေနဲ့ စစ်ရေးထိတွေ့မှုထက်စာရင် Mischief Reef တုန်းကလိုမျိုး နေရာယူ သိမ်းပိုက်ထားတာမျိုး ဖြစ်လာမှာကို ပိုပြီး စိုးရိမ်ဟန်တူကြောင်း ပညာရှင်များက ထောက်ပြထားကြပါတယ်။

() မလေးရှားနိုင်ငံ၏ မဟာဗျူဟာတုန့်ပြန်မှုများ

မလေးရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြားမှာတော့ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ မရှိပါဘူး။ (၂၀၀၉) ခုနှစ်မှာ ဗီယက်နမ်နဲ့ တွဲပြီး UN Commission on the Limits of the Continental Shelf ကို အဆိုပြုချက်တင်သွင်းမှုနဲ့ ပတ်သက်ပြီး၊ သံတမန်ဆက်ဆံရေးမှာ အနည်းငယ်ထစ်ငေါ့သွားပေမယ့် နှစ်နိုင်ငံအကြား ဆက်ဆံရေးက တည်ငြိမ်ပါတယ်။ စီးပွားရေးအရ ဆက်နွယ်မှု အားကောင်းတဲ့ အချက်အပြင်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားရေးဝါဒအရ တရုတ်ကို အရေးယူရန် တောင်းဆိုမှုတွေနဲ့ အလားသဏ္ဍာန်တူ တောင်းဆိုမှုမျိုးတွေကို မလေးရှားပြည်သူတွေက ပြုလုပ်ခြင်း မရှိထားပါဘူး။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ရင် မလေးရှားက ဆိတ်ဆိတ်ငြိမ်လေ့ရှိပါတယ်။ ဒါကို သံတမန်စကားအရ relatively restrained stance မှာ ရပ်တည်တယ်လို့ သတ်မှတ်ခေါ်ဝေါ်နိုင်ပါတယ်။ တောင်တရုတ်ပင်လယ်အရေးမှာ အဖြေရှာလိုခြင်းရှိပေမယ့်၊ မလေးရှားအနေနဲ့က ဒီကိစ္စဟာ အဓိက အရေးမဟုတ်ပါဘူး။ မလေးရှားနိုင်ငံရေးသမားတွေနဲ့ ပြည်သူအကြားမှာ ရေကြောင်းအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အဓိကအာရုံထားနေတဲ့အရေးက အင်ဒိုနီးရှားနဲ့ ဖြစ်ပွားနေတဲ့ အရေးဖြစ်ပါတယ်။ စီးပွားရေးအရလဲ မလေးရှားရဲ့ စီးပွားရေးက တရုတ်ကို မှီခိုထားနေရပါတယ်။ တရုတ်ရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို အနှောင့်အယှက်ဖြစ်စေခြင်းနဲ့ ခရီးသွားလာမှု သပိတ်မှောက်ခြင်းဟာ မလေးရှားရဲ့ စီးပွားရေးအဆောက်အအုံကို ဖြိုဖျက်လိုက်ခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဒီလို စီးပွားရေးအခြေအနေအရ တရုတ်နဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းထားပေမယ့်၊ စစ်ရေးအရ ဆက်နွယ်မှုမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်နွယ်မှု အားကောင်းလာအောင် လျှို့ဝှက် တိုးမြှင့် ဆောင်ရွက်လာပါတယ်။ သို့ပေမယ့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ထိပ်တိုက်တွေ့ခြင်းဖြစ်လာမှာကိုတော့ စိုးရိမ်လျက်ရှိပါတယ်။ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ဘေဂျင်းကို ပြင်းပြင်းထန်ထန် ဝေဖန်နေဆဲကာလတွေမှာပဲ မလေးရှားဝန်ကြီးချုပ်က တရုတ်နိုင်ငံအနေနဲ့ အခြေအနေကို ကောင်းမွန်စွာ ထိန်းကျောင်းစီမံနေကြောင်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

သို့ပေမယ့်လဲ Kuala Lumpur အနေနဲ့ တရုတ်နဲ့ နီးစပ်တယ်လို့ အရှေ့တောင်အာရှနိုင်ငံများက မစွပ်စွဲအောင် သတိနဲ့ ထိန်းထိန်းသိမ်းသိမ်းနေရတဲ့ အခါတွေလဲ ရှိပါတယ်။ ဖိလ်ပိုင်နိုင်ငံက မလေးရှားနိုင်ငံဟာ တရုတ်နဲ့ လျှို့ဝှက်သဘောတူညီမှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲမှုတွေ ရှိပေမယ့်၊ ဝါရှင်တန်နဲ့ ဘေဂျင်းကို equidistant relationships တည်ဆောက်ထားတာကြောင့် မလေးရှားနိုင်ငံဟာ တရုတ်ရဲ့ စစ်ရေးမဟာမိတ် ဖြစ်လာနိုင်ချေမရှိကြောင်း မဟာဗျူဟာ ပညာရှင်များက ခန့်မှန်း ပြောဆိုထားကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၃၊ ၁၀၊ ၂၀၁၂)

=============================================

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း)

သွယ်ဝိုက်ပါဝင်ပတ်သက်သော နိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ

တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိပေမယ့် တောင်တရုတ် ပင်လယ်မှာ အကျိုးစီးပွားရှိနေတဲ့ အခြားနိုင်ငံများကလဲ သွယ်ဝိုက်ပါဝင်ပတ်သက်လာပြီး၊ မဟာဗျူဟာအရ တုန့်ပြန်ချက်တွေ ရှိပါတယ်။ ထင်ရှားတဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပါတယ်။

() အမေရိကန်နိုင်ငံ၏ မဟာဗျူဟာတုန့်ပြန်ချက်များ

တောင်တရုတ်ပင်လယ်ရဲ့ geostrategic significance ဟာ အမေရိကန်နိုင်ငံအတွက် ထည့်သွင်းမစဉ်းစားပဲ နေလို့ မရနိုင်တဲ့ အရေးဖြစ်ပါတယ်။ တရုတ်လူမျိုး (.) ဘီလီလျံ၊ အရှေ့တောင်အာရှက လူမျိုး သန်းခြောက်ရာနဲ့ အိန္ဒိယလူမျိုး (.) ဘီလီလျံ စတဲ့ သန်းပေါင်းများစွာသော လူတွေ ကျင်လည်ကျက်စားနေတဲ့ တောင်တရုတ်ပင်လယ်ဟာ ၂၁ရာစုကမ္ဘာ့စီးပွားရေးအဆောက်အအံုရဲ့ demographic hub ဖြစ်ပါတယ်။ တရုတ်ရဲ့ တွက်ချက်မှုတွေ မှန်ကန်ခဲ့မယ်ဆိုရင် တောင်တရုတ်ပင်လယ်ကနေ ရေနံပမာဏ 130 billion barrels ထက်ပိုပြီး ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်တရုတ်ပင်လယ်ကို “the second Persian Gulf.” အနေနဲ့ တင်စားပြောဆိုထားကြပါတယ်။ တောင်တရုတ်ပင်လယ်ကိုသာ တရုတ်က ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် မလက္ကာရေလက်ကြား၊ Sunda ရေလက်ကြားနဲ့ Lombok ရေလက်ကြားတွေနဲ့ပတ်သက်တဲ့ မဟာဗျူဟာ အားနည်းချက်တွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ကြည့်မယ်ဆိုရင် မဟာဗျူဟာ အားနည်းချက်တွေကို တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ပြီး ကျော်လွှားနိုင်တယ်ဆိုပေမယ့် အမေရိကန်နိုင်ငံ ဘက်က ကြည့်မယ်ဆိုရင်တော့ တောင်တရုတ်ပင်လယ်ကို တရုတ်က ထိန်းချုပ်လိုက်တဲ့အခါ ပင်လယ်ရေကြောင်း ဆိုင်ရာ freedom of navigation ကို ထိခိုက်တော့မှာ ဖြစ်ပါတယ်။ ဒါကို ထိခိုက်လာတာနဲ့ အမေရိကန်ရဲ့ preeminence ကို (အထူးသဖြင့် naval primacy) ကို ဆက်လက်ထိခိုက်တော့မှာ ဖြစ်ပါတယ်။

တကယ်တော့ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်ကပဲဖြစ်ဖြစ်၊ တရုတ်ကပဲဖြစ်ဖြစ် လွှမ်းမိုးချုပ်ကိုင် လိုက်လို့ ဘယ်အာရှနိုင်ငံအတွက်မှ အကျိုးကျေးဇူးဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တောင်တရုတ် ပင်လယ်မှာ တရုတ်ရဲ့ ထိန်းချုပ်မှုကို ချိန်ခွင်လျှာညှိနိုင်ဖို့ status quo အတွက် အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုလိုအပ်တယ်လို့လဲ အာရှနိုင်ငံများရဲ့ မဟာဗျူဟာပညာရှင်များက ယူဆထားကြပါတယ်။ ဒါကြောင့်လဲ (၂၀၁၁) ခုနှစ်၊ နိုဝင်ဘာလမှာ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဒေသတွင်းခရီးစဉ်အတွင်း နိုင်ငံအားလုံးဟာ တူညီတဲ့ set of rules တွေနဲ့ ကစားနေကြတာပါလို့ ဆိုသွားခဲ့ဖူးတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့အတွက် တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာ့ပါဝါဂိမ်းပြိုင်ပွဲကျင်းပရာ ကွင်းပြင်ဖြစ်လာနိုင်တယ်လို့လဲ အချို့မဟာဗျူဟာပညာရှင်များက သုံးသပ်ထားကြပါတယ်။ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်ထိန်းချုပ်မှုဟာ အရှေ့အာရှမှာ တည်ဆောက်ပြီးသားဖြစ်နေတဲ့ အမေရိကန်ရဲ့ superpower status ကို မလွဲမသွေ စိန်ခေါ်မှု ဖြစ်လာနိုင်စေလို့ပါပဲ။ တရုတ်နဲ့ အိန္ဒိယတို့အကြားက ဒေသတွင်းအားပြိုင်မှုရဲ့ အချက်အချာဒေသဟာ ဘင်္ဂလားပင်လယ်အော်နဲ့ မလက္ကာရေလက်ကြားဖြစ်ပြီး၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်မှုကတော့ တောင်တရုတ်ပင်လယ်ကို ဗဟိုပြုပါတယ်။

အာရှတိုက်ကို မဟာဗျူဟာအရ ဗဟိုပြုရန် လိုအပ်ချက်ကို အမေရိကန်မဟာဗျူဟာပညာရှင်များက ဆွေးနွေးနေခဲ့ကြတာ (၂၀၀၁) ခုနှစ် Quadrennial Defense Review မှာကတည်းက ဖြစ်တဲ့အတွက် ဆယ်စုနှစ်တခုကျော်ရှိခဲ့ပါပြီ။ အိုဘားမားအုပ်ချုပ်ရေးကာလမှာ bipartisan U.S. National security policy ကို တိုးမြှင့်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမယ့် ဝါရှင်တန်မဟာဗျူဟာအသိုင်းအဝိုင်းက ဒီလို pivot ကို တရုတ်က အားပေးလက်ခံမှာ မဟုတ်ကြောင်း ယူဆထားကြပါတယ်။

သို့ပေမယ့် ချမှတ်ထားဆဲ မဟာဗျူဟာတွေအရဆိုရင် အမေရိကန်အနေနဲ့က ပင်လယ်ရေကြောင်းနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေထက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး လိုလားဟန်ရှိနေပါတယ်။ sea services တွေဖြစ်တဲ့ အမေရိကန်ရေတပ်၊ မရင်းတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တွေဟာ ရေတပ် အသုံးစရိတ်ကြီးမားမှုရဲ့ အကျိုးဆက်တွေကို သတိပြုမိနေကြပြီး၊ အချို့ sea lanes of blights ကိစ္စရပ်တွေဖြစ်တဲ့ အကြမ်းဖက်မှု၊ ပင်လယ်ဓားပြနဲ့ မူးယစ်ဆေးကုန်ကူးမှု၊ လူကုန်ကူးမှု၊ လက်နက်ကုန်ကူးမှုစတာတွေကို တားဆီးနှိမ်နင်းရေးတွေမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး လိုလားကြပါတယ်။ U.S. Fleet ဟာ ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်ပေမယ့် “connective tissue of the international system,” သာဖြစ်သင့်ကြောင်း ယူဆမှုတွေ ပေါ်ထွက်လာပြီး၊ သမုဒ္ဒရာနှစ်ခုရဲ့ ဆုံချက်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ international maritime cooperation ဖြစ်တည်လာဖို့သာ အရေးကြီးကြောင်း ရေတပ်မဟာဗျူဟာ ပညာရှင်များက တွက်ချက်ထားကြပါတယ်။

အမေရိကန် sea services တွေက (၂၀၀၇) ခုနှစ်မှာ ရေးဆွဲထားတဲ့ A Cooperative Strategy for 21st Century Seapower (CS-21) ဟာ ယနေ့လက်ရှိအခြေအနေအထိ အသက်ဝင်ဆဲပဲ ရှိပါသေးတယ်။ ဒီမဟာဗျူဟာအရ ပစိဖိတ်အနောက်ပိုင်းနဲ့ အိန္ဒိယသမုဒ္ဒရာ၊ ပါရှန်းပင်လယ်ကွေ့ဒေသတွေဟာ အမေရိကန်ရဲ့ maritime power အတွက် အဓိကကျတဲ့ theaters တွေ ဖြစ်ပါတယ်။ CS-21 မဟာဗျူဟာမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ like-minded nations တွေနဲ့ ပူးပေါင်းပြီး၊ ကမ္ဘာ့ပူးပေါင်းဆက်နွယ်မှု စနစ် ပိုမိုခိုင်မာတောင့်တင်းလာအောင် ကာကွယ်စောင့်ရှောက်မယ်လို့ ပါရှိပါတယ်။

(ပုံ၁၀အမေရိကန်ရဲ့ CS 21 မဟာဗျူဟာ မျက်နှာဖုံးပုံ)

အမေရိကန်ရဲ့ ဒီမဟာဗျူဟာရည်မှန်းချက်ကို တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ထားပါတယ်။ ဘေဂျင်းအနေနဲ့ သူ့အနီးဝန်းကျင်က ရေပိုင်နက်တွေမှာ အမေရိကန်က ပါဝင်ပတ်သက်နေမှုကို တရုတ်နိုင်ငံကို containment လုပ်ဖို့ ကြိုတင်ပြင်ဆင်နေတာလို့ ယူဆပါတယ်။ ဒါကြောင့်လဲ အာရှနိုင်ငံများနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မယ့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့တခု ပေါ်ထွန်းလာရေးကို တရုတ်နိုင်ငံက မလိုလားပါဘူး။ ဒေသတွင်းလုံခြုံရေးဝန်းကျင် (security environment) ရဲ့ အနေအထား ပြောင်းလဲသွားမှာကို တရုတ်က စိုးရိမ်ပူပန်ပါတယ်။

အမေရိကန်ရဲ့ Maritime Strategy ဟာ navigational freedoms တခုတည်းပေါ်မှာ မူတည်ထားတာ မဟုတ်ပါဘူး။ ယူကေနိုင်ငံ၊ လန်ဒန်ဘုရင့်ကောလိပ်က ပါမောက္ခ Geoffrey Till ဆိုခဲ့သလိုပဲ “Maritime” ဆိုတဲ့စကားလုံးဟာ “naval” ဆိုတဲ့ စကားလုံးထက် ပိုပြီးကျယ်ပြန့်ပါတယ်။ စစ်ကာလမဟုတ်တဲ့အချိန်မှာ Maritime Strategy ဆိုတာ “good-order-at-sea” missions တွေ ပေါင်းစပ်ပါဝင်ပါတယ်။ ဒါကြောင့် Maritime Strategy ကို အကောင်အထည်ဖော်ဆောင်ရာမှာ ရေတပ်သာမက non-military services တွေဖြစ်တဲ့ ကမ်းရိုးတန်းစောင့်တပ်၊ ထောက်လှမ်းရေးအေဂျင်စီများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ အကောက်ခွန်ဌာနများ၊ နယ်စပ်လုံခြုံရေးဌာနများကပါ ပါဝင်ဆောင်ရွက်လေ့ ရှိကြပါတယ်။ အမေရိကန်ရဲ့ CS-21 မဟာဗျူဟာက ဒီသဘောတရားအပေါ်မှာ အခြေပြုထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ Homeland Security ဌာနတို့ကလဲ National Strategy of Maritime Security (NSMS) ရေးဆွဲထုတ်ပြန်ပြီး maritime security ဆိုတာ ရေတပ်အင်အားတဲ့ ပိုပြီး ကျယ်ပြန့်ကြောင်း ဖော်ပြထားကြပါတယ်။ National Strategy of Maritime Security (NSMS) ထဲမှာ Narrow seas ဆိုတဲ့ ကဏ္ဍတခုပါဝင်ပါတယ်။ အဓိကဖော်ပြထားချက်ကတော့ တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာအကြားမှာ portal ဖြစ်နေတဲ့ မလက္ကာရေလက်ကြားဖြစ်ပါတယ်။ ဒီလိုရေလက်ကြားတွေကို အရေးပေါ်အခြေအနေမှာ ပိတ်ဆို့ဖို့ လိုအပ်ကြောင်းထည့်သွင်းဖော်ပြထားပါတယ်။ သို့ပေမယ့်လဲ ဒီမဟာဗျူဟာမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အခြားနိုင်ငံများရဲ့ အစိုးရများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး maritime security စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရန် အချက်ကိုလဲ ထည့်သွင်းထားပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လက်ရှိအခြေအနေအထိမှာ အမေရိကန်ရဲ့ Maritime strategy နှစ်ရပ်စလုံးဟာ cooperation ကို ဦးတည်ပြီး၊ confrontation ကို ဦးတည်ခြင်း မရှိတာကြောင့် တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်က စတင်ပြီး စစ်ရေးထိတွေ့မှု လုပ်ဆောင်လာဖွယ်မရှိနိုင်ကြောင်း မဟာဗျူဟာပညာရှင်များက သုံးသပ်ထားပါတယ်။

သို့ပေမယ့်လဲ (၂၀၀၉) ခုနှစ်မှာ တင်းမာမှုတွေ ပြင်းထန်လာချိန်ကစတင်ပြီး တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်က အဓိက အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်လာအောင် အရှေ့တောင်အာရှနိုင်ငံများရဲ့ ကြိုးပမ်းမှုတွေ ပေါ်ထွက်လာပါတယ်။ ဝါရှင်တန်နဲ့ ဟနွိုင်းတို့အကြားက ဆက်ဆံရေးနွေးထွေးလာမှု အခြေအနေတွေ၊ ဝါရှင်တန်နဲ့ မနီလာအကြားက စစ်ရေးမဟာမိတ်အခြေအနေတွေကလဲ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အခန်းကဏ္ဍကို မြင့်မားနေစေပါတယ်။ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိတဲ့ စင်ကာပူနိုင်ငံကလဲ ဒေသတွင်းမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍမြင့်မားရေးအတွက် လူသိရှင်ကြား လိုလားဟန်ပြထားပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေက သက်ဆိုင်ရာနိုင်ငံတွေအတွက် အကျိုးကျေးဇူးရှိပေမယ့် အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ပြိုင်ဆိုင်မှုတွေ ကြီးထွားလာအောင် တွန်းပို့နေသယောင် ဖြစ်လာပါတယ်။

(၂၀၁၁)ခုနှစ်မှာ အာရှနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ strategic landscape ပြောင်းလဲလာမှုအပေါ်မှာ မနီလာက ဝါရှင်တန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအထိ ဖြစ်လာစေရန် မျှော်မှန်း ထားပြီး၊ ဗီယက်နမ်က ဒေသတွင်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု ပိုမိုကြီးမားလာပြီး တရုတ်ကို counter-balance လုပ်နိုင်ဖို့အထိ မျှော်မှန်းလာကြပါတယ်။ တချိန်တည်းမှာပဲ အာဆီယံနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ သံသယဖြစ်မှုတွေ ပိုမိုများပြားလာပါတယ်။ သို့ပေမယ့် အမှန်တကယ်သာ အမေရိကန်နဲ့ တရုတ်တို့အကြား strategic rivalry ဖြစ်လာခဲ့ရင် အရှေ့တောင်အာရှနိုင်ငံများအနေနဲ့ အင်အားကြီးနှစ်နိုင်ငံအကြားမှာ ဘယ်လိုက်ရွေးချယ်ရမှုကို ရှောင်ရှားမရတဲ့ ပြဿနာဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်တဲ့ နိုင်ငံတွေလဲ ရှိလာကြပါတယ်။

() အခြားနိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ

ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံများက ဂျပန်၊ တောင်ကိုးရီးယားနဲ့ ဩစတြေးလျနိုင်ငံများရဲ့ ထောက်ခံမှုရစေရန် ကြိုးပမ်းမှုများလဲ ပေါ်ထွက်လာပါတယ်။ (၂၀၁၁) ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းမှာ ဖိလစ်ပိုင်သမ္မတက ဂျပန်နိုင်ငံကို သွားရောက်ပြီး၊ ဖိလစ်ပိုင်ကမ်းရိုးစောင့်တပ်ကို လေ့ကျင့်သင်တန်းပေးရေးနဲ့ လိုအပ်သော စက်ကိရိယာများတပ်ဆင်ရေးတို့အတွက် ထောက်ပံ့မှုတွေ ရရှိခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အရေးကို rules-based regime နဲ့ ဖြေရှင်းဖို့ လိုအပ်ကြောင်းနဲ့UNCLOS ရဲ့ ဆုံးဖြတ်ချက်များကို လိုက်နာသင့်ကြောင်း နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ပါတယ်။

(၂၀၁၁) ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်းမှာ တောင်ကိုးရီးယား သမ္မတ Lee Myung-Bak ရဲ့ မနီလာခရီးစဉ်မှာလဲ ဖိလစ်ပိုင် စစ်တပ်ကို ခေတ်မှီတိုးတက်သော တပ်အဖြစ် အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ဖို့ ဖိလစ်ပိုင်သမ္မတက တောင်းဆိုခဲ့ပါတယ်။ (၂၀၁၂) ခုနှစ်၊ မေလမှာလဲ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်စစ်တပ်ဟာ ဩစတြေးလျနိုင်ငံရဲ့ search-and-rescue vessels များ ထောက်ပံ့ပေးမှုကို စောင့်မျှော်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံကလဲ ပါဝါရှိတဲ့ နိုင်ငံတနိုင်ငံတည်းနဲ့ နီးစပ်မှု မဖြစ်သွားစေရန် ချမှတ်ထားတဲ့ “three no’s” policy အရ အိန္ဒိယနဲ့ ရုရှားတို့နဲ့ ဆက်ဆံရေးအဆင်ပြေစေရန် ကြိုးပမ်းမှုတွေ ပြုလုပ်လာပါတယ်။ (၂၀၁၁) ခုနှစ်၊ စက်တင်ဘာလမှာ အငြင်းပွားရေပိုင်နက်ကို လေ့လာရန် အိနိ္ဒယနိုင်ငံနဲ့ သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ အောက်တိုဘာလမှာ ဂျပန်နိုင်ငံနဲ့ defence cooperation initiative စတင်ခဲ့ပါတယ်။ ဟနွိုင်းက ရုရှားနိုင်ငံကိုလဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးမှာပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ကြားထားပြီး၊ ဩစတြေးလျနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင်လဲ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး သွယ်ဝိုက်ပါဝင်ပတ်သက်လာတဲ့ နိုင်ငံအများအနေနဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခြင်းမရှိရအောင် တဘက်က ထိန်းရင်း၊ အခြားတဘက်ကလဲ အငြင်းပွားမှုထဲမှာ တိုက်ရိုက်ပါဝင်နေတဲ့ နိုင်ငံများနဲ့ စစ်ရေး၊ သံတမန်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို အားဖြည့်လာကြောင်း သိသာထင်ရှားပါတယ်။ တောင်တရုတ်ပင်လယ်မှာ စစ်ရေး ထိတွေ့မှုတွေ ဖြစ်ပွားလာမလား၊ ရှောင်ရှားနိုင်မလား၊ ဘယ်အချိန်မှာ စစ်ရေးထိတွေ့မှုတွေ စတင် လာမလဲဆိုတာကို ဘယ်သူမှ သေချာတပ်အပ်မပြောနိုင်ကြပေမယ့် စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားစေနိုင်မယ့် အလားအလာရှိသော triggers များကိုတော့ ပညာရှင်များက လေ့လာဖော်ထုတ်ထားကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၄၊ ၁၀၊ ၂၀၁၂)

About kai

Kai has written 1006 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.